ဘဏ်အာမခံ (Performance/ Bid Bonds/ Trade)

  • အစိုးရတန်ဒါများအား ဝင်ရောက်ယှဉ်ပြိုင်မှုများအတွက် ဘဏ်အာမခံပေးခြင်းနှင့် ကုန်ပစ္စည်းများ ဝယ်ယူခြင်း အတွက် ငွေသားအာမခံယူခြင်း ဝန်ဆောင်မှု
  • အာမခံလျှောက်ထားရန် နည်းလမ်း (၂) ခုရှိပါသည်။ ပိုင်ဆိုင်မှုတင်ပြခြင်းနှင့် MOB ရှိ ငွေစုဘဏ်စာရင်းထဲ သို့ လုံလောက်သည့် ငွေပမာဏထည့်သွင်းခြင်းဖြစ်ပါသည်။

အတိုးနှုန်းနှင့်ဝန်ဆောင်ခနှုန်းထား

(၆) လ ဝ.၅%
(၁၂) လ ၁%

လိုအပ်သောစာရွက်စာတမ်းများ

  • မှတ်ပုံတင်မိတ္တူ ၊ အိမ်ထောင်စုစာရင်းမိတ္တူ ၊ ပတ်စ်ပို့ဓါတ်ပုံ
  • လုပ်ငန်းလိုင်စင်မိတ္တူ
  • လုပ်ငန်းအတွက် နိုင်ငံတော်သို့ပေးချေထားသည့် အခွန်ငွေ
  • ငွေကြေးရှင်းတမ်း (အရှုံး/အမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်း)
  • လုပ်ငန်းနှင့်ပတ်သက်သည့် ရောင်စုံဓါတ်ပုံများ
  • ကုမ္ပဏီမှတ်ပုံတင်
  • သင်းဖွဲ့စည်းမျဉ်း နှင့် သင်းဖွဲ့မှတ်တမ်း ၊ ဒါရိုက်တာများ၏အစည်းအဝေးမှတ်တမ်း
  • ထုတ်ကုန်/သွင်းကုန်လိုင်စင် (သို့) ကြေငြာချက်
  • ဂရန် (မူရင်း) နှင့် ဆက်စပ်စာချုပ်များ (မူရင်း) ၊ ငွေစုစာရင်းစာအုပ်နှင့် စာရင်းသေအပ်ငွေ
  • နိုင်ငံတော်အားပေးသွင်းထားသည့်နောက်ဆုံးလများ၏ ရေဖိုးမီးဖိုး
  • အဆောက်အအုံသစ်အတွက် အဆောက်အအုံပြီးစီးကြောင်းလက်မှတ်
  • MOB မှငွေချေးရန်အတွက် မြို့နယ်ဦးစီးအရာရှိမှထုတ်ပေးသည့် ပုံစံ ၁၀၅/၁၀၆
  • အဆောက်အအုံ၏ ရောင်စုံဓါတ်ပုံများ (အရှေ့၊ အနောက်၊ ဘေးတစ်ဖက်တစ်ချက် နှင့်အတွင်းခန်း)