Covid 19 ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ပါရန် ပိုးသတ်ဆေးဖျန်းဆောင်ရွက်ခြင်း

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏ရောဂါဓါတ်ခွဲစစ် ဆေးမှု အဖြေထုတ်ပြန်ချက်များအရ Covid-19 ကူးစက်ရောဂါပိုး Positive တွေ့ရှိရသောလူဦးရေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ရုံးချုပ်ဘဏ်ခွဲ၊ဌာနများနှင့် ဘဏ်ခွဲအသီးသီးတို့ရှိ အရာထမ်း၊ဝန်ထမ်းများအနေဖြင့် အန္တရာယ်ကင်းစွာ တာဝန်ထမ်းဆောင်ရန်အတွက် ပိုးသတ်ဆေး ဖျန်းခြင်း လုပ်ငန်းအား နေ့စဉ်မပျက်မကွက် (မပျက်မကွက်) ဆောင်ရွက်ကြရန် အကြောင်းကြားပါသည်။ ရုံးချုပ်နှင့် ဘဏ်ခွဲအသီးသီးတို့တွင် အသုံးပြုလျက်ရှိသော ဘဏ်ပိုင်မော်တော်ယာဉ်များကိုပါ တပါတည်းပိုးသတ်ဆေးပက်ဖျန်းရန် အကြောင်းကြားပါသည်။

မြန်မာအရှေ့တိုင်းဘဏ်(MOB) မှ Customer လူကြီးမင်းများထံသို့ လေးစားစွာဖြင့် အသိပေး အကြောင်းကြားခြင်း

Covid-19 ကူးစက်ခြင်းမှကာကွယ်ရန် မြန်မာအရှေ့တိုင်းဘဏ်လီမိတက်(MOB) ပြည်ဘဏ်ခွဲတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့မှ (၃၀)ရက်နေ့ထိ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်း ထားမည် ဖြစ်ပါသည်။ ပြည်ဘဏ်ခွဲနှင့် ဆက်သွယ်လျှက်ရှိသော Customer လူကြီးမင်းများအနေဖြင့် ပြည်ဘဏ်ခွဲနှင့် အနီးဆုံး ဖွင့်လှစ်ထားရှိသော ပေါင်းတည်ဘဏ်ခွဲ နှင့် ဥသျှစ်ပင်ဘဏ်ခွဲ တို့တွင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ရယူနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။ ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းနံပါတ် (၀၉-၄၅၀၀၁၀၇၈၇) နှင့် (၀၉-၄၄၃၅၂၉၇၉၂) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

အသိပေးကြေညာခြင်း

Covid-19 ဖြစ်ပွားနေစဉ်ကာလအတွင်း မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ၏ ဖွင့်လှစ်ဝန်ဆောင်မှု ပေးလျက်ရှိသော ဘဏ်ခွဲများတွင် ဘဏ်လုပ်ငန်းချိန်အားအောက်ပါအတိုင်းယာယီသတ်မှတ်၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးလျှက်ရှိပါသည်။ (နံနက် ၉:၃၀ နာရီမှ မွန်းလွဲ ၁၄:၀ဝ နာရီထိ) ဝန်ဆောင်မှုနှင့် ပတ်သက်၍ သိရှိလိုပါက Hotline Numbers: 09 450010787, 09 443529792 သို့ ရုံးချိန်အတွင်း ဆတ်သွယ်မေးမြန်းနိုင်ပါသည်။

မြန်မာအရှေ့တိုင်းဘဏ်(MOB) မှ Customer လူကြီးမင်းများထံသို့ လေးစားစွာဖြင့် အသိပေး ကြေငြာခြင်း

Covid-19 ကူးစက်ခြင်းမှကာကွယ်ရန် မြန်မာအရှေ့တိုင်းဘဏ်လီမိတက်(MOB)မှ ဖော်ပြပါဘဏ်ခွဲ (၆)ခုတွင် ၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၇)ရက်နေ့ မှစ၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်း ထားမည်ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဗိုလ်ချုပ်စျေးဘဏ်ခွဲ၊ မြောက်ဥက္ကလာပဘက်ခွဲ၊ လှိုင်သာယာဘဏ်ခွဲ နှင့် ဆင်မလိုက်ဘဏ်ခွဲများနှင့်ဆက်သွယ်ဆောင်ရွက်လျှက်ရှိသော Customer လူကြီးမင်းများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော ဘဏ်ခွဲများတွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒိုင်းမွန်းပလာဇာဘဏ်ခွဲနှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိသော Customer လူကြီးမင်းများအနေဖြင့် မန္တလေး(၈၄)လမ်းဘဏ်ခွဲ နှင့် မန္တလေး(၃၅)လမ်း ဘဏ်ခွဲများ တွင် လည်းကောင်း၊ နေပြည်တော်ရှိ မြို့မစျေးဘဏ်ခွဲနှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိသော Customer လူကြီးမင်းများ အနေဖြင့် နေပြည်တော်ဘဏ်ခွဲတွင်လည်းကောင်း၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဝန်ဆောင်မှုရယူနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။ ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းနံပါတ် […]

Covid-19 ရောဂါကူးစက်မခံရအောင်အားလုံးအတူတကွကာကွယ်ကြပါစို့။

Mask တပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါ။ #တစ်ဦးကိုတစ်ဦး အသိပေးပါ။ သတိပေးပါ။ ကျန်းမာပျော်ရွှင်သော နေ့စဉ်ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ!

အသိပေးကြေညာခြင်း

လူကြီးမင်းတို့ ၏ Current account, Saving deposit account, Call deposit account ငွေစာရင်းများမှ ငွေသားထုတ်ယူမှုအတွက် Online Token Registration စနစ်ဖြင့်အလှည့်ကျထုတ်ခွင့်ပြုနေပါသည်။ အပ်နှံငွေထုတ်ယူလိုသူများအကြားတွင် ထုတ်ယူခြင်းမရှိသေးသောစာရင်းပိုင်ရှင်များကို ဦးစားပေး စနစ်ဖြင့်အလှည့်ကျ Token ထုတ်ပေးလျှက်ရှိကြောင်းအသိပေးအပ်ပါသည်။

COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ အတွက် မြန်မာအရှေ့တိုင်းဘဏ်မှတစ်ဆင့် ငွေလွှဲဝန်ဆောင်ခ (အခမဲ့) ဖြင့် လှူဒါန်းနိုင်ပါပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံးမှ Coronavirus Disease (COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ လမ်းညွှန်မှုဖြင့် COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ COVID-19 Vaccination Fund ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် မြန်မာကျပ်ငွေ စာရင်းအမှတ် OA 013733 နှင့် နိုင်ငံခြားစာရင်းအမှတ် EDC 600012 တို့ဖြင့် ဖွင့်လှစ်ထားပြီးဖြစ်ပါသည်၊၊ မိဘပြည်သူ အလှူရှင်များ အနေဖြင့် အထက်ပါစာရင်းအမှတ်များသို့ မြန်မာအရှေ့တိုင်းဘဏ်မှ တစ်ဆင့် အလှူငွေများ ထည့်ဝင် လှူဒါန်းနိုင်ပြီး ငွေလွှဲဝန်ဆောင်ခ (အခမဲ့) ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၏ Customer များအားလေးစားစွာဖြင့်အသိပေးခြင်း

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်အနေဖြင့်ဝန်ဆောင်မှုများပိုမိုကောင်းမွန်စေရန်အတွက်နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပါသဖြင့် MOB ATM နှင့် Debit / Credit ကတ်များနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများအား (၁၀.၁.၂၀၂၁) ရက်နေ့၊ နံနက် (၈:၀ဝ) နာရီ မှ ညနေ (၅:၀ဝ) နာရီအထိ ခေတ္တယာယီ အသုံးပြုနိုင်မည်မဟုတ်ကြောင်း မြန်မာအရှေ့တိုင်းဘဏ်၏ Customer များအားလေးစားစွာ ကြိုတင် အသိပေးအပ်ပါသည်။ စုံစမ်းမေးမြန်းလိုပါက ဘဏ်ရုံးဖွင့်ရက်များတွင် ဖုန်းနံပါတ် ၀၁-၂၅၁၈၀၁၊ ၀၁-၂၅၁၈၀၂၊ ၀၁-၂၅၁၈၀၃ များသို့လည်းကောင်း၊ ဘဏ်ရုံးပိတ်ရက်များတွင် ဖုန်းနံပါတ် ၀၉-၄၂၀ဝ၉၉၁၈၇ နှင့် ၀၉-၄၂၀ဝ၉၁၄၉၀ များသို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။

မြန်မာအရှေ့တိုင်းဘဏ်လီမိတက် (MOB) မှ Customer များထံသို့ လေးစားစွာ အသိပေးကြေငြာခြင်း

မြန်မာအရှေ့တိုင်းဘဏ်လီမိတက် (MOB) မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော အမှတ် (၁၂၇) ၊ မြေညီထပ် ၊ မေဓါဝီလမ်းမကြီး ၊ (ဆ) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ် ရှိ မေဓါဝီဘဏ်ခွဲ အား သက်ဆိုင်ရာဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၏လမ်းညွှန်ချက်အရ Covid-19 ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်လျှက်ရှိပါသဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား ( ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်၊ အင်္ဂါနေ့ ) မှစ၍ ခေတ္တယာယီရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ မိတ်ဟောင်းမိတ်သစ် Customer များအနေဖြင့်နီးစပ်ရာ ရန်ကုန်ဘဏ်ခွဲ (၁၄)ဘဏ်တို့တွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆက်လက် ဆောင်ရွက်နိုင်ပါကြောင်းနှင့် အဆိုပါဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်မည့်နေ့ရက်အား ကြိုတင်အသိပေးမည်ဖြစ်ပါကြောင်း ကြေငြာအပ်ပါသည်။

မြန်မာ့ရိုးရာထမနဲပွဲတော်

မြန်မာသက္ကရာဇ် ၁၃၈၁ တပိုတွဲလဆန်း ၁၄ ရက် (7.2.2020) ‌နေ့တွင် မြန်မာအရှေ့တိုင်းဘဏ်မိသားစုမှ မြန်မာ့ရိုးရာထမနဲပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ပြီး ဝန်ထမ်းမိသားစုဦးရေ ၁,ဝဝဝ ကျော်အား ထမနဲအလှူဒါနများပြုလုပ်ခဲ့ပါသည်။