Covid 19 ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ပါရန် ပိုးသတ်ဆေးဖျန်းဆောင်ရွက်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏ရောဂါဓါတ်ခွဲစစ် ဆေးမှု အဖြေထုတ်ပြန်ချက်များအရ Covid-19 ကူးစက်ရောဂါပိုး Positive တွေ့ရှိရသောလူဦးရေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်ကို တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ရုံးချုပ်ဘဏ်ခွဲ၊ဌာနများနှင့် ဘဏ်ခွဲအသီးသီးတို့ရှိ အရာထမ်း၊ဝန်ထမ်းများအနေဖြင့် အန္တရာယ်ကင်းစွာ တာဝန်ထမ်းဆောင်ရန်အတွက် ပိုးသတ်ဆေး ဖျန်းခြင်း လုပ်ငန်းအား နေ့စဉ်မပျက်မကွက် (မပျက်မကွက်) ဆောင်ရွက်ကြရန် အကြောင်းကြားပါသည်။ ရုံးချုပ်နှင့် ဘဏ်ခွဲအသီးသီးတို့တွင် အသုံးပြုလျက်ရှိသော ဘဏ်ပိုင်မော်တော်ယာဉ်များကိုပါ တပါတည်းပိုးသတ်ဆေးပက်ဖျန်းရန် အကြောင်းကြားပါသည်။