မြန်မာ့ရိုးရာထမနဲပွဲတော်

မြန်မာသက္ကရာဇ် ၁၃၈၁ တပိုတွဲလဆန်း ၁၄ ရက် (7.2.2020) ‌နေ့တွင် မြန်မာအရှေ့တိုင်းဘဏ်မိသားစုမှ မြန်မာ့ရိုးရာထမနဲပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ပြီး ဝန်ထမ်းမိသားစုဦးရေ ၁,ဝဝဝ ကျော်အား ထမနဲအလှူဒါနများပြုလုပ်ခဲ့ပါသည်။

ပဲခူးကလေးစာပေပွဲတော်

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့ နှင့် (၈)ရက်နေ့ တို့တွင် ပဲခူးတိုင်းဒေသကြီး၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန နှင့် ပဲခူးမြို့စာပေချစ်သူများ ဦးဆောင်ကျင်းပသော ဒုတိယအကြိမ်မြောက် “ကလေးစာပေပွဲတော်” ကို ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၌ ကျင်းပပြုလုပ်ခဲ့ ပြီး မြန်မာအရှေ့တိုင်းဘဏ်မှ ကျောင်းသူ၊ကျောင်းသား ကလေးသူငယ်များ ၏စာပေ၊ဗဟုသုတက တိုးတတ်ပြန့်ပွားရေး အတွက် ပူးပေါင်းပါဝင်ခဲ့ပါသည်။ ထိုပွဲတော်အတွင်း မြန်မာအရှေ့တိုင်းဘဏ်၊ ပဲခူးဘဏ်ခွဲ မှ ပညာရေးနှင့်သက်ဆိုင်သော ဘဏ် Product များကို ခင်းကျင်းပြသခဲ့ပြီး ကျောင်းသူ၊ကျောင်းသား ကလေးသူငယ် များကို ကျွေးမွေးလှုဒါန်းခဲ့ပါသည်။

GIRLS GET EQUAL 2019 & YOUTH CAREER FAIR

၂၀၁၉ ခုနစ်၊ နိုဝင်ဘာလ(၂၀)ရက်၊ ကမ္ဘာ့ ကလေးသူငယ်များနေ့ (World Children’s Day) တွင် ပြည်သူ့ရင်ပြင်ကွင်း(၁) ၌ Plan International Myanmar နှင့်ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ (YRYAC) တို့ပူးပေါင်း၍ မြန်မာလူငယ်များအတွက် အလုပ်အကိုင်အခွင့်အရေး ကျယ်ပြန့်စွာ ရွေးချယ်ခွင့်ရရှိနိုင်ရေး၊ အမျိုးသမီးများ လုပ်ငန်းခွင်တန်းတူအခွင့်အရေးရရှိနိုင်ရေးစသည့်ရည်ရွယ်ချက်ဖြင်ကျင်းပခဲ့သော “Girls Get Equal 2019 & Youth Career Fair” တွင် မြန်မာအရှေ့တိုင်းဘဏ်မှလည်း ဂုဏ်ယူဝမ်းမြောက်စွာ ဖြင့်ပူးပေါင်းပါဝင်ခဲ့ပါသည်။ (အလုပ်လျှောက်ထားလိုသူများသည် ရုံးချိန်အတွင်း ဖုန်း ၀၉-၄၂၉၉၅၃၀၃၀၊ ၀၉-၄၂၉၉၅၃၀၃၁ သို့ဆက်သွယ်မေးမြန်း၍ အမှတ် (190/194) Hotel K 6- Floor,Room B ပန်းဆိုးတန်း(အလယ်လမ်း)၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့ သို့လူကိုယ်တိုင်လာရောက် […]

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏(၂၆)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏(၂၆)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ် အလှူမင်္ဂလာကို ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၆)ရက်၊ ၁၇.၁၁.၂၀၁၉ (တနင်္ဂနွေနေ့) ၌ ပဉ္စနိကာယသာသနဗိမာန်ကျောင်းတိုက်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား သင်္ကန်း၊ လှူဖွယ်ဝတ္ထုအစုစုနှင့်တကွ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဤအလှူမင်္ဂလာကို မိဘပြည်သူ မိတ်ဟောင်းမိတ်သစ်များ “သာဓုအနုမောဓနာ” ခေါ်ဆိုနိုင်စေရန် အလို့ငှါ မျှဝေလိုက်ပါသည်။

MPU ၏တတိယအကြိမ်မြောက် “ဆီမီး (၁၁၀၀၀) ကပ်လှူပူဇော်ပွဲ”

၁၃၈၁ ခု၊ တန်ဆောင်မုန်းလဆန်း (၈) ရက် (၄.၁၁.၂၀၁၉) နေ့တွင် Myanmar Payment Union (MPU) မိသားစုမှ ကြီးမှူး ကျင်းပသော တတိယအကြိမ်မြောက် “ဆီမီး (၁၁၀၀၀) ကပ်လှူပူဇော်ပွဲ” ၌ မြန်မာအရှေ့တိုင်းဘဏ် (MOB) မိသားစု မှ ပူးပေါင်းပါဝင် ပူဇော်ခဲ့ပြီး ဤဆီးမီးအလှူကို မိဘပြည်သူ မိတ်ဟောင်းမိတ်သစ်များ “သာဓုအနုမောဓနာ” ခေါ်ဆိုနိုင်စေရန် အလို့ငှါ မျဝေလိုက်ပါသည်။

ရေဘေးသင့်ဒေသများသို့လှူဒါန်းခြင်း

မြန်မာအရှေ့တိုင်းဘဏ် မော်လမြိုင်ဘဏ်ခွဲ၊ ဘားအံဘဏ်ခွဲ၊ ပေါင်းတည်ဘဏ်ခွဲနှင့် မကြာသေးမှီကဖွင့်လှစ်လိုက်သော ဇီးကုန်းဘဏ်ခွဲများမှ အဆိုပါဘဏ်ခွဲများတည်ရှိရာ ရေဘေးကျရောက်ခဲ့သောဒေသနှင့် အနီးအနားဒေသများမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ၊ အဝတ်အထည်၊ စားသောက်ကုန်ပစ္စည်းများ နှင့်အသုံးအဆောင်ပစ္စည်းများ၊ သောက်သုံးရန်ရေသန့်အစရှိသည်တို့ကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်မိသားစု၏ကဆုန်လပြည့်နေ့ အလှူ (ဗုဒ္ဓနေ့)

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်မိသားစုသည် ဗုဒ္ဓဘာသာ မြန်မာလူမျိူးတို့၏ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဖြစ်သော (၁၈.၅.၂၀၁၉၊ စနေနေ့) တွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မိုးကောင်းဆုတောင်းပြည့်စေတီတော်မြတ်ကြီး၌ ညောင်ရေသွန်းခြင်း၊ ဘုရားဖူးမိဘပြည်သူများအား စတုဒီသာအအေးလှူဒါန်းခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းတို့ကို ဘဏ်ဝန်ထမ်းများနှင့်အတူ တပျော်တပါးဆင်နွှဲကျင်းပကာ ကုသိုလ်ယူခဲ့ကြပါသည်။

ပဗ္ဗဇ္ဇအမွေ ရှင်သာမဏေ ရှင်အပါး (၃၀) ရှင်ပြု အလှူတော် မင်္ဂလာ

ဒေါ်ကြည်ကြည်သန်း (ဥက္ကဌ) မြန်မာအရှေ့တိုင်းဘဏ်လီမိတက် (MOB) , (ဥက္ကဌ) အိုရီရင်တယ်(လ်)လီစင် ကုမ္ပဏီလီမိတက် (OLCL) မိသားစုတို့မှ ရှင်အပါး (၃၀) တို့အား ရှစ်ဖျာပရိက္ခရာစုံလင်စွာဖြင့် “ပဗ္ဗဇ္ဇအမွေ ရှင်သာမဏေ” အဖြစ် ရှင်ပြုအလှူတော်မင်္ဂလာပွဲကို သာသနာ့ဇောတိကာရုံကျောင်းတိုက် ပန်းတောင်းမြို့နယ် ပဲခူးတိုင်းတွင် (၇.၄.၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကောင်းမှုကုသိုလ်အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။

ချင်းပြည်နယ်ရင်းနှီးမြုပ်နှံ့မှု နှင့် ထုတ်ကုန်ပြပွဲ

ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Convention Center ( MCC) ၌ (၁၆.၃.၂၀၁၉) နေ့တွင် ကျင်း ပပြုလုပ်သော “Chin State Investment and Product Fair” တွင် ချင်းဒေသ တိုင်းရင်းသား လုပ်ငန်းရှင်များပံ့ပိုးကူညီခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းတိုးတက်လာစေရန်နှင့် SME လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်အတွက် မြန်မာအရှေ့တိုင်းဘဏ်လီမိတက်မှ Co- Sponsor အဖြစ်ပါဝင် ကူညီခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ မြန်မာအရှေ့တိုင်းလီမိတက်၏ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်သန်းမှ တက်ရောက် ချီးမြှင့်ခဲ့ပါသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဝန်ထမ်းဟောင်းများအသင်းသို့ အလှူငွေပေးအပ်ခြင်း

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဝန်ထမ်းဟောင်းများအသင်းမှ (၄.၁.၂၀၁၉) ရက်နေ့တွင် တာမွေလေးရပ်ကွက် ပင်ရွှေညောင်လမ်းရှိ အလိုတော်ပြည့်ကျောင်းတိုက်တွင်ပြုလုပ်မည့် အသက် (၈၀) နှင့်အထက် ဝန်ထမ်းဟောင်းများအား ဂါရဝပြုသက်ကြီးပူဇော်ပွဲပြုလုပ်ရာတွင် ဘက်စုံအသုံးပြုနိုင်ရန် ရည်ရွယ်၍မြန်မာအရှေ့တိုင်းဘဏ်မိသားစုမှမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဝန်ထမ်းဟောင်းများအသင်းသို့ (၁၂.၁၂.၂၀၁၈) ရက်နေ့ ပေးအပ်လှူဒါန်းခဲ့ပါသည်။