ဇီးကုန်းဘဏ်ခွဲဖွင့်လှစ်ခြင်း

ဇီးကုန်းဘဏ်ခွဲဖွင့်လှစ်ခြင်းမြန်မာအရှေ့တိုင်းဘဏ်၏ (၄၇)ခုမြောက် ဘဏ်ခွဲဖြစ်သောဇီးကုန်ဘဏ်ခွဲအား အမှတ်(၁)၊ ဦးယောလမ်း၊ အမှတ်(၅)ရပ်ကွက်၊ ဇီးကုန်းမြို့၊ ပဲခူးတိုင်းဒေသကြီးတွင် (၅.၉.၂၀၁၉) ကြာသပတေးနေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အနီးအနားမြို့များမှ မိတ်ဟောင်း၊မိတ်သစ် မိဘပြည်သူတို့၏ ဘဏ်လုပ်ငန်း၊ ဝန်ဆောင်မှုများနှင့် ငွေပို့ငွေလွှဲကိစ္စရပ်များတွင် အချိန်ကုန်သက်သာစေပြီး လွယ်လင့်တကူ အဆင်ပြေဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အရည်အချင်းပြည့်ဝသော ဘဏ်ဝန်ထမ်းများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။