ဘဏ်အာမခံ (Performance/ Bid Bonds/ Trade)
- အစိုးရတန်ဒါများအား ဝင်ရောက်ယှဉ်ပြိုင်မှုများအတွက် ဘဏ်အာမခံပေးခြင်းနှင့် ကုန်ပစ္စည်းများ ဝယ်ယူခြင်း အတွက် ငွေသားအာမခံယူခြင်း ဝန်ဆောင်မှု
- အာမခံလျှောက်ထားရန် နည်းလမ်း (၂) ခုရှိပါသည်။ ပိုင်ဆိုင်မှုတင်ပြခြင်းနှင့် MOB ရှိ ငွေစုဘဏ်စာရင်းထဲ သို့ လုံလောက်သည့် ငွေပမာဏထည့်သွင်းခြင်းဖြစ်ပါသည်။
အတိုးနှုန်းနှင့်ဝန်ဆောင်ခနှုန်းထား
(၃) လ | ဝ.၅% |
(၆) လ | ၁% |
(၁၂) လ | ၂% |
လျှောက်ထားသူမှ တင်ပြရန်လိုအပ်သောစာရွက်စာတမ်းများ
- မှတ်ပုံတင်မိတ္တူ ၊ အိမ်ထောင်စုစာရင်းမိတ္တူ ၊ ပတ်စ်ပို့ဓါတ်ပုံ
- လုပ်ငန်းလိုင်စင်မိတ္တူ
- အမြတ်ခွန်ပြေစာ
- အရှုံးအမြတ်ရှင်းတမ်း (အရှုံး/အမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်း)
- လုပ်ငန်းနှင့်ပတ်သက်သည့် ရောင်စုံဓါတ်ပုံများ
- ကုမ္ပဏီမှတ်ပုံတင်
- သင်းဖွဲ့စည်းမျဉ်း နှင့် သင်းဖွဲ့မှတ်တမ်း ၊ ဒါရိုက်တာများ၏အစည်းအဝေးမှတ်တမ်း
- ထုတ်ကုန်/သွင်းကုန်လိုင်စင် (သို့) ကြေငြာချက်
- ဂရန် (မူရင်း) နှင့် ဆက်စပ်စာချုပ်များ (မူရင်း) ၊ ငွေစုစာရင်းစာအုပ်နှင့် စာရင်းသေအပ်ငွေ
- နိုင်ငံတော်အားပေးသွင်းထားသည့်နောက်ဆုံးလများ၏ ရေဖိုးမီးဖိုး
- အဆောက်အအုံသစ်အတွက် အဆောက်အအုံပြီးစီးကြောင်းလက်မှတ်
- MOB မှငွေချေးရန်အတွက် မြို့နယ်ဦးစီးအရာရှိမှထုတ်ပေးသည့် ပုံစံ ၁၀၅/၁၀၆
- အဆောက်အအုံ၏ ရောင်စုံဓါတ်ပုံများ (အရှေ့၊ အနောက်၊ ဘေးတစ်ဖက်တစ်ချက် နှင့်အတွင်းခန်း)
- လုပ်ငန်းအပ်နှံသူနှင့် လုပ်ငန်းလက်ခံသူအကြားချုပ်ဆိုထားသည့် လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ်
- လုပ်ငန်းအပ်နှံသူမှ တင်ဒါအောင်မြင်သော လုပ်ငန်းလက်ခံသူအတွက် (Bank Guarantee) ထားရှိရန်ဘဏ်သို့အကြောင်းကြားစာ
- (Bank Guarantee) ထားရှိခြင်းအတွက် ဘဏ်၏ငွေစာရင်းတွင် လုံလောက်သောငွေပမာဏထည့်သွင်းပေးရန်