မော်တော်ယာဉ်အာမခံဖြင့် ချေးငွေဝန်ဆောင်မှု

လုပ်ငန်းချဲ့ထွင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မော်တော်ယာဉ်များအား အာမခံပစ္စည်းအနေ ဖြင့် ဘဏ်သို့ ပေးအပ်၍ ငွေချေးယူနိုင်ပါသည်။ (မော်တော်ယာဉ်များသည် ၂၀၀၇ မော်ဒယ်နှင့်အထက်ဖြစ်ရ မည်ဖြစ်ပြီး လက်ရှိတွင်အသုံးပြုမှု့ကောင်းမွန်သည့် အခြေအနေဖြစ်ရပါမည်။)

အတိုးနှုန်းနှင့်ဝန်ဆောင်ခနှုန်းထား

အတိုးနှုန်း ၁၀.၀၀%
ဝန်ဆောင်ခ ၁.၀၀%
နောက်ကျကြေး (ဝ.၁၀%) တစ်ရက်လျှင်

လိုအပ်သောစာရွက်စာတမ်းများ

  • မှတ်ပုံတင်မိတ္တူ ၊ အိမ်ထောင်စုစာရင်းမိတ္တူ ၊ ပတ်စ်ပို့ဓါတ်ပုံ
  • လုပ်ငန်းလိုင်စင်မိတ္တူ
  • လုပ်ငန်းအတွက် နိုင်ငံတော်သို့ပေးချေထားသည့် အခွန်ငွေ
  • ငွေကြေးရှင်းတမ်း (အရှုံး/အမြတ်စာရင်း နှင့် လက်ကျန်ရှင်းတမ်း
  • လုပ်ငန်းဓာတ်ပုံ (လုပ်ငန်းလည်ပတ်နေပုံ ၊ ကုန်ကြမ်း / ကုန်ချောဓာတ်ပုံများ ၊ လုပ်ငန်းအဆောက်အဦးဓာတ်ပုံ နှင့် ရုံးခန်းဓာတ်ပုံများ)
  • ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံချက် (မူရင်း/မိတ္တူ)
  • စာရင်းရှင်အပ်ငွေစာရင်း ဖွင့်လှစ်ရန်
  • ထုတ်ကုန်/သွင်းကုန်လိုင်စင် (သို့) ကြေငြာချက်
  • ကုမ္ပဏီမှတ်ပုံတင်
  • သင်းဖွဲ့စည်းမျဉ်း နှင့် သင်းဖွဲ့မှတ်တမ်း ၊ ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်
  • အာမခံအပေါင်ပစ္စည်းဖြစ်သော မော်တော်ယာဉ်ပိုင်ဆိုင်မှု့ အထောက်အထားများ
  • အာမခံအပေါင်ပစ္စည်းဖြစ်သော မော်တော်ယာဉ်၏ ဓာတ်ပုံ (အရှေ့၊ အနောက်၊ ဘေးတစ်ဖက်တစ်ချက် နှင့်အတွင်းခန်း)