ကြွေးမြီကိုအပေါင်ပြု၍ငွေချေးခြင်း ဝန်ဆောင်မှု

ကြွေးမြီကိုအပေါင်ပြု၍ငွေချေးခြင်းဆိုသည်မှာ အာမခံ( Security) အမျိုးမျိူးတွင် မရွှေ့မပြောင်းနိုင်သောပစ္စည်းများ (Immovable Property)၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းများ (Movable Property)၊ တောင်းယူပိုင်ခွင့်များ (Rights to Claims) နှင့် သူတပါး အာမခံ (Guarantee)  တို့ကို အာမခံရယူ၍ ချေးငွေထုတ်ချေးခြင်း ဖြစ်ပါသည်။ဘဏ်နှင့်ဆက်သွဘ်သူ (Customer)၏ တရားဝင်ရရန်ရှိသော ကြွေးမြီတောင်းခံခွင့်ကို ဘဏ်သို့လွှဲအပ် ပေါင်နှံခြင်း (Assignment of Debts) ဖြစ်ပါသည်။ အစိုးရနှင့် အစိုးရကဲ့သို့ ခိုင်မာသောအဖွဲ့အစည်းများထံမှ ဘဏ်နှင့်ဆက်သွယ်သူ (Customer ) မှ အမှန်ရရန်ရှိ ကြွေးမြီဖြစ်ကြောင်း မှန်ကန်ပါက ငွေချေးနိုင်ပါသည်၊

ချေးငွေထုတ်ချေးခြင်း

  • ကြွေးမြီ၏ ၇၀ % ထပ်မပိုသောငွေ ကိုသာ (အများဆုံး) ထုတ်ချေးရန်

ချေးယူမှုကာလ

  • ၁၂ လ (လစဉ်ငွေပြန်လည်ပေးချေခြင်း)

အတိုးနှုန်းနှင့် ဝန်ဆောင်ခနှုန်းထား

အတိုးနှုန်း (၁၄% )
Documentation Fees (၁ %)
Penalty Fee ၁၄%
နောက်ကျကြေး (၅၀၀၀) ကျပ်

လိုအပ်သောစာရွက်စာတမ်းများ

  • ချေးငွေရယူလိုသူသည် ၄င်းကမြီစားဌာနသို့ ပစ္စည်းပေးသွင်းရခြင်း(သို့)လုပ်ငန်းတစ်ခုခုဆောင်ရွက်ထား
    ရခြင်းအတွက် ၄င်းတို့(၂)ဦးကြား ချုပ်ဆိုသောသဘောတူစာချုပ်
  • မြီစားဌာနမှ ကြွေးမြီအတည်ပြုသည့်စာ (ပေးဆပ်ရမည့်ကာလဖော်ပြထားရန်)
  • မှတ်ပုံတင်မိတ္တူ ၊ အိမ်ထောင်စုစာရင်းမိတ္တူ ၊ ပတ်စ်ပို့ဓါတ်ပုံ
  • အမြတ်ခွန်ပြေစာ
  • အရှုံးအမြတ်စာရင်းနှင့် လက်ကျန်ရှင်းတမ်း (အနီးဆုံးဘဏ္ဍာရေးနှစ် (၂)နှစ်စာ)
  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင် နောက်ဆက်တွဲ Extract
  • ထုတ်ကုန်/သွင်းကုန်လိုင်စင် (သို့) ကြေငြာချက်
  • လုပ်ငန်းဓါတ်ပုံ (လုပ်ငန်းလည်ပတ်နေပုံ ၊ ကုန်ကြမ်း / ကုန်ချောဓါတ်ပုံများ ၊ လုပ်ငန်းအဆောက်အဦး ဓာတ်ပုံ နှင့် ရုံးခန်းဓါတ်ပုံများ)
  • Letter of Assignment of Debts (L-10) ချုပ်ဆိုရန်

ချေးငွေကိစ္စအတွက် ပေးလျော်ရန်အာမခံသူ (Guarantor )အနည်းဆုံး (၂)ဦးမှ အာမခံစာချုပ်ချုပ်ဆိုရန်(Letter of Assignment of Debts) မိတ္တူကို ငွေပေးဆပ်ရန်တာဝန်ရှိသည့် သက်ဆိုင်ရာဌာနမှ  အရာရှိအကြီးအကဲဖြစ်သော ညွှန်ကြားရေးမှူးချုပ်(သို့) ဦးဆောင်ညွှန်ကြားရေးမှူးထံ ဘဏ်မှ အတည်ပြုပေးပို့ရမည်။

ပေးပို့သောစာတွင်

(၁)ဤစာချုပ်မိတ္တူကို လက်ခံရရှိကြောင်း
(၂))ဖော်ပြထားသော ကြွေးမြီမှန်ကန်ကြောင်းအတည်ပြုချက်
(၃)ယင်းကြွေးမြီပေါ် ဆန့်ကျင်တောင်းခံရန်မရှိကြောင်း
(၄)ငွေပေးချေသောအခေါ “မြန်မာအရှေ့တိုင်းဘဏ်လီမိတက်” သို့ တိုက်ရိုက်ပေးချေမည်ဖြစ်ကြောင်းပြန်ကြားရန်