မြန်မာသက္ကရာဇ် ၁၃၈၁ တပိုတွဲလဆန်း ၁၄ ရက် (7.2.2020) နေ့တွင် မြန်မာအရှေ့တိုင်းဘဏ်မိသားစုမှ မြန်မာ့ရိုးရာထမနဲပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ပြီး ဝန်ထမ်းမိသားစုဦးရေ ၁,ဝဝဝ ကျော်အား ထမနဲအလှူဒါနများပြုလုပ်ခဲ့ပါသည်။
မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက်၏ အသစ်ထပ်မံဖွင့်လှစ်သောငပလီဘဏ်ခွဲအား အမှတ်(၃၄၆/၁)၊ ငပလီလမ်းမကြီး၊လင်းသာရပ်ကွက်၊ ငပလီမြို့နယ်၊ သံတွဲခရိုင်တွင် (၂ဝ.၁.၂ဝ၂ဝ) တနင်္လာနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း မိတ်ဟောင်း မိတ်သစ်မိဘပြည်သူများအား ကြိုတင်အသိပေးကြေငြာအပ်ပါသည်။
မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ၏ ၂၆ ကြိမ်မြောက် အထွေထွေနှစ်ပတ်လည် အစည်းအဝေးပွဲအခမ်းအနား ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့ ၌ ရန်ကုန်မြို့ Sule Shangrila Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ယင်း အစည်းအဝေးပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးပါသော သဘာပတိ မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ဥက္ကဌ ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ အစုရှယ်ယာရှင်များ၊ စာရင်းစစ်ကော်မတီအဖွဲ့ဝင်များ၊ ဝင်းသင်နှင့်စာရင်းစစ်များအဖွဲ့ မှ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ JF GROUP မှတာဝန်ရှိသူများ၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ၏ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ နှင့် တက်ရောက်လာကျပါသော ဂုဏ်သရေရှိလူကြီးမင်းများ အားလုံးကိုမြန်မာအရှေ့တိုင်းဘဏ် မှ အထူးကျေးဇူးတင်ရှိပါသည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့ နှင့် (၈)ရက်နေ့ တို့တွင် ပဲခူးတိုင်းဒေသကြီး၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန နှင့် ပဲခူးမြို့စာပေချစ်သူများ ဦးဆောင်ကျင်းပသော ဒုတိယအကြိမ်မြောက် “ကလေးစာပေပွဲတော်” ကို ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၌ ကျင်းပပြုလုပ်ခဲ့ ပြီး မြန်မာအရှေ့တိုင်းဘဏ်မှ ကျောင်းသူ၊ကျောင်းသား ကလေးသူငယ်များ ၏စာပေ၊ဗဟုသုတက တိုးတတ်ပြန့်ပွားရေး အတွက် ပူးပေါင်းပါဝင်ခဲ့ပါသည်။ ထိုပွဲတော်အတွင်း မြန်မာအရှေ့တိုင်းဘဏ်၊ ပဲခူးဘဏ်ခွဲ မှ ပညာရေးနှင့်သက်ဆိုင်သော ဘဏ် Product များကို ခင်းကျင်းပြသခဲ့ပြီး ကျောင်းသူ၊ကျောင်းသား ကလေးသူငယ် များကို ကျွေးမွေးလှုဒါန်းခဲ့ပါသည်။
၂၀၁၉ ခုနစ်၊ နိုဝင်ဘာလ(၂၀)ရက်၊ ကမ္ဘာ့ ကလေးသူငယ်များနေ့ (World Children’s Day) တွင် ပြည်သူ့ရင်ပြင်ကွင်း(၁) ၌ Plan International Myanmar နှင့်ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ (YRYAC) တို့ပူးပေါင်း၍ မြန်မာလူငယ်များအတွက် အလုပ်အကိုင်အခွင့်အရေး ကျယ်ပြန့်စွာ ရွေးချယ်ခွင့်ရရှိနိုင်ရေး၊ အမျိုးသမီးများ လုပ်ငန်းခွင်တန်းတူအခွင့်အရေးရရှိနိုင်ရေးစသည့်ရည်ရွယ်ချက်ဖြင်ကျင်းပခဲ့သော “Girls Get Equal 2019 & Youth Career Fair” တွင် မြန်မာအရှေ့တိုင်းဘဏ်မှလည်း ဂုဏ်ယူဝမ်းမြောက်စွာ ဖြင့်ပူးပေါင်းပါဝင်ခဲ့ပါသည်။ (အလုပ်လျှောက်ထားလိုသူများသည် ရုံးချိန်အတွင်း ဖုန်း ၀၉-၄၂၉၉၅၃၀၃၀၊ ၀၉-၄၂၉၉၅၃၀၃၁ သို့ဆက်သွယ်မေးမြန်း၍ အမှတ် (190/194) Hotel K 6- Floor,Room B ပန်းဆိုးတန်း(အလယ်လမ်း)၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့ သို့လူကိုယ်တိုင်လာရောက် […]
မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏(၂၆)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ် အလှူမင်္ဂလာကို ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၆)ရက်၊ ၁၇.၁၁.၂၀၁၉ (တနင်္ဂနွေနေ့) ၌ ပဉ္စနိကာယသာသနဗိမာန်ကျောင်းတိုက်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား သင်္ကန်း၊ လှူဖွယ်ဝတ္ထုအစုစုနှင့်တကွ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဤအလှူမင်္ဂလာကို မိဘပြည်သူ မိတ်ဟောင်းမိတ်သစ်များ “သာဓုအနုမောဓနာ” ခေါ်ဆိုနိုင်စေရန် အလို့ငှါ မျှဝေလိုက်ပါသည်။
မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် World Savings Day Forum & Savings Fair ကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာ(၁၆)ရက်နေ့ တွင် ရန်ကုန်မြို့ ဝန်ကြီးများရုံး၌ကျင်းပခဲ့ပါသည်။ မြန်မာအရှေ့တိုင်းဘဏ် မှ Co-Sponsor အဖြစ်ပူးပေါင်းပါဝင်ခဲ့ပြီး ပြပွဲချိန်အတွင်း ၏ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအားလာရောက်စုံစမ်းသူမိဘပြည်သူများအား အမှတ်တရလက်ဆောင်များကံစမ်းရယူစေခြင်း သာမက အလုပ်လျှောက်ထားလိုသူများ၏အလုပ်လျှောက်လွှာများကိုလည်းလက်ခံရယူခဲ့ပါသည်။
၁၃၈၁ ခု၊ တန်ဆောင်မုန်းလဆန်း (၈) ရက် (၄.၁၁.၂၀၁၉) နေ့တွင် Myanmar Payment Union (MPU) မိသားစုမှ ကြီးမှူး ကျင်းပသော တတိယအကြိမ်မြောက် “ဆီမီး (၁၁၀၀၀) ကပ်လှူပူဇော်ပွဲ” ၌ မြန်မာအရှေ့တိုင်းဘဏ် (MOB) မိသားစု မှ ပူးပေါင်းပါဝင် ပူဇော်ခဲ့ပြီး ဤဆီးမီးအလှူကို မိဘပြည်သူ မိတ်ဟောင်းမိတ်သစ်များ “သာဓုအနုမောဓနာ” ခေါ်ဆိုနိုင်စေရန် အလို့ငှါ မျဝေလိုက်ပါသည်။
မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ ၂၀၁၈ – ၂၀၁၉ ခုနှစ် ဘဏ္ဍရေးနှစ် (ဧပြီလမှ ဇွန်လ)ထိ တတိယသုံးလပါတ်ကာလအတွင်း Deposit နှင့် Loan Target များပြည့်မှီအောင်အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်ပေးခဲ့သော Credit Department၊ Treasury Department၊ မြောင်းမြဘဏ်ခွဲ၊ ပုလောဘဏ်ခွဲ၊ ဒိုင်းမွန်းပလာဇာဘဏ်ခွဲ၊ ကျောင်းကုန်းဘဏ်ခွဲ၊ ပဲခူးဘဏ်ခွဲ၊ ပြည်ဘဏ်ခွဲစသည့်ဘဏ်ခွဲများအတွက် မြန်မာအရှေ့တိုင်းဘဏ်လီမိတက်ဥက္ကဋ္ဌနှင့် အဆင့်မြှင့်စီမံခန့်ခွဲမှုကော်မတီမှ မှတ်တမ်းတင်ဂုဏ်ပြုဆုတံဆိပ်များချီးမြှင့်ပေးခဲ့ပါသည်။
ယခုလို ဂုဏ်သိက္ခာကြီးမားသောဆုကို ရရှိခဲ့သည့်အတွက် မြန်မာအရှေ့တိုင်းဘဏ်၏အဆင့်မြင့်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ အစဉ်အဆက် ယုံကြည်စိတ်ချစွာ လက်တွဲခဲ့သော မိတ်ဟောင်းမိတ်သစ်များနှင့် အဖက်ဖက်မှပံ့ပိုးကူညီခဲ့သော လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းညီအစ်ကို မောင်နှမများကို ဂုဏ်ယူစွာကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။