မြန်မာအရှေ့တိုင်းဘဏ်(MOB) မှ Customer လူကြီးမင်းများထံသို့ လေးစားစွာဖြင့် အသိပေး ကြေငြာခြင်း

  • Covid-19 ကူးစက်ခြင်းမှကာကွယ်ရန် မြန်မာအရှေ့တိုင်းဘဏ်လီမိတက်(MOB)မှ ဖော်ပြပါဘဏ်ခွဲ (၆)ခုတွင် ၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၇)ရက်နေ့ မှစ၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်း ထားမည်ဖြစ်ပါသည်။
  • ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဗိုလ်ချုပ်စျေးဘဏ်ခွဲ၊ မြောက်ဥက္ကလာပဘက်ခွဲ၊ လှိုင်သာယာဘဏ်ခွဲ နှင့် ဆင်မလိုက်ဘဏ်ခွဲများနှင့်ဆက်သွယ်ဆောင်ရွက်လျှက်ရှိသော Customer လူကြီးမင်းများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော ဘဏ်ခွဲများတွင်လည်းကောင်း၊
  • မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒိုင်းမွန်းပလာဇာဘဏ်ခွဲနှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိသော Customer လူကြီးမင်းများအနေဖြင့် မန္တလေး(၈၄)လမ်းဘဏ်ခွဲ နှင့် မန္တလေး(၃၅)လမ်း ဘဏ်ခွဲများ တွင် လည်းကောင်း၊
  • နေပြည်တော်ရှိ မြို့မစျေးဘဏ်ခွဲနှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိသော Customer လူကြီးမင်းများ အနေဖြင့် နေပြည်တော်ဘဏ်ခွဲတွင်လည်းကောင်း၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဝန်ဆောင်မှုရယူနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။
  • ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းနံပါတ် (၀၉-၄၅၀၀၁၀၇၈၇) နှင့် (၀၉-၄၄၃၅၂၉၇၉၂) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။