မြန်မာအရှေ့တိုင်းဘဏ်လီမိတက် (MOB) မှ Customer များထံသို့ လေးစားစွာ အသိပေးကြေငြာခြင်း

မြန်မာအရှေ့တိုင်းဘဏ်လီမိတက် (MOB) မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော အမှတ် (၁၂၇) ၊ မြေညီထပ် ၊ မေဓါဝီလမ်းမကြီး ၊ (ဆ) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ် ရှိ မေဓါဝီဘဏ်ခွဲ အား သက်ဆိုင်ရာဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၏လမ်းညွှန်ချက်အရ Covid-19 ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်လျှက်ရှိပါသဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား ( ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်၊ အင်္ဂါနေ့ ) မှစ၍ ခေတ္တယာယီရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ မိတ်ဟောင်းမိတ်သစ် Customer များအနေဖြင့်နီးစပ်ရာ ရန်ကုန်ဘဏ်ခွဲ (၁၄)ဘဏ်တို့တွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆက်လက် ဆောင်ရွက်နိုင်ပါကြောင်းနှင့် အဆိုပါဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်မည့်နေ့ရက်အား ကြိုတင်အသိပေးမည်ဖြစ်ပါကြောင်း ကြေငြာအပ်ပါသည်။