(၂၅) နှစ်ပြည့်ငွေရတုအထိမ်းအမှတ် မေရီချက်(ပ်)မင်း နားမကြားသောကလေးများ ကျောင်းသို့အလှူငွေပေးအပ်ခြင်း

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ (၂၅) နှစ်
ပြည့်ငွေရတုအထိမ်းအမှတ်အလှူငွေပေးအပ်လှူဒါန်းခြင်း

၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာ (၁၄) ရက်နေ့၊
ရန်ကုန်မြို့

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏၁၈.၁၁.၂၀၁၈ ရက်နေ့တွင်ကျရောက်မည့်(၂၅)နှစ်ပြည့် ငွေရတု အထိမ်းအမှတ်အဖြစ်
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် မေရီချက်(ပ်)မင်း နားမကြားသောကလေးများ ကျောင်းသို့ကလေးများ အနာဂတ်အတွက် အထောက် အကူဖြစ်စေရန် ရည်ရွယ်၍ ဘက်စုံအသုံးပြုနိုင်ရန် အတွက်အလှူငွေကျပ် – ၂၅၀၀,၀၀၀/- (ကျပ်နှစ်ဆယ့်ငါးသိန်းတိတိ) ကို မြန်မာအရှေ့တိုင်းဘဏ်မိသားစုမှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့်လှူဒါန်းခဲ့ပါသည်။