ဘဏ်ဥက္ကဋ္ဌ၏အမှာစကား

မြန်မာအရှေ့တိုင်းဘဏ်ကို ၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ ဘဏ်ဖွင့်လှစ်ခဲ့သည် မှာ ယခုနှစ်ဆိုလျှင် ငွေရတုတိုင်ခဲ့ပြီဖြစ်ပြီး ယုံကြည်စိတ်ချရဆုံးနှင့် ဝန်ဆောင်မှုအကောင်းဆုံးအဖြစ်ရပ်တည်နိုင်ခဲ့ပါသည်။ စတင် တည်ထောင်ပြီး ၁၀ စုနှစ်အတွင်း ကျွန်မတို့ဘဏ်အနေဖြင့် ကုမ္ပဏီပေါ်လစီများ၊ စည်းမျဉ်းများ၊ Board Directors များ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ လူသားအရင်းအမြစ်ဆိုင်ရာပေါ်လစီများ နှင့် အခြေခံကျသော အဖွဲ့အစည်းဆိုင်ရာ လိုအပ်ချက်များကို အတွေ့အကြုံရှိသောဘဏ်လုပ်ငန်းရှင်များ နှင့်စီးပွားရေးလုပ်ငန်းရှင်များ၏ အကြံအဉာဏ်များဖြင့်ချမှတ်ခဲ့ပါ သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ယုံကြည်မှုနှင့် ကူညီပံ့ပိုးပေးမှုကြောင့် ကျွန်မတို့ မြန်မာအရှေ့တိုင်းဘဏ်အနေဖြင့် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းကဏ္ဍတွင် စည်းမျဉ်းစည်းကမ်းအရှိဆုံးဘဏ်အနေဖြင့်ရပ်တည်နိုင်ခဲ့ပါသည်။ ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ ငွေချေးလုပ်ငန်း၊ credit cards, trust operations, foreign exchange, နှင့် international Visa card လုပ်ငန်း များအတွက် ခွင့်ပြုမိန့်ပထမဦးဆုံးရရှိခဲ့သောဘဏ်အဖြစ် အထူးဂုဏ်ယူမိပါသည်။

၂၀၀၃ ခုနှစ်တွင် ဘဏ်တည်ထောင်မှု ၁၀ ပြည့်မြောက်သည့်နှစ်တွင် ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး အခက်အခဲကျပ်တည်းမှု နှင့် ကြုံကြိုက်ခဲ့သောလည်း ထိုအခက်အခဲအားကျော်လွှားနိုင်ခဲ့ပါသည်။ ထိုသို့ကျော်လွှားနိုင်မှုသည် ကျွန်မတို့ဘဏ်၏ဘဏ်လုပ်ငန်း များလည်ပတ်မှု ကောင်းမွန်မှုနှင့် ကုမ္ပဏီအတွင်းစီမံခန့်ခွဲမှုကောင်းမွန်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ လတ်တလော ၁၀ နှစ်တာ ကာလအတွင်းတွင်မြန်မာအရှေ့တိုင်းဘဏ်အနေဖြင့် ကျွန်မတို့၏ သစ္စာရှိ customers များအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးနိုင်ရန် အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းအဖွဲ့အစည်းများနှင့်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

Chair
  • အပြည်ပြည်ဆိုင်ရာ Western Union ငွေလွှဲဝန်ဆောင်မှုကို ပထမဆုံးပေးနိုင်ခဲ့ပါသည်။
  • ဘဏ်၏ဝန်ဆောင်မှုအရည်အသွေးကိုမြှင့်တင်ရန်အတွက် ဘဏ်မှဝန်ထမ်းများအား ထိုင်ဝမ်နိုင်ငံ ESun Bank မှသင်တန်းများပေးခြင်း
  • International Finance Corporation မှပြုလုပ်သည့် Global Finance Program တွင်ပါဝင်ခြင်း
  • International Finance Corporation (IFC) ထံမှ လွှဲပြောင်းနိုင်သော ချေးငွေ ဒေါ်လာ ၇ သန်းနှင့်အတူ ဘဏ်လုပ်ငန်းစီမံအုပ်ချုပ်မှု၊ IT၊ Risk စီမံခန့်ခွဲမှု၊ credit၊ trade finance နှင့် treasury ဝန်ဆောင်မှုများအတွက် အကြံဉာဏ်များ လက်ခံရရှိခြင်း
  • GIZ မှပြုလုပ်သည့် ကနဦးစမ်းသပ်ပြုလုပ်သည့် IFRS 9 အတွက် ပါဝင်ရန်ရွေးချယ်သည့် ဘဏ် ၃ ဘဏ်ထဲတွင် တစ်ခု အပါအဝင်ဖြစ်ခြင်း
  • Union Pay International နှင့်ပူးပေါင်း၍ co-branded cards များထုတ်ပေးခြင်း
  • Mobile wallet application နှင့် digital payroll services ကို Ongo နှင့်ပူးပေါင်း၍ ဝန်ဆောင်မှုပေးခြင်း
  • မကြာသေးမှီက ဘဏ်၏အဓိက ဘဏ်လုပ်ငန်းနှင့်ပတ်သက်သည့် system တစ်ခုလုံးအား အလိုအလျောက်စနစ်နှင့် လုပ်ငန်းစွမ်းရည်ပိုမိုကောင်းမွန်ရန် Temenos ၏ T24 system သို့ ဘဏ်ခွဲများအားလုံးတွင် အဆင့်မြှင့်တင်ခြင်း

မြန်မာအရှေ့တိုင်းဘဏ်ကို ခေတ်မှီဘဏ်တစ်ခုဖြစ်လာစေရန်နှင့် အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းအဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်နေမှုသည် ကျွန်မတို့ဘဏ်ရဲ့ Vision ဖြစ်တဲ့မြန်မာနိုင်ငံကြီးခေတ်မှီတိုးတက်စေရန်အတွက် ခေတ်မှီသော ငွေကြေး ဆိုင်ရာ အထောက်အပံ့တစ်ခုဖြစ်လာစေရေးကိုအထောက်အကူဖြစ်ပါသည်။