Chin State Investment and Product Fair

March 16th ~ 17th 2019,Yangon.

ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Convention Center ( MCC) ၌ (၁၆.၃.၂၀၁၉) နေ့တွင် ကျင်း ပပြုလုပ်သော “Chin State Investment and Product Fair” တွင် ချင်းဒေသ တိုင်းရင်းသား လုပ်ငန်းရှင်များပံ့ပိုးကူညီခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းတိုးတက်လာစေရန်နှင့် SME လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်အတွက် မြန်မာအရှေ့တိုင်းဘဏ်လီမိတက်မှ Co- Sponsor အဖြစ်ပါဝင် ကူညီခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ မြန်မာအရှေ့တိုင်းလီမိတက်၏ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်သန်းမှ တက်ရောက် ချီးမြှင့်ခဲ့ပါသည်။

Transforming to Digital Payment

မြန်မာအရှေ့တိုင်းဘဏ်လီမိတက် မှ ၂၀၁၉ ခုနှစ် မတ်လ ၂၀ ရက်နေ့ Junction City Promotion Area တွင် Myanmar Payment Union(MPU) မှ ကြီးမှူးကျင်းပသော Transforming to Digital Payment System ပွဲတွင် MOB မှ MPU Debit Card Promotion အစီအစဉ်များဖြင့် ပြပွဲတွင်ပါဝင် ပြသခဲ့ပါသည်။