မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ MOB & UnionPay Grand Lucky Draw Promotion Program မှ စတုတ္ထအကြိမ် (Final) ကံထူးရှင်များအား ဆုပေးအပ် ချီးမြှင့်ခြင်းအခမ်းအနား

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ MOB & UnionPay Grand Lucky Draw Promotion Program မှ စတုတ္ထအကြိမ် (Final) ကံထူးရှင်များအား ဆုပေးအပ် ချီးမြှင့်ခြင်းအခမ်းအနား

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ MOB & UnionPay Grand Lucky Draw Promotion Program မှ စတုတ္ထအကြိမ် (Final) ကံထူးရှင်များအား ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ၂ဝ၁၈ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက် (ကြာသပတေနေ့)တွင် ရန်ကုန်မြို့၊
အထက်ပန်းဆိုးတန်းလမ်းရှိ Rose Garden Hotel တွင် နေလည် (၂:ဝဝ) နာရီ မှ (၄:ဝဝ) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်းအခမ်းအနားသို့ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်မှ လူကြီးမင်းများ၊ UnionPay International မှ တာဝန်ရှိလူကြီးမင်းများ ၊ ကံထူးရှင်များနှင့်မိသားစုဝင်များ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ နှင့် Media များမှလည်း တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ ဆုပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားအား ကျင်းပခဲ့ရာ MPU/UPI Co-brand Credit Card ကိုင်ဆောင်အသုံးပြုသူများထဲမှ

4th Price – Apple Watch အား ရန်ကုန်မြို့မှ ကိုမျိုးရွှေ အားလည်းကောင်း
3rd Prize – ipad Mini အား ပဲခူးမြို့မှ မနီနီလေး အားလည်းကောင်း
2nd Prize – New ipad အား ရန်ကုန်မြို့မှ မအေးအေးမြိုင် အားလည်းကောင်း
1st Prize – iPhone X အား ရန်ကုန်မြို့မှ မနှင်းအိအိအောင် အားလည်းကောင်း
Grand Prize – iPhone XR အား Winner ဖြစ်သူ ရန်ကုန်မြို့မှ မခိုင်ခိုင်ဆွေ အားလည်းကောင်း အသီးသီးဆုပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။