(၂၅)နှစ်ပြည့်ငွေရတုအထိမ်းအမှတ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အလှူငွေပေးအပ် (my)

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ (၂၅) နှစ်ပြည့်ငွေရတုအထိမ်းအမှတ်

၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာ (၁၅) ရက်နေ့၊ ရန်ကုန်မြို့

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ ၁၈.၁၁.၂၀၁၈ ရက်နေ့တွင်ကျရောက်မည့် (၂၅)နှစ်ပြည့် ငွေရတု အထိမ်းအမှတ်အဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆေးရုံတွင် လိုအပ်လူနာများအတွက် ဘက်စုံအသုံးပြုနိုင်ရန် အလှူငွေကျပ် – ၂၅၀၀,၀၀၀/- (ကျပ်နှစ်ဆယ့်ငါးသိန်းတိတိ) ကို မြန်မာအရှေ့တိုင်းဘဏ်မိသားစုမှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လှူဒါန်းခဲ့ပါသည်။