MOB-GIZ တို့ပူးပေါင်းပြုလုပ်သည့် “ Non- Financial Instruments Accounting Policies and Manual Handover”အခမ်းအနားကျင်းပခြင်း။

မြန်မာအရှေ့တိုင်းဘဏ်လီ မိတက် နှင့် GIZ အဖွဲ့အစည်း တို့ပူးပေါင်း၍ IFRS Transformation Project ၏ Milestone တစ်ခုဖြစ်သော “Non-Financial Instruments Accounting Policies and Manual Handover “ အခမ်းအနားအား ၂၀၁၉ ခုနှစ် ဧပြီလ (၂၃)ရက်နေ့တွင် ရန်ကုန်မြို့ Sule Shangri-La Hotel ၌ အောင်မြင်စွာကျင်းပပြု လုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်မင်း၊ GIZ Project Director Mr.Armin Hofmann နှင့်အဖွဲ့ဝင်များ၊ BFRIC ကော်မတီ၏ ဥက္ကဋ္ဌ ဒေါက်တာ တင်လတ်၊ ဝင်းသင်နှင့် စာရင်းစစ်များအဖွဲ့၏ ဥက္ကဋ္ဌ […]

Transforming to Digital Payment

မြန်မာအရှေ့တိုင်းဘဏ်လီမိတက် မှ ၂၀၁၉ ခုနှစ် မတ်လ ၂၀ ရက်နေ့ Junction City Promotion Area တွင် Myanmar Payment Union(MPU) မှ ကြီးမှူးကျင်းပသော Transforming to Digital Payment System ပွဲတွင် MOB မှ MPU Debit Card Promotion အစီအစဉ်များဖြင့် ပြပွဲတွင်ပါဝင် ပြသခဲ့ပါသည်။

Chin State Investment and Product Fair

March 16th ~ 17th 2019,Yangon. ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Convention Center ( MCC) ၌ (၁၆.၃.၂၀၁၉) နေ့တွင် ကျင်း ပပြုလုပ်သော “Chin State Investment and Product Fair” တွင် ချင်းဒေသ တိုင်းရင်းသား လုပ်ငန်းရှင်များပံ့ပိုးကူညီခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းတိုးတက်လာစေရန်နှင့် SME လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်အတွက် မြန်မာအရှေ့တိုင်းဘဏ်လီမိတက်မှ Co- Sponsor အဖြစ်ပါဝင် ကူညီခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ မြန်မာအရှေ့တိုင်းလီမိတက်၏ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်သန်းမှ တက်ရောက် ချီးမြှင့်ခဲ့ပါသည်။ Transforming to Digital Payment မြန်မာအရှေ့တိုင်းဘဏ်လီမိတက် မှ ၂၀၁၉ ခုနှစ် […]

ပဗ္ဗဇ္ဇအမွေ ရှင်သာမဏေ ရှင်အပါး (၃၀) ရှင်ပြု အလှူတော် မင်္ဂလာ

ဒေါ်ကြည်ကြည်သန်း (ဥက္ကဌ) မြန်မာအရှေ့တိုင်းဘဏ်လီမိတက် (MOB) , (ဥက္ကဌ) အိုရီရင်တယ်(လ်)လီစင် ကုမ္ပဏီလီမိတက် (OLCL) မိသားစုတို့မှ ရှင်အပါး (၃၀) တို့အား ရှစ်ဖျာပရိက္ခရာစုံလင်စွာဖြင့် “ပဗ္ဗဇ္ဇအမွေ ရှင်သာမဏေ” အဖြစ် ရှင်ပြုအလှူတော်မင်္ဂလာပွဲကို သာသနာ့ဇောတိကာရုံကျောင်းတိုက် ပန်းတောင်းမြို့နယ် ပဲခူးတိုင်းတွင် (၇.၄.၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကောင်းမှုကုသိုလ်အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။