ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ခြင်း

မြန်မာအရှေ့တိုင်းဘဏ်လီမိတက် တောင်ငူဘဏ်ခွဲ မှ တောင်ငူမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ရွှေဆံတော် စေတီတော်မြတ်ကြီး “ ရွှေစင်ရွှေပြားကပ်လှူပူဇော်ပွဲ” တွင် ရွှေစင်ရွှေပြားများကပ်လှူပူဇော်ရန်အတွက် စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။