(၂၅)နှစ်မြောက် ငွေရတု နှစ်ပတ်လည် အထိမ်းအမှတ် မိတ်ဆုံညစာ စားပွဲအခမ်းအနားကျင်းပခဲ့ခြင်း

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ (၂၅)နှစ် မြောက် ငွေရတု နှစ်ပတ်လည် အထိမ်းအမှတ် မိတ်ဆုံညစာ စားပွဲအခမ်းအနားကို
ကမ္ဘာအေး ဘုရားလမ်း၊ ဗဟန်းမြို့နယ်ရှိ MELIA HOTEL YANGON (Grand Ballroom 2nd Floor ) တွင်
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့ ညနေ (၆:၀၀)နာရီ မှ ည(၉:၀၀) နာရီအထိ အောင်မြင်စွာကျင်းပ နိုင်ခဲ့ပါတယ်။

အခမ်းအနားတွင် မြန်မာအရှေ့တိုင်းဘဏ် ဥက္ကဌ ဒေါ်ကြည်ကြည်သန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါ်သန်းသန်းဆွေ ၊ မြန်မာအရှေ့တိုင်းဘဏ် (Chief Executive Officer & Advisor to the Chairman) Mr Dominic Mario Notario နှင့် Mr.Vikram Kumar, Country Director, Thailand and Myanmar, International Finance Corporation(IFC) တို့မှ ဂုဏ်ပြုစကားများ တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။