COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ အတွက် မြန်မာအရှေ့တိုင်းဘဏ်မှတစ်ဆင့် ငွေလွှဲဝန်ဆောင်ခ (အခမဲ့) ဖြင့် လှူဒါန်းနိုင်ပါပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံးမှ Coronavirus Disease (COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ လမ်းညွှန်မှုဖြင့် COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ COVID-19 Vaccination Fund ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် မြန်မာကျပ်ငွေ စာရင်းအမှတ် OA 013733 နှင့် နိုင်ငံခြားစာရင်းအမှတ် EDC 600012 တို့ဖြင့် ဖွင့်လှစ်ထားပြီးဖြစ်ပါသည်၊၊ မိဘပြည်သူ အလှူရှင်များ အနေဖြင့် အထက်ပါစာရင်းအမှတ်များသို့ မြန်မာအရှေ့တိုင်းဘဏ်မှ တစ်ဆင့် အလှူငွေများ ထည့်ဝင် လှူဒါန်းနိုင်ပြီး ငွေလွှဲဝန်ဆောင်ခ (အခမဲ့) ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။