GIRLS GET EQUAL 2019 & YOUTH CAREER FAIR

၂၀၁၉ ခုနစ်၊ နိုဝင်ဘာလ(၂၀)ရက်၊ ကမ္ဘာ့ ကလေးသူငယ်များနေ့ (World Children’s Day) တွင် ပြည်သူ့ရင်ပြင်ကွင်း(၁) ၌ Plan International Myanmar နှင့်ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ (YRYAC) တို့ပူးပေါင်း၍ မြန်မာလူငယ်များအတွက် အလုပ်အကိုင်အခွင့်အရေး ကျယ်ပြန့်စွာ ရွေးချယ်ခွင့်ရရှိနိုင်ရေး၊ အမျိုးသမီးများ လုပ်ငန်းခွင်တန်းတူအခွင့်အရေးရရှိနိုင်ရေးစသည့်ရည်ရွယ်ချက်ဖြင်ကျင်းပခဲ့သော “Girls Get Equal 2019 & Youth Career Fair” တွင် မြန်မာအရှေ့တိုင်းဘဏ်မှလည်း ဂုဏ်ယူဝမ်းမြောက်စွာ ဖြင့်ပူးပေါင်းပါဝင်ခဲ့ပါသည်။ (အလုပ်လျှောက်ထားလိုသူများသည် ရုံးချိန်အတွင်း ဖုန်း ၀၉-၄၂၉၉၅၃၀၃၀၊ ၀၉-၄၂၉၉၅၃၀၃၁ သို့ဆက်သွယ်မေးမြန်း၍ အမှတ် (190/194) Hotel K 6- Floor,Room B ပန်းဆိုးတန်း(အလယ်လမ်း)၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့ သို့လူကိုယ်တိုင်လာရောက် […]

Girls Get Equal 2019 & Youth Career Fair

၂၀၁၉ ခုနစ်၊ နိုဝင်ဘာလ(၂၀)ရက်၊ ကမာ့္ဘ ကလေးသူငယ်များနေ့ (World Childern’s Day) တွင် ပြည်သူ့ရင်ပြင်ကွင်း(၁) ၌ Plan International Myanmar နှင့်ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ (YRYAC) တို့ပူးပေါင်း၍ မြန်မာလူငယ်များအတွက် အလုပ်အကိုင်အခွင့်အရေး ကျယ်ပြန့်စွာ ရွေးချယ်ခွင့်ရရှိနိုင်ရေး၊ အမျိုးသမီးများ လုပ်ငန်းခွင် တန်းတူအခွင့်အရေးရရှိနိုင်ရေးစသည့်ရည်ရွယ်ချက်ဖြင်ကျင်းပခဲ့သော “Girls Get Equal 2019 & Youth Career Fair” တွင် မြန်မာအရှေ့တိုင်းဘဏ်မှလည်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့်ပူးပေါင်းပါဝင်ခဲ့ပါသည်။ (အလုပ်လျှောက်ထားလိုသူများသည် ရုံးချိန်အတွင်း ဖုန်း ၀၉-၄၂၉၉၅၃၀၃၀၊ ၀၉-၄၂၉၉၅၃၀၃၁ သို့ဆက်သွယ်မေးမြန်း၍ အမှတ် (190/194) Hotel K 6- Floor,Room B ပန်းဆိုးတန်း(အလယ်လမ်း)၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့ သို့လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်။)

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏(၂၆)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏(၂၆)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ် အလှူမင်္ဂလာကို ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၆)ရက်၊ ၁၇.၁၁.၂၀၁၉ (တနင်္ဂနွေနေ့) ၌ ပဉ္စနိကာယသာသနဗိမာန်ကျောင်းတိုက်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား သင်္ကန်း၊လှူဖွယ်ဝတ္ထုအစုစုနှင့်တကွ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဤအလှူမင်္ဂလာကို မိဘပြည်သူ မိတ်ဟောင်းမိတ်သစ်များ “သာဓုအနုမောဓနာ” ခေါ်ဆိုနိုင်စေရန် အလို့ငှါ မျှဝေလိုက်ပါသည်။

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏(၂၆)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏(၂၆)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ် အလှူမင်္ဂလာကို ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၆)ရက်၊ ၁၇.၁၁.၂၀၁၉ (တနင်္ဂနွေနေ့) ၌ ပဉ္စနိကာယသာသနဗိမာန်ကျောင်းတိုက်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား သင်္ကန်း၊ လှူဖွယ်ဝတ္ထုအစုစုနှင့်တကွ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဤအလှူမင်္ဂလာကို မိဘပြည်သူ မိတ်ဟောင်းမိတ်သစ်များ “သာဓုအနုမောဓနာ” ခေါ်ဆိုနိုင်စေရန် အလို့ငှါ မျှဝေလိုက်ပါသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် World Savings Day Forum & Savings Fair

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် World Savings Day Forum & Savings Fair ကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာ(၁၅)ရက်နေ့ တွင် ရန်ကုန်မြို့ ဝန်ကြီးများရုံး၌ကျင်းပခဲ့ပါသည်။ မြန်မာအရှေ့တိုင်းဘဏ် မှ Co-Sponsor အဖြစ်ပူးပေါင်းပါဝင်ခဲ့ပြီး ပြပွဲချိန်အတွင်း ၏ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအားလာရောက်စုံစမ်းသူမိဘပြည်သူများအား အမှတ်တရလက်ဆောင်များကံစမ်းရယူစေခြင်း သာမက အလုပ်လျှောက်ထားလိုသူများ၏အလုပ်လျှောက်လွှာများကိုလည်းလက်ခံရယူခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ” World Savings Day Forum & Savings Fair “

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် World Savings Day Forum & Savings Fair ကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာ(၁၆)ရက်နေ့ တွင် ရန်ကုန်မြို့ ဝန်ကြီးများရုံး၌ကျင်းပခဲ့ပါသည်။ မြန်မာအရှေ့တိုင်းဘဏ် မှ Co-Sponsor အဖြစ်ပူးပေါင်းပါဝင်ခဲ့ပြီး ပြပွဲချိန်အတွင်း ၏ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအားလာရောက်စုံစမ်းသူမိဘပြည်သူများအား အမှတ်တရလက်ဆောင်များကံစမ်းရယူစေခြင်း သာမက အလုပ်လျှောက်ထားလိုသူများ၏အလုပ်လျှောက်လွှာများကိုလည်းလက်ခံရယူခဲ့ပါသည်။