ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏ရောဂါဓါတ်ခွဲစစ် ဆေးမှု အဖြေထုတ်ပြန်ချက်များအရ Covid-19 ကူးစက်ရောဂါပိုး Positive တွေ့ရှိရသောလူဦးရေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ရုံးချုပ်ဘဏ်ခွဲ၊ဌာနများနှင့် ဘဏ်ခွဲအသီးသီးတို့ရှိ အရာထမ်း၊ဝန်ထမ်းများ အန္တရာယ်ကင်းစွာ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ရုံးချုပ်နှင့် ဘဏ်ခွဲအသီးသီးနှင့် အသုံးပြုလျက်ရှိသော ဘဏ်ပိုင် မော်တော်ယာဉ်များအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းအား နေ့စဉ်မပျက်မကွက် (မပျက်မကွက်) ဆောင်ရွက်ခဲ့ပါသည်။
Covid-19 ကူးစက်ခြင်းမှကာကွယ်ရန် မြန်မာအရှေ့တိုင်းဘဏ်လီမိတက်(MOB) ပြည်ဘဏ်ခွဲတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့မှ (၃၀)ရက်နေ့ထိ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်း ထားမည် ဖြစ်ပါသည်။ ပြည်ဘဏ်ခွဲနှင့် ဆက်သွယ်လျှက်ရှိသော Customer လူကြီးမင်းများအနေဖြင့် ပြည်ဘဏ်ခွဲနှင့် အနီးဆုံး ဖွင့်လှစ်ထားရှိသော ပေါင်းတည်ဘဏ်ခွဲ နှင့် ဥသျှစ်ပင်ဘဏ်ခွဲ တို့တွင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ရယူနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။...
Covid-19 ဖြစ်ပွားနေစဉ်ကာလအတွင်း မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ၏ ဖွင့်လှစ်ဝန်ဆောင်မှု ပေးလျက်ရှိသော ဘဏ်ခွဲများတွင် ဘဏ်လုပ်ငန်းချိန်အားအောက်ပါအတိုင်းယာယီသတ်မှတ်၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးလျှက်ရှိပါသည်။ (နံနက် ၉:၃၀ နာရီမှ မွန်းလွဲ ၁၄:၀ဝ နာရီထိ) ဝန်ဆောင်မှုနှင့် ပတ်သက်၍ သိရှိလိုပါက Hotline Numbers: 09 450010787, 09 443529792 သို့ ရုံးချိန်အတွင်း ဆတ်သွယ်မေးမြန်းနိုင်ပါသည်။
Covid-19 ကူးစက်ခြင်းမှကာကွယ်ရန် မြန်မာအရှေ့တိုင်းဘဏ်လီမိတက်(MOB)မှ ဖော်ပြပါဘဏ်ခွဲ (၆)ခုတွင် ၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၇)ရက်နေ့ မှစ၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်း ထားမည်ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဗိုလ်ချုပ်စျေးဘဏ်ခွဲ၊ မြောက်ဥက္ကလာပဘက်ခွဲ၊ လှိုင်သာယာဘဏ်ခွဲ နှင့် ဆင်မလိုက်ဘဏ်ခွဲများနှင့်ဆက်သွယ်ဆောင်ရွက်လျှက်ရှိသော Customer လူကြီးမင်းများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော ဘဏ်ခွဲများတွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒိုင်းမွန်းပလာဇာဘဏ်ခွဲနှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိသော Customer...
Mask တပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါ။ #တစ်ဦးကိုတစ်ဦး အသိပေးပါ။ သတိပေးပါ။ ကျန်းမာပျော်ရွှင်သော နေ့စဉ်ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ!
လူကြီးမင်းတို့ ၏ Current account, Saving deposit account, Call deposit account ငွေစာရင်းများမှ ငွေသားထုတ်ယူမှုအတွက် Online Token Registration စနစ်ဖြင့်အလှည့်ကျထုတ်ခွင့်ပြုနေပါသည်။ အပ်နှံငွေထုတ်ယူလိုသူများအကြားတွင် ထုတ်ယူခြင်းမရှိသေးသောစာရင်းပိုင်ရှင်များကို ဦးစားပေး စနစ်ဖြင့်အလှည့်ကျ Token ထုတ်ပေးလျှက်ရှိကြောင်းအသိပေးအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံးမှ Coronavirus Disease (COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ လမ်းညွှန်မှုဖြင့် COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ COVID-19 Vaccination Fund ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် မြန်မာကျပ်ငွေ စာရင်းအမှတ် OA 013733 နှင့် နိုင်ငံခြားစာရင်းအမှတ် EDC 600012...
မြန်မာအရှေ့တိုင်းဘဏ်လီမိတက်အနေဖြင့်ဝန်ဆောင်မှုများပိုမိုကောင်းမွန်စေရန်အတွက်နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပါသဖြင့် MOB ATM နှင့် Debit / Credit ကတ်များနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများအား (၁၀.၁.၂၀၂၁) ရက်နေ့၊ နံနက် (၈:၀ဝ) နာရီ မှ ညနေ (၅:၀ဝ) နာရီအထိ ခေတ္တယာယီ အသုံးပြုနိုင်မည်မဟုတ်ကြောင်း မြန်မာအရှေ့တိုင်းဘဏ်၏ Customer များအားလေးစားစွာ ကြိုတင် အသိပေးအပ်ပါသည်။ စုံစမ်းမေးမြန်းလိုပါက...
မြန်မာအရှေ့တိုင်းဘဏ်လီမိတက် (MOB) မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော အမှတ် (၁၂၇) ၊ မြေညီထပ် ၊ မေဓါဝီလမ်းမကြီး ၊ (ဆ) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ် ရှိ မေဓါဝီဘဏ်ခွဲ အား သက်ဆိုင်ရာဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၏လမ်းညွှန်ချက်အရ Covid-19 ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်လျှက်ရှိပါသဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား ( ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်၊...