မော်တော်ယာဉ်အာမခံဖြင့် ချေးငွေဝန်ဆောင်မှု
တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များပိုင်ဆိုင်သော လုပ်ငန်းသုံးမော်တော်ယာဉ်များနှင့် အိမ်သုံးမော်တော်ယာဉ်များ၏ ပိုင်ဆိုင်မှုအထောက်အထားမူရင်းများကို ဘဏ်သို့ လက်ဝယ်အပ်နှံပြီး ယင်းတို့၏စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်အတွက် ဘဏ်မှငွေကြေးထောက်ပံ့ပေးရန် ရည်ရွယ်ပါသည်။
(မော်တော်ယာဉ်များသည် ၂၀၀၇ မော်ဒယ်နှင့်အထက်ဖြစ်ရ မည်ဖြစ်ပြီး လက်ရှိတွင်အသုံးပြုမှု့ကောင်းမွန်သည့် အခြေအနေဖြစ်ရပါမည်။)
အတိုးနှုန်းနှင့်ဝန်ဆောင်ခနှုန်းထား
အတိုးနှုန်း | ၁၄.၀၀% |
Documentation Fees | ၁.၀၀% |
Penalty Fees | ၁၄.၀၀% |
နောက်ကျကြေး | (၅၀၀၀) ကျပ် |
ချေးငွေလျှောက်ထားသူမှ ဘဏ်သို့တင်ပြရမည့် အထောက်အထားများ
- မှတ်ပုံတင်မိတ္တူ ၊ အိမ်ထောင်စုစာရင်းမိတ္တူ ၊ ပတ်စ်ပို့ဓါတ်ပုံ
- ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံချက်မူရင်း
- လုပ်ငန်းလိုင်စင်မိတ္တူ
- အမြတ်ခွန်ပြေစာ (အနီးဆုံး ဘဏ္ဍာရေးနှစ်အပါအဝင် (၂)နှစ်စာ)
- အရှုံးအမြတ်ရှင်းတမ်းနှင့် လက်ကျန်ရှင်းတမ်း (အနီးဆုံး ဘဏ္ဍာရေးနှစ်အပါအဝင် (၂)နှစ်စာ)
- လုပ်ငန်းဓာတ်ပုံအထောက်အထားများ (လုပ်ငန်းလည်ပတ်နေပုံ ၊ ကုန်ကြမ်း / ကုန်ချောဓာတ်ပုံများ ၊ လုပ်ငန်းအဆောက်အဦးဓာတ်ပုံ နှင့် ရုံးခန်းဓာတ်ပုံများ)
- အာမခံအပေါင်ပစ္စည်းဖြစ်သော မော်တော်ယာဉ်ပိုင်ဆိုင်မှု့ အထောက်အထားများ
- အာမခံအပေါင်ပစ္စည်းဖြစ်သော မော်တော်ယာဉ်၏ ဓာတ်ပုံ (အရှေ့၊ အနောက်၊ ဘေး၊ အတွင်း)
- စာရင်းရှင်အပ်ငွေစာရင်း ဖွင့်လှစ်ရန်
ချေးငွေလျှောက်ထားသူသည် ကုမ္ပဏီအဖွဲ့အစည်း (သို့) ကုမ္ပဏီလုပ်ငန်းကို တင်ပြလျှောက်ထားပါက
- သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
- ထုတ်ကုန်/သွင်းကုန်လိုင်စင်
- ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်
အာမခံအပေါင်ပစ္စည်းအမျိုးအစားများ
(၁) လိုင်စင်ရှိ လုပ်ငန်းသုံးမော်တော်ယာဉ်များ
(၂) လိုင်စင်ရှိ အိမ်သုံးမော်တော်ယာဉ်များ