[vc_row][vc_column][vc_column_text]

အမှုဆောင်အရာရှိချုပ်၏ အမှာစကား

[/vc_column_text][/vc_column][vc_column width=” 2/3″ el_id=” GOV_1″][vc_column_text el_id=” CEO” ]၁၉၉၃ ခုနှစ်မှစတင်၍ မြန်မာအရှေ့တိုင်းဘဏ်သည် ဆန်းသစ်သော ဘဏ်လုပ်ငန်းများနှင့်ဝန်ဆောင်မှုများကို မြန်မာနိုင်ငံတစ်ဝှမ်း မှာရှိသည့် customers များကိုဖြည့်ဆည်းပေးလျှက်ရှိပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားပြသပေးမှု၊ Board ၏ လမ်းညွှန်မှု၊ ဘဏ်၏ စီမံခန့်ခွဲမှုအရာရှိများနှင့် ဝန်ထမ်းများ၏ အထောက်အပံ့များဖြင့် မြန်မာအရှေ့တိုင်းဘဏ်ဆိုသည့် အမည်အား ကောင်းမွန်သောဝန်ဆောင်မှု၊ ယုံကြည်စိတ်ချရမှု နှင့် စိတ်ချရသောဘဏ်လုပ်ငန်းစဉ်များစသည့်ကောင်းသောဂုဏ် သတင်းများဖြင့် အမည်တစ်ခုအားထူထောင်နိုင်ခဲ့ပါသည်။

၂၀၁၈ မတ်လ တွင် မြန်မာအရှေ့တိုင်းဘဏ်တွင်စတင်အလုပ်ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ခရီးလှည့်လည်ကာ ဘဏ်ရဲ့ customers များ၊ ဘဏ်ခွဲများ နှင့် ဘဏ်ခွဲများရှိဝန်ထမ်းများအားလုံးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဲ့လိုခရီးသွားလာခဲ့တဲ့အတွက် မြန်မာအရှေ့တိုင်းဘဏ်ရဲ့ ပြည်သူများအပေါ်မည်မျှအကျိုးသက်ရောက်မှုရှိနေသလဲဆိုသည်ကိုလေ့လာခွင့်ရခဲ့ပါသည်။ အဆိုပါသွားလာခဲ့သည့် ခရီးများမှနေပြီး ဘဏ်ရဲ့ လုပ်ငန်းလုပ်ကိုင်မှုပုံစံ နဲ့ အဆိုပါလုပ်ကိုင်မှုပုံစံကနေ ဘယ်လို နေ့စဉ်ဘဏ် လုပ်ငန်းလုပ်ဆောင်မှုတွေကို တွန်းအားပေးနေသလဲဆိုသည့်အချက်များကိုနားလည်သိရှိခဲ့ပါသည်။ အနှစ်ချုပ်အားဖြင့် ကျွန်တော်တို့ ဘဏ်သည် ကိုယ့်ကိုကိုယ်နှိမ့်ချရိုးကျိုးတဲ့ဘဏ်ဖြစ်ပေမယ့် ကြီးမားတဲ့ ရည်မှန်းချက်တွေရှိတဲ့ဘဏ်ဖြစ်ပါတယ်။

မြန်မာအရှေ့တိုင်းဘဏ်ဟာဆိုရင် အဓိကအားဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အသေးစားနှင့် အလတ်စားလုပ်ငန်းများကိုပံ့ပိုးကူ ညီသည့်ဘဏ်အဖြစ်ဦးဆောင်နေပါတယ်။ ဘဏ်သက်တမ်း ၂၅ နှစ်ပြည့်ဆိုသည့်မှတ်တိုင်အားစိုက်ထူနိုင်ခဲ့ခြင်းသည် အတိတ်တစ် ခုအဖြစ်ရှိနေသည်မဟုတ်ဘဲ ခရီးသစ်တစ်ခုကိုစတင်ဖို့အစပျိုးခြင်းသာဖြစ်ပါသည်။ ကျွန်တော်တို့ဘဏ်ဟာဆိုရင် အခုဆိုရင် ခေတ်နဲ့အညီဆန်းသစ်သော ဘဏ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုများကိုပေးနိုင်ရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်နေသည့် အချိန်ဖြစ်ပါသည်။[/vc_column_text][/vc_column][vc_column width=” 1/3″ el_id=” PPPP” ][vc_single_image image=” 9320″ img_size=” 320 x 360″ alignment=” center” onclick=” img_link_large” img_link_target=” _blank” el_id=” CEO_IMG” ][/vc_column][vc_column el_id=” GOV” ][vc_column_text]မြန်မာအရှေ့တိုင်းဘဏ်၏ လုပ်ငန်းပုံစံဖြစ်သည့် နှိမ်ချရိုးကျိုးသော်လည်း ကြီးမားတဲ့ရည်မှန်းချက်များရှိသည့် ဘဏ်ဖြစ်သည့် အညီ ကျွန်တော်တို့သတိပြုမိသည်မှာ ထိုသို့ပြုပြင်ပြောင်းလဲမှုများပြုလုပ်နေသည့်ခရီးသား ကမန်တော်တို့ဘဏ်တစ်ခုတည်းက ပြုလုပ် နိုင်သည့် ကိစ္စရပ်မဟုတ်ခြင်းဖြစ်ပါသည်။ မြန်မာအရှေ့တိုင်းဘဏ်အနေဖြင့် ယုံကြည်ထားသည်မှာ ဘဏ်၏ရှေ့အောင်မြင်မှု အား လုံးပင်မကျောရိုးသည် ရေရှည်တည်တဲ့ခိုင်မြဲပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် ပူးပေါင်းမှုများပေါ်တွင် အခြေခံသည်ဆိုခြင်းဖြစ်ပါ သည်။

လွန်ခဲ့သော ၂၀၁၂ ခုနှစ်မှစ၍ ကျွန်တော်တို့ဘဏ်အနေဖြင့် ကျွန်တော်တို့ရဲ့ customers များ အကျိုးပိုမိုဖြစ်ထွန်းစေရန်အတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ရန် နိုင်ငံခြားဘဏ်လုပ်ငန်းအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ကျွန်တော်တို့ရဲ့ အဓိက ပါတနာများမှာ ပူးပေါင်းဆောင်ရွက်နေသည့် ဘဏ်များ၊ Western Union၊ Union Pay၊ E-Sun Bank၊ GIZ၊ Temenos၊ Techmill၊ Ongo နှင့် International Finance Corporation တို့ဖြစ်ပါသည်။ ရှေ့လာမည့်နှစ်များတွင်လည်း ဘဏ်၏ပြုပြင်ပြောင်းလဲမှုခရီးနှင့် ရေရှည်ဆောင်ရွက်မည့် လုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေရန် အသစ်အသစ်သော ပြည်တွင်းနှင့်ပြည်ပ ဘဏ်လုပ်ငန်းအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းသွားမည်ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် ဘဏ်ဥက္ကဋ္ဌ၊ ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများကိုယခုလိုပြုပြင်ပြောင်းလဲမှုများပြုလုပ်နေသည့် မြန်မာအရှေ့တိုင်း ဘဏ်ကို ဦးဆောင်ခွင့်ပြုခဲ့သည့်အတွက် ကျေးဇူးတင်စကားပြောကြားလိုပါသည်။[/vc_column_text][/vc_column][/vc_row]