ပညာရေးချေးငွေ ဝန်ဆောင်မှုလုပ်ငန်း
“Certificate၊ Diploma၊ Bachelor နှင့် Master ဘွဲ့များဆည်းပူးလိုသည့် ကျောင်းသားများနှင့် ဝန်ထမ်းများအတွက် ချေးငွေ”
ချေးငွေသက်တမ်း
- အနည်းဆုံး (၁) နှစ် (ချေးငွေပမာဏများလျှင် (၂) နှစ်)
အတိုးနှုန်းနှင့် ဝန်ဆောင်ခနှုန်းထား
အတိုးနှုန်း | ၁၀.၀၀% |
ဝန်ဆောင်ခ | ၁.၀၀% |
နောက်ကျကြေး | (ဝ.၁၀%) တစ်ရက်လျှင် |
လက်ငင်းပေးချေရမည် ပမာဏ
- အနည်းဆုံး ၃၀% အား လက်ငင်းပေးချေရမည်ဖြစ်ပြီး လစဉ်ပေးချေသွားရမည့် ပမာဏကို သတ်မှတ်မည် ဖြစ်ပါသည်။
လိုအပ်သော စာရွက်စာတမ်းများ
ပညာရေးချေးငွေအတွက် Authorized Dealer လျှောက်ထားသူသည် Company အဖွဲ့အစည်းဖြစ်ပါက
- သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့်ထုတ်ကုန်၊သွင်းကုန်လိုင်စင်။
- သင်းဖွဲ့စည်းမျဉ်းနှင့်သင်းဖွဲ့မှတ်တမ်း။
- ဒါရိုက်တာအဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်။
- ပုံစံ (၆) ၊ ပုံစံ (၂၆) ၊ ပုံစံ (E)။
- အရှုံးအမြတ်စာရင်းနှင့်လက်ကျန်ရှင်းတမ်း။ (အနီးဆုံးဘဏ္ဍာရေးနှစ် (၂)နှစ်စာ)
- အမြတ်ခွန်ပြေစာ။ (အနီးဆုံးဘဏ္ဍာရေးနှစ် (၂)နှစ်စာ)
- အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်မိတ္တူ။
- သက်ဆိုင်ရာသင်တန်းကျောင်း (သို့မဟုတ်) ကောလိပ် (သို့မဟုတ်) တက္ကသိုလ်၏ သင်တန်းအမျိုးအစား များ၊ သင်တန်းကာလနှင့် သင်တန်းကြေးအထောက်အထားများ။
- သက်ဆိုင်ရာသင်တန်းကျောင်း (သို့မဟုတ်) ကောလိပ် (သို့မဟုတ်) တက္ကသိုလ်၏ အဆောက်အဦးဓါတ်ပုံ ၊ စာသင်ခန်းနှင့်ရုံးခန်းဓါတ်ပုံများ။
- ဘဏ်တွင်စာရင်းရှင်အပ်ငွေစာရင်းနှင့်ငွေစုစာရင်း (Current A/C & Saving A/C)ဖွင့်လှစ်ရန်။
- သက်ဆိုင်ရာသင်တန်းကျောင်း (သို့မဟုတ်) ကောလိပ် (သို့မဟုတ်) တက္ကသိုလ်၏ ကိုယ်စားတာဝန် ပေးအပ် ထားသူက ပညာရေးချေးငွေလျှောက်ထားသူအတွက် အာမခံသူ (Guarantor) အဖြစ်လက်မှတ်ရေးထိုးရန်။
ပညာရေးချေးငွေအတွက် Authorized Dealer လျှောက်ထားသူသည်လူပုဂ္ဂိုလ်ဖြစ်ပါက
- သက်တမ်းရှိလုပ်ငန်းလိုင်စင်။
- အရှုံးအမြတ်စာရင်းနှင့်လက်ကျန်ရှင်းတမ်း။ (အနီးဆုံးဘဏ္ဍာရေးနှစ် (၂)နှစ်စာ)
- အမြတ်ခွန်ပြေစာ။ (အနီးဆုံးဘဏ္ဍာရေးနှစ် (၂)နှစ်စာ)
- အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်မိတ္တူ။
- သက်ဆိုင်ရာသင်တန်းကျောင်း (သို့မဟုတ်) ကောလိပ် (သို့မဟုတ်) တက္ကသိုလ်၏ သင်တန်းအမျိုးအစား များ၊ သင်တန်းကာလနှင့်သင်တန်းကြေးအထောက်အထားများ။
- သက်ဆိုင်ရာသင်တန်းကျောင်း (သို့မဟုတ်) ကောလိပ် (သို့မဟုတ်) တက္ကသိုလ်၏ အဆောက်အဦးဓါတ်ပုံ၊ စာသင်ခန်းနှင့်ရုံးခန်းဓါတ်ပုံများ။
- ဘဏ်တွင်စာရင်းရှင်အပ်ငွေစာရင်းနှင့်ငွေစုစာရင်း (Current A/C & Saving A/C)ဖွင့်လှစ်ရန်။
- သက်ဆိုင်ရာသင်တန်းကျောင်း (သို့မဟုတ်) ကောလိပ် (သို့မဟုတ်) တက္ကသိုလ်၏ လုပ်ငန်းရှင်ဖြစ်သူမှ ပညာရေးချေးငွေလျှောက်ထားသူအတွက် အာမခံသူ (Guarantor) အဖြစ်လက်မှတ်ရေးထိုးရန်။