ယခုအခါ Covid-19 Omicron မျိုးစိတ်သည် ကူးစက်နှုန်းမြန်ဆန်ပြီး ဖြစ်ပွားမှုနှုန်းမှာလည်း MOHS စစ်ဆေး တွေ့ရှိချက်အရ တစ်နေ့ထက်တစ်နေ့ များပြားလာသည့်အတွက် Covid-19 Omicron ကူးစက်ပျံ့ပွါးမှုမှ စနစ်တကျကြိုတင် ကာကွယ်သင့်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏ရောဂါဓါတ်ခွဲစစ် ဆေးမှု အဖြေထုတ်ပြန်ချက်များအရ Covid-19 ကူးစက်ရောဂါပိုး Positive တွေ့ရှိရသောလူဦးရေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ရုံးချုပ်ဘဏ်ခွဲ၊ဌာနများနှင့် ဘဏ်ခွဲအသီးသီးတို့ရှိ အရာထမ်း၊ဝန်ထမ်းများ အန္တရာယ်ကင်းစွာ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ရုံးချုပ်နှင့် ဘဏ်ခွဲအသီးသီးနှင့် အသုံးပြုလျက်ရှိသော ဘဏ်ပိုင် မော်တော်ယာဉ်များအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းအား နေ့စဉ်မပျက်မကွက် (မပျက်မကွက်) ဆောင်ရွက်ခဲ့ပါသည်။
မြန်မာအရှေ့တိုင်းဘဏ် (MOB) သည် မိမိဘဏ်ဝန်ထမ်းများနှင့် Customers များအား ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာအရှေ့တိုင်းဘဏ် (MOB) ဝန်ထမ်းများကို Customers များအား ဝန်ဆောင်မှုပေးရာတွင် ရောဂါကူးစက်မှုမှ ကင်းဝေးပြီး ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျှက်ရှိပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ • Prevention is better than cure...
Mask တပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါ။ #တစ်ဦးကိုတစ်ဦး အသိပေးပါ။ သတိပေးပါ။ ကျန်းမာပျော်ရွှင်သော နေ့စဉ်ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ!
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံးမှ Coronavirus Disease (COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ လမ်းညွှန်မှုဖြင့် COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ COVID-19 Vaccination Fund ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် မြန်မာကျပ်ငွေ စာရင်းအမှတ် OA 013733 နှင့် နိုင်ငံခြားစာရင်းအမှတ် EDC 600012...