ဘဏ်အချင်းချင်းငွေလွှဲဝန်ဆောင်မှု
ပြည်တွင်းဘဏ်အချင်းချင်းငွေလွှဲဝန်ဆောင်မှု သဘောတူညီချက်များအရ မြန်မာအရှေ့တိုင်းဘဏ်သည် အခြား ပြည်တွင်းဘဏ် များဖြစ်သည့် ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် နှင့် ရိုးမဘဏ်တို့နှင့် ငွေလွှဲပေးပို့ဆောင်ရွက်နိုင်ပါသည်။
- ဘဏ်တွင်းစာရင်းပြောင်းဆောင်ရွက်မှု ဝန်ဆောင်ခနှုန်း – ၃ (USD, EUR, SGD)
- ပြည်တွင်းအခြားဘဏ်မှ ငွေလွှဲဝင်မှု – ၁၀ (USD, EUR, SGD)
- ပြည်တွင်းအခြားဘဏ်သို့ ငွေလွှဲပို့မှု – လွှဲပြောင်းသည့်ငွေပမာဏ၏ ဝ.၁% (အနည်းဆုံး ၂၀ (USD, EUR, SGD) လွှဲပြောင်းရမည်)
- Swift Charges – ၁၀ (USD, EUR, SGD)
လိုအပ်သည့်စာရွက်စာတမ်းများ
ငွေလွှဲဝင်ရောက်မှု (ဘဏ်တစ်ခုမှအခြားဘဏ်သို့လွှဲပြောင်းမှု)
- လျှောက်လွှာပုံစံ
ငွေလွှဲပေးပို့မှု (ဘဏ်တစ်ခုမှအခြားဘဏ်သို့လွှဲပြောင်းမှု)
- လျှောက်လွှာပုံစံ
- ငွေလွှဲပေးပို့မှုနှင် သက်ဆိုင်သည့်အထောက်အထားစာရွက်စာတမ်း
- လုံလောက်သည့်လက်ကျန်ငွေပမာဏ