တက္ကသိုလ်ပညာသင်ဆုစာရင်း
စုဘူးငွေစုစာရင်း
အနာဂတ်ငွေစုစာရင်း
အငြိမ်းစားငွေစုစာရင်း
တက္ကသိုလ်ပညာသင်ဆုစာရင်း
တက္ကသိုလ်ပညာသင်ဆုစာရင်း
- ကလေးများ၏ပညာရေးအတွက် ငွေစုဘဏ်စာရင်းဖွင့်လှစ်ခြင်း
- MOB ဘဏ်မှ တက္ကသိုလ်ပညာသင်ဆုများအား အထောက်အပံ့ဖြစ်စေရန်နှင့် မြန်မာလူငယ်လူရွယ်များ၏ အနာဂတ်အား မြှင့်တင်နိုင်ရန်အတွက် တက္ကသိုလ်ပညာသင်ဆုများအား ထောက်ပံ့ပေးလျှက်ရှိပါသည်။
Product Features
-
တက္ကသိုလ်ပညာသင်ဆုစာရင်းအတိုးနှုန်းမှာ တစ်နှစ်လျှင် ၆.၂၅ % ဖြင့် (ငွေကျပ် – ၁၀,၀၀၀/- မှ ၁၀,၀၀၀,၀၀၀/- အတွင်း)
- အနိမ့်ဆုံး စုငွေ ၅,၀၀၀ ကျပ် မှ အမြင့်ဆုံး စုငွေ ၁၀၀,၀၀၀ ကျပ်ထိ ငွေစုနိုင်ပါသည်။
- UESS စာရင်း (၅) မျိုးရှိပါသည် –
UESS 1
ကျပ် ၅,၀၀၀ လစဉ် ပေးသွင်းရမည်UESS 2
ကျပ် ၆,၀၀၀ လစဉ် ပေးသွင်းရမည်UESS 3
ကျပ် ၇,၀၀၀ လစဉ် ပေးသွင်းရမည်UESS 4
ကျပ် ၈,၀၀၀ နှင့် ၉,၀၀၀ လစဉ် ပေးသွင်းရမည်UESS 5
ကျပ် ၁၀,၀၀၀ နှင့် အထက် လစဉ် ပေးသွင်းရမည်လိုအပ်သောစာရွက်စာတမ်းများ
စာရင်းဖွင့်လှစ်ရန်အတွက်
- ကျောင်းသားသည် အသက် (၁၂) နှစ်အောက်ဖြစ်ရမည်
- မွေးစာရင်းနှင့် အိမ်ထောင်စုစာရင်းမိတ္တူ
- မိဘ သို့မဟုတ် အုပ်ထိန်းသူ မှတ်ပုံတင်မိတ္တူ
UESS စာရင်းဖွင့်လှစ်သည့်အတွက် အကျိုးခံစားခွင့်များ ရရှိရန်
- ဘဏ်မှသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား လိုက်နာမှုရှိသည့် UESS စာရင်းများသာ အကျုံးဝင်ပါသည်။
- UESS Passbook နှင့် တက္ကသိုလ် ဝင်ခွင့်နှင့်ပတ်သက်သောစာရွက်စာတမ်းများ ပြည့်စုံစွာတင်ပြရမည်။
Terms & Conditions
- တက္ကသိုလ်ဝင်တန်းအောင်မြင်သည့်အခါတွင် စာရင်းထဲတွင်ရှိသည့် စုစုပေါင်းငွေပမာဏအတွက် ၃%အတိုးအား ဘဏ်မှ ပေးအပ်မည်ဖြစ်ပါသည်။
- တက္ကသိုလ်သို့အောင်မြင်စွာဝင်ရောက်ခွင့်ရရှိပြီးသည့်အခါ ငွေဆက်လက်သွင်းရန်မလိုပါ။
- ၃ လဆက်တိုက် ငွေသွင်းရန်ပျက်ကွက်ပါက (အကျိုးအကြောင်းခိုင်လုံမှုရှိပါက) UESS စာရင်းအား သာမန်ငွေစုဘဏ်စာရင်း အဖြစ်သို့ ပြောင်းလဲပေးမည်ဖြစ်ပါသည်။
- MOB ဘဏ်မှ ပေးအပ်သည့် ပညာသင်ဆုမှာ ပညာရေးထူးချွန်ထက်မြက်သည့် ကျောင်းသား/သူများ (ဂုဏ်ထူး ၅ ခု နှင့် ၆ ခုရရှိသူ များ) အတွက် ဂုဏ်ထူး ၅ ခုရရှိသူအတွက် ကျပ် ၄၀,၀၀၀ နှင့် ဂုဏ်ထူး ၆ ခုရရှိသူအတွက် ကျပ် ၆၀,၀၀၀ အား UESS စာရင်းတွင် စုထားသည့် စုစုပေါင်းငွေအပြင် ထပ်ဆောင်းပေးအပ်မည်ဖြစ်ပါသည်။
- UESS စာရင်းဖွင့်လှစ်ထားခြင်း ၃ နှစ်ပြည့်မြောက်ပြီးပါက လိုအပ်လျှင် စုဆောင်းထားရှိသည့် ငွေပမာဏ၏ ၈၀% အား ချေးယူနိုင်ပါသည်။
စုဘူးငွေစုစာရင်း
စုဘူးငွေစုစာရင်း
စုဘူးငွေစုစာရင်း ဆိုသည်မှာ အရွယ်မရောက်သေးသော မွေးကင်းစမှစ၍ အသက် (၁၈) နှစ် အောက် သား၊ သမီး၊ တူ၊ တူမများ ငွေစုဆောင်းသည့် အလေ့အထဖြစ်စေရန်၊ ကလေးငယ်များ၏ လိုအင်ဆန္ဒများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် နှင့် နောင်ရေးစိတ်အေးချမ်းသာယာမှုရရှိစေရန် ရွေးချယ်ထားသောစုဘူး အမျိုးအစားအလိုက် သတ်မှတ်ထားသော ကာလတစ်ခုအတွင်း လစဥ်ပုံမှန် ငွေစုဆောင်းသည့် အစီအစဉ်ဖြစ်ပါ သည်။
ကျပ် ၁၀,၀၀၀/-
သက်တမ်း – (၃) နှစ်
ကျပ် ၃၀,၀၀၀/-
သက်တမ်း – (၅) နှစ်
လစဥ်စုငွေ – ကျပ် ၅၀,၀၀၀/-
သက်တမ်း – (၁၀) နှစ်
အတိုးနှုန်းမှာ –
Product Features
- စာရင်းဖွင့်လှစ်ရန်အတွက် ကလေးငယ်၏သည် အသက် (၁၈) နှစ်အောက်ဖြစ်ရမည်ဖြစ်ပြီး မိဘ(သို့မဟုတ်)အုပ်ထိန်းသူနှင့် တွဲဖက်ဖွင့် လှစ်ရပါမည်။
- ကနဦးအပ်နှံငွေမှာအနည်းဆုံးကျပ် ၁၀,၀၀၀/- ဖြစ်ပြီး အနည်းဆုံးသက်တမ်းကာလမှာ (၃)နှစ်ဖြစ်သည်။ လစဉ်စုငွေပမာဏနှင့်သက်တမ်း ကာလအား မိမိနှစ်သက်ရာ အဆိုပြုနိုင်ပါသည်။
ရွေးချယ်နိုင်သည့် စုဘူးငွေစုစာရင်း (၄) မျိုးရှိပါသည် –
Su Boo (small)
လစဥ်စုငွေ –ကျပ် ၁၀,၀၀၀/-
သက်တမ်း – (၃) နှစ်
SuBoo (medium)
လစဥ်စုငွေ –ကျပ် ၃၀,၀၀၀/-
သက်တမ်း – (၅) နှစ်
Su Boo (large)
လစဥ်စုငွေ –လစဥ်စုငွေ – ကျပ် ၅၀,၀၀၀/-
သက်တမ်း – (၁၀) နှစ်
Su Boo (customize)
လစဉ်စုငွေ ပမာဏနှင့် သက်တမ်းအား အဆိုပြုနိုင်ပါသည်။- တစ်နှစ်လျှင် ၆.၂၅ % ဖြင့် (ငွေကျပ် – ၁၀,ဝ၀ဝ/- မှ ၁၀,ဝ၀ဝ,ဝ၀ဝ/- အတွင်း)
- တစ်နှစ်လျှင် ၆.၅၀ % ဖြင့် (ငွေကျပ် – ၁၀,ဝ၀ဝ,ဝ၀၁/- မှ ၁၀ဝ,ဝ၀ဝ,ဝ၀ဝ/- အတွင်း)
- တစ်နှစ်လျှင် ၇.ဝ၀ % ဖြင့် (ငွေကျပ် – ၁၀ဝ,ဝ၀ဝ,ဝ၀၁/- မှ အထက်)
- Bonus Interest မှာ ၃.ဝ၀% ဖြစ်ပြီး၊ အဆိုပြုကာလ သက်တမ်းပြည့်မှသာ ခံစားခွင့်ရှိပါသည်။
- အတိုးနှုန်းများကို (၃)လတစ်ကြိမ်ပေးမည်ဖြစ်ပြီး အတိုးကို လစဉ်လဆန်း (၅)ရက်မှ လကုန်အတွင်း အနည်းဆုံးလက်ကျန်ငွေပေါ်တွင် တွက်ပေးပါသည်။
- မိဘ (သို့မဟုတ်) အုပ်ထိန်းသူသည် အဆိုပြုသော လစဉ်စုငွေပမာဏအား သတ်မှတ်ကာလ ပြီးဆုံးသည်အထိ ပေးသွင်းရန် တာဝန်ယူနိုင် သူဖြစ်ရပါမည်။
- စုဘူးငွေစုစာရင်း စတင်ဖွင့်လှစ်သည့်လတွင် ပုံမှန်ငွေစုစာရင်းများ ဖွင့်လှစ်သည့် စည်းမျဉ်းစည်းကမ်းအတိုင်း အတိုးခံစားခွင့် ရရှိပါမည်။
- ရွေးချယ်ထားသော စုဘူးအမျိုးအစားလိုက် စုငွေပမာဏအား လစဉ်ပေးသွင်းရမည်။ (သို့မဟုတ်) ကြိုတင်ပေးသွင်းနိုင်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
- မိဘ (သို့မဟုတ်) အုပ်ထိန်းသူ၏ မှတ်ပုံတင် မူရင်း၊ မိတ္တူ။
- အရွယ်မရောက်သေးသူ ကလေး၏ မွေးစာရင်း (သို့မဟုတ်) (၁၀)နှစ်ပြည့် မှတ်ပုံတင် မိတ္တူ။
- မိဘ (သို့မဟုတ်) အုပ်ထိန်းသူ နှင့် အရွယ်မရောက်သေးသူကလေး တို့၏ အိမ်ထောင်စုစာရင်း မိတ္တူ၊ လိုင်စင်ဓာတ်ပုံ။
Terms & Conditions
ငွေသွင်းငွေထုတ်ပြုလုပ်ခြင်း –
- စုဘူးငွေစုစာရင်း အတွက် အပ်ငွေများအား ငွေသားဖြင့်သော်လည်းကောင်း၊ စာရင်းပြောင်းနည်းဖြင့် သော်လည်းကောင်း ဖွင့်လှစ်ပေး သွင်းနိုင်ပါသည်။
- စုဘူးငွေစုစာရင်းကိုပိတ်လိုပါက စုဘူးငွေစုစာရင်းစာအုပ်ကို မိမိစာရင်းဖွင့်လှစ်ထားသော ဘဏ်ခွဲတွင်ပြန်လည်ပေးအပ်ပြီး အလွယ်တကူစာရင်းပိတ်နိုင်ပါသည်။ သက်တမ်းကာလပြည့်ပါက စုငွေ၊ အတိုးနှင့် Bonus Interest တို့အား စာရင်းပိတ်၍ တပေါင်းတည်း ထုတ်ပေး မည်ဖြစ်ပါသည်။
- အရွယ်မရောက်သေးသူကလေးပါ ခေါ်ဆောင်လာရမည်ဖြစ်ပြီး၊ မိဘ (သို့မဟုတ်) အုပ်ထိန်းသူမှ လက်မှတ်ရေးထိုး စာရင်းပိတ်ရမည် ဖြစ်ပါသည်။
အနာဂတ်ငွေစုစာရင်း
အနာဂတ်ငွေစုစာရင်း
အနာဂတ်ငွေစုစာရင်းဆိုသည်မှာ အသက်(၁၈) နှစ်ပြည့်ပြီးသောအရွယ်ရောက်ပြီးသူများသည် မိမိတို့၏အနာဂတ်ရည်မှန်းချက်စိတ်ကူးများ အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် တစ်ဦးတည်းသော်လည်းကောင်း၊ တွဲဖက်၍သော်လည်းကောင်း၊ အချိန်ကာလတခုအတွင်းလစဉ်ပုံမှန်(သို့မဟုတ်)
ကြိုတင် ငွေစုဆောင်းသည့်အစီအစဉ်ဖြစ်ပါသည်။
Product Features
- စာရင်းဖွင့်လှစ်ရန်အတွက် အသက် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး တစ်ဦးတည်း(သို့မဟုတ်) အရွယ်ရောက်ပြီးသူများနှင့် တွဲဖက်၍ လည်း ဖွင့်လှစ်နိုင်ပါသည်။
- ကနဦးအပ်နှံငွေမှာအနည်းဆုံးကျပ် ၃၀,၀၀၀/- ဖြစ်ပြီး အနည်းဆုံးသက်တမ်းကာလမှာ (၃)နှစ်ဖြစ်သည်။ လစဉ်စုငွေပမာဏနှင့်သက်တမ်း ကာလအား မိမိနှစ်သက်ရာ အဆိုပြုနိုင်ပါသည်။
- တစ်နှစ်လျှင် ၆.၂၅ % ဖြင့် (ငွေကျပ် – ၃၀,ဝ၀ဝ/- မှ ၁၀,ဝ၀ဝ,ဝ၀ဝ/- အတွင်း)
- တစ်နှစ်လျှင် ၆.၅၀ % ဖြင့် (ငွေကျပ် – ၁၀,ဝ၀ဝ,ဝ၀၁/- မှ ၁၀ဝ,ဝ၀ဝ,ဝ၀ဝ/- အတွင်း)
- တစ်နှစ်လျှင် ၇.ဝ၀ % ဖြင့် (ငွေကျပ် – ၁၀ဝ,ဝ၀ဝ,ဝ၀၁/- မှ အထက်)
- Bonus Interest မှာ ၃.ဝ၀% ဖြစ်ပြီး၊ အဆိုပြုကာလ သက်တမ်းပြည့်မှသာ ခံစားခွင့်ရှိပါသည်။
- အတိုးနှုန်းများကို (၃)လတစ်ကြိမ်ပေးမည်ဖြစ်ပြီး အတိုးကို လစဉ်လဆန်း (၅)ရက်မှ လကုန်အတွင်း အနည်းဆုံးလက်ကျန်ငွေပေါ်တွင် တွက်ပေးပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
- စာရင်းဖွင့်လှစ်မည့်သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္တူ ၊(အသက် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။)
- တွဲဖက်စာရင်းဖွင့်လှစ်မည့်သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္တူ။
- စာရင်းဖွင့်လှစ်မည့်သူ၊ တွဲဖက်စာရင်းဆိုပါက နှစ်ဦးစလုံး၏ အိမ်ထောင်စုစာရင်းမိတ္တူ။
- စာရင်းဖွင့်လှစ်မည့်သူ၊ တွဲဖက်စာရင်းဆိုပါက နှစ်ဦးစလုံး၏ လိုင်စင်ဓါတ်ပုံ။
Terms & Conditions
ငွေသွင်းငွေထုတ်ပြုလုပ်ခြင်း –
- အနာဂတ်ငွေစုစာရင်းအတွက် အပ်ငွေများအား ငွေသားဖြင့်သော်လည်းကောင်း၊ စာရင်းပြောင်းနည်းဖြင့်သော်လည်းကောင်း ဖွင့်လှစ်ပေး သွင်းနိုင်ပါသည်။
- အနာဂတ်ငွေစုစာရင်းကိုပိတ်လိုပါကစာရင်းစာအုပ်ကို မိမိစာရင်းဖွင့်လှစ်ထားသော ဘဏ်ခွဲတွင်ပြန်လည်ပေးအပ်ပြီး အလွယ်တကူစာရင်းပိတ်နိုင်ပါသည်။ သက်တမ်းကာလပြည့်ပါက စုငွေ၊ အတိုးနှင့် Bonus Interest တို့အားစာရင်းပိတ်၍တပေါင်းတည်း ထုတ်ပေးမည်ဖြစ်ပါ သည်။
- တွဲဖက်စာရင်းဖွင့်လှစ်သူပါခေါ်ဆောင်လာရမည်ဖြစ်ပြီး၊ နှစ်ဦးတွဲဖက် လက်မှတ်ရေးထိုး စာရင်းပိတ်ရမည်ဖြစ်ပါသည်။
အငြိမ်းစားငွေစုစာရင်း
အငြိမ်းစားငွေစုစာရင်း
အငြိမ်းစားငွေစုစာရင်း ဆိုသည်မှာ အသက်(၆၀)နှစ်ပြည့်ပြီးသော အငြိမ်းစားအရွယ်လူကြီးမင်းများ၏ နေ့စဉ်ဘဝ စိတ်အေးချမ်းသာယာစွာနေထိုင်နိုင်
ရန်အတွက် စုငွေအပေါ်တွင် လစဉ်အတိုးထည့်သွင်းပေးသည့် ငွေစုဆောင်းခြင်း အစီအစဉ်ဖြစ်ပါသည်။
Product Features
- စာရင်းဖွင့်လှစ်ရန်အတွက် အသက် (၆၀)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး တစ်ဦးတည်း(သို့မဟုတ်) အရွယ်ရောက်ပြီးသူများနှင့် တွဲဖက်၍ လည်း ဖွင့်လှစ်နိုင်ပါသည်။
- ကနဦးအပ်နှံငွေမှာ အနည်းဆုံးကျပ် ၃,၀၀၀,၀၀၀/- ဖြစ်ပြီး ငွေသားထပ်မံပေးသွင်းနိုင်ပါသည်။
- တစ်နှစ်လျှင် ၇.၀၀ % ဖြင့် (ငွေကျပ် ၃,၀၀၀,၀၀၀/- မှ ကျပ် ၁၀,၀၀၀,၀၀၀/- ထိ)
- တစ်နှစ်လျှင် ၈.၀၀ % ဖြင့် (ငွေကျပ် ၁၀,၀၀၀,၀၀၁/- မှ အထက်)
- အတိုးကို (၁)လတစ်ကြိမ် လကုန်ရက်တိုင်း ငွေစုစာရင်းသို့ ထည့်သွင်းပေးမည်ဖြစ်ပြီး အတိုးကိုလစဉ်လဆန်း (၅)ရက်မှ လကုန်အတွင်း အနည်းဆုံးလက်ကျန်ငွေပေါ်တွင်တွက်ပေးပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
- စာရင်းဖွင့်လှစ်မည့်သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္တူ ၊(အသက် (၆၀)နှစ်ပြည့်ပြီးသူဖြစ်ရမည်။)
- တွဲဖက်စာရင်းဆိုပါက တွဲဖက်စာရင်းဖွင့်လှစ်မည့်သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္တူ။
- စာရင်းဖွင့်လှစ်မည့်သူ၊ တွဲဖက်စာရင်းဆိုပါက နှစ်ဦးစလုံး၏ အိမ်ထောင်စုစာရင်းမိတ္တူ။
- စာရင်းဖွင့်လှစ်မည့်သူ၊ တွဲဖက်စာရင်းဆိုပါက နှစ်ဦးစလုံး၏ လိုင်စင်ဓါတ်ပုံ။
Terms & Conditions
ငွေသွင်းငွေထုတ်ပြုလုပ်ခြင်း –
- အငြိမ်းစားငွေစုစာရင်း အတွက် အပ်ငွေများအား ငွေသားဖြင့်သော်လည်းကောင်း၊ စာရင်းပြောင်းနည်းဖြင့် သော်လည်းကောင်း ဖွင့်လှစ် ပေးသွင်းနိုင်ပါသည်။
- အငြိမ်းစားငွေစုစာရင်းစာအုပ်သည်ငွေအသွင်း ၊ အထုတ် နှင့် လက်ကျန်ငွေတို့ကို အတည်ပြုထားသည် ဖြစ်ပါ၍ အငြိမ်းစားငွေစုစာရင်းစာအုပ်မပါဘဲ ငွေသွင်း ၊ ငွေထုတ်ခွင့်မရှိပါ။ မိမိ၏ စာရင်းထားရှိသော မြန်မာအရှေ့တိုင်း ဘဏ်လီမိတက်ဘဏ်ခွဲများ၌ ငွေကိုကိုယ်တိုင်ထုတ်ယူနိုင်သည့်အပြင် သတ်မှတ်ထားသည့် နည်းလမ်းများဖြင့် ကိုယ်စားလှယ်ဖြင့် ငွေထုတ်ယူနိုင်ပါသည်။
- အငြိမ်းစားငွေစုစာရင်းကိုပိတ်လိုပါက အငြိမ်းစားငွေစုစာရင်းစာအုပ်ကို မိမိစာရင်းဖွင့်လှစ်ထားသော ဘဏ်ခွဲတွင်ပြန်လည်ပေးအပ်ပြီး အလွယ်တကူစာရင်းပိတ်နိုင်ပါသည်။ ကျသင့်သောအတိုးနှင့်တကွစာရင်းလက်ကျန်ငွေများကို ဘဏ်မှ ထုတ်ပေးမည်ဖြစ်ပါသည်။