SUPPLY CHAIN FINANCING
- လုပ်ငန်းရှင် (Corpotate) (သို့) ပစ္စည်း/ကုန်စည်ပစ္စည်းပေးသွင်းသူ (Supplier) များသည်ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်မှု အနည်းဆုံး (၃)နှစ်အထက်ဖြစ်ရမည်။
- ခွင့်ပြုချေးငွေပမာဏ (သို့) အပ်နှံငွေပမာဏကျပ် (၁၀၀)သန်းနှင့်အထက်
- သက်ဆိုင်ရာနယ်ပယ်တွင်အမည်ကောင်းရှိပြီးအောင်မြင်သောတိုင်ရင်းသားစီးပွားရေးလုပ်ငန်းရှင်များ။
- လုပ်ငန်းရှင်(Corpotate )(သို့)ပစ္စည်း/ကုန်စည်ပစ္စည်းပေးသွင်းသူ(Supplier) ၏ဘဏ္ဍရေးလုပ်ငန်း အောင်မြင်မှုအကျိုးအမြတ်ရရှိသည့်အနေအထားရှိရမည်။
- လုပ်ငန်းရှင်(Corpotate )(သို့)ပစ္စည်း/ကုန်စည်ပစ္စည်းပေးသွင်းသူ(Supplier) များသည်၎င်းတို့နှင့် ဆက်သွယ်ဆောင်ရွက်သည့်ပစ္စည်း/ကုန်စည်ဝယ်ယူသူအရေအတွက် (၁၀)ဦးနှင့်အထက်ရှိသူဖြစ်ရမည်။
ချေးငွေကာလ
- ၁ လမှ ၁၂ လ
အတိုးနှုန်းနှင့် ဝန်ဆောင်ခနှုန်းထား
အတိုးနှုန်း | တစ်နှစ်လျှင် (၁၁.၀၀% – ၁၂.၀၀%) |
ဝန်ဆောင်ခ | (၁.၀၀%) |
နောက်ကျကြေး | တစ်ရက်လျှင် (ဝ.၁၀%) ကျပ် |
လိုအပ်သော စာရွက်စာတမ်းများ
လုပ်ငန်းရှင် (Corporate) (သို့) ပစ္စည်း/ကုန်စည်ပစ္စည်းပေးသွင်းသူ(Supplier) သည် ကုမ္ပဏီ ၊ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းဖြစ်ပါက
- လုပ်ငန်းရှင်(သို့)ပစ္စည်း/ကုန်စည်ပစ္စည်းပေးသွင်းသူ၏လျှောက်လွှာ
- လုပ်ငန်းလိုင်စင်မိတ္တူ
- သက်တမ်းရှိ Company မှတ်ပုံတင်လက်မှတ်နှင့်သွင်းကုန်/ထုတ်ကုန်လိုင်စင်
- ဒါရိုက်တာအဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်
- သင်းဖွဲ့စည်းမျဉ်းနှင့်သင်းဖွဲ့မှတ်တမ်း
- အရှုံးအမြတ်စာရင်းနှင့်လက်ကျန်ရှင်းတမ်း (အနီးဆုံးဘဏ္ဍရေးနှစ်အပါအဝင် (၃)နှစ်စာ)
- အမြတ်ခွန်ပြေစာ (၃)နှစ်စာ)
- မှတ်ပုံတင်နှင့်အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ၊ဓါတ်ပုံ (၁)ပုံ
- ရောင်းချလိုသည့်ပစ္စည်း/ကုန်စည်အမျိုးအမည်၊ ဈေးနှုန်း၊ အရေအတွက်နှင့် လစဉ်ရောင်းချလိုသည့် ကုန်စည် တန်ဖိုး ကိုဖော်ပြရန်
- ပစ္စည်း/ကုန်စည်၏ ဓါတ်ပုံနှင့်အဆောက်အဦဓါတ်ပုံများ
- ပစ္စည်း/ကုန်စည်ကို ဝယ်ယူတင်သွင်းခဲ့သည့် အထောက်အထားများ
- ရောင်းချမည့်ပစ္စည်း / ကုန်စည်သည် မော်တော်ယာဉ်များနှင့် စက်ယန္တရားများဖြစ်ပါက
- စီးပွား / ကူးသန်းဝန်ကြီးဌာန ၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ စီးပွားရေးအကျိုးဆောင်လက်မှတ်။
- မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ မော်တော်ယာဉ်အရောင်းစင်တာ ဖွင့်လှစ်ရောင်းချခွင့်လက်မှတ်။
- ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ မော်တော်ယာဉ်အရောင်းဌာနမှတ်ပုံတင်လက်မှတ်
- မော်တော်ယာဉ်အမျိုးအစား Chassis အမှတ်၊ Model အမှတ်များပါရှိသောဓါတ်ပုံ Catalogue နှင့်ရောင်း ချမည့် မော်တော်ယာဉ်အမျိုးအစား၊ဈေးနှုန်း၊ အရေအတွက်နှင့် လစဉ်ရောင်းချလိုသည့် ပမာဏတန်ဖိုး ကိုအတည်ပြုတင်ပြရပါမည်။
- စက်ရုံ / အလုပ်ရုံ အရောင်းစင်တာဓါတ်ပုံနှင့်ဂိုဒေါင်ဓါတ်ပုံများ
- Company Corporate Profile
- ဘဏ်တွင်စာရင်းရှင်အပ်ငွေစာရင်းနှင့်ငွေစုစာရင်း (Current A/C & Saving A/C) ဖွင့်လှစ်ရန်
- လုပ်ငန်းရှင် (သို့) ကုန်စည်ပေးသွင်းသူများမှ ကုန်စည်ဝယ်ယူသူများအတွက်အာမခံသူ (Guarantor) အဖြစ် လက်မှတ်ရေးထိုးရန်ဖြစ်ပါသည်။