ပညာရေးချေးငွေ ဝန်ဆောင်မှုလုပ်ငန်း

“Certificate၊ Diploma၊ Bachelor ၊ Masterနှင့် Ph.D ဘွဲ့များဆည်းပူးလိုသည့် ကျောင်းသားများနှင့် ဝန်ထမ်းများ အတွက် ချေးငွေ”
ပညာရေးကိုအလေးပေးပြီးပညာရေးကိုလိုလားသောကျောင်းသား/ကျောင်းသူများကိုထိုက်သင့်သည့်အကူအညီထောက်ပံ့ပေးလာခဲ့သောဘဏ်သည်နှင့်အညီ တက်ရောက်လိုသော ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်နှင့်သင်တန်းများ၏ ကုန်ကျငွေများကို တစ်လုံးတစ်ခဲတည်းပေးသွင်းရန်အခက်အခဲများကိုဘဏ်မှပညာရေးချေးငွေဝန်ဆောင်မှုလုပ်ငန်းဖြင့် လိုအပ်သောငွေကြေးကို ထောက်ပံ့နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

ချေးငွေသက်တမ်း

  • သက်တမ်း(၁)နှစ် (သို့မဟုတ်) သင်တန်းကာလ(၁)နှစ်အောက်ဖြစ်ပါက သင်တန်းကာလအတိုင်းသာခွင့်ပြုမည်။

အတိုးနှုန်းနှင့် ဝန်ဆောင်ခနှုန်းထား

အတိုးနှုန်း ၁၄.၀၀%
Documentation Fees ၁.၀၀%
Penalty Fee ၁၄.၀၀%

ကနဦးပေးသွင်းငွေ (Down Payment )သတ်မှတ်ခြင်း

  • မိမိတက်ရောက်မည့်သင်တန်း၏ (Grade Level, Certificate Level, Diploma Level, Degree Level, Master Level နှင့် Ph.D Level ) အသီးသီး၏ ကျသင့်မည့် သင်တန်းကြေးငွေရပ်၏ အနည်းဆုံး (၃၀%) ‌ပေးသွင်းရမည်။

ပညာရေးချေးငွေအတွက် Authorized Dealer လျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများ

Authorized Dealer လျှောက်ထားသူသည် Company အဖွဲ့အစည်းဖြစ်ပါက

  • ဘဏ်မှသတ်မှတ်ထားသည့် Authorized Dealer လျှောက်လွှာ
  • သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် နောက်ဆက်တွဲ Extract
  • ဒါရိုက်တာအဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်။
  • အရှုံးအမြတ်စာရင်းနှင့်လက်ကျန်ရှင်းတမ်း။ (အနီးဆုံးဘဏ္ဍာရေးနှစ် (၂)နှစ်စာ)
  • အမြတ်ခွန်ပြေစာ။ (အနီးဆုံးဘဏ္ဍာရေးနှစ် (၂)နှစ်စာ)
  • သက်တမ်းရှိလုပ်ငန်းလိုင်စင်
  • အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်မိတ္တူ။
  • သက်ဆိုင်ရာသင်တန်းကျောင်း (သို့မဟုတ်) ကောလိပ် (သို့မဟုတ်) တက္ကသိုလ်၏ သင်တန်းအမျိုးအစား များ၊ သင်တန်းကာလနှင့် သင်တန်းကြေးအထောက်အထားများ။
  • သက်ဆိုင်ရာသင်တန်းကျောင်း (သို့မဟုတ်) ကောလိပ် (သို့မဟုတ်) တက္ကသိုလ်၏ အဆောက်အဦးဓါတ်ပုံ ၊ စာသင်ခန်းနှင့်ရုံးခန်းဓါတ်ပုံများ။
  • ဘဏ်တွင်စာရင်းရှင်အပ်ငွေစာရင်းနှင့်ငွေစုစာရင်း (Current A/C & Savings A/C)ဖွင့်လှစ်ရန်။
  • သက်ဆိုင်ရာသင်တန်းကျောင်း (သို့မဟုတ်) ကောလိပ် (သို့မဟုတ်) တက္ကသိုလ်၏ ကိုယ်စားတာဝန် ပေးအပ် ထားသူက ပညာရေးချေးငွေလျှောက်ထားသူအတွက် အာမခံသူ (Guarantor) အဖြစ်လက်မှတ်ရေးထိုးရန်။

ပညာရေးချေးငွေအတွက် Authorized Dealer လျှောက်ထားသူသည်လူပုဂ္ဂိုလ်ဖြစ်ပါက

  • ဘဏ်မှသတ်မှတ်ထားသည့် Authorized Dealer လျှောက်လွှာ
  • အရှုံးအမြတ်စာရင်းနှင့်လက်ကျန်ရှင်းတမ်း။ (အနီးဆုံးဘဏ္ဍာရေးနှစ် (၂)နှစ်စာ)
  • အမြတ်ခွန်ပြေစာ။ (အနီးဆုံးဘဏ္ဍာရေးနှစ် (၂)နှစ်စာ)
  • သက်တမ်းရှိလုပ်ငန်းလိုင်စင်
  • အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်မိတ္တူ၊ ရပ်ကွက်ထောက်ခံစာမိတ္တူ
  • သက်ဆိုင်ရာသင်တန်းကျောင်း (သို့မဟုတ်) ကောလိပ် (သို့မဟုတ်) တက္ကသိုလ်၏ သင်တန်းအမျိုးအစား များ၊ သင်တန်းကာလနှင့် သင်တန်းကြေးအထောက်အထားများ။
  • သက်ဆိုင်ရာသင်တန်းကျောင်း (သို့မဟုတ်) ကောလိပ် (သို့မဟုတ်) တက္ကသိုလ်၏ အဆောက်အဦးဓါတ်ပုံ ၊ စာသင်ခန်းနှင့်ရုံးခန်းဓါတ်ပုံများ။
  • ဘဏ်တွင်စာရင်းရှင်အပ်ငွေစာရင်းနှင့်ငွေစုစာရင်း (Current A/C & Savings A/C)ဖွင့်လှစ်ရန်။
  • သက်ဆိုင်ရာသင်တန်းကျောင်း (သို့မဟုတ်) ကောလိပ် (သို့မဟုတ်) တက္ကသိုလ်၏ ကိုယ်စားတာဝန် ပေးအပ် ထားသူက ပညာရေးချေးငွေလျှောက်ထားသူအတွက် အာမခံသူ (Guarantor) အဖြစ်လက်မှတ်ရေးထိုးရန်။

ချေးငွေလျှောက်ထားသူမှ ဘဏ်သို့တင်ပြရမည့် အထောက်အထားများ

  • ပညာရေးချေးငွေလျှောက်လွှာနှင့် စည်းကမ်းချက်များမူရင်း (၂)ရွက်(ကျောင်းသားသည် (၁၈)နှစ်ပြည့်ပီးပါက ပူးတွဲလျှောက်ထားရန်
  • မိဘများ/အုပ်ထိန်းသူများ၏ လုပ်ငန်းလိုင်စင် မိတ္တူ(၂)စုံ
  • အရှုံးအမြတ်စာရင်းနှင့် လက်ကျန်ရှင်းတမ်း
    (အနီးဆုံးဘဏ္ဍာရေးနှစ်အပါအဝင်(၂)နှစ်စာ)                        မူရင်း/မိတ္တူ(၂)စုံ
  • အမြတ်ခွန်ပြေစာ အနီးဆုံးဘဏ္ဍာရေးနှစ်အပါအဝင်(၂)နှစ်စာ မိတ္တူ(၂)စုံ
  • လုပ်ငန်းဓါတ်ပုံ အထောက်အထားများ မူရင်း (၂)စုံ (လုပ်ငန်းလည်ပတ်နေပုံ၊ ကုန်ကြမ်း.ကုန်ချောဓါတ်ပုံများ၊ လုပ်ငန်းအဆောက်အဦးဓါတ်ပုံနှင့် ရုံးခန်းဓါတ်ပုံများ)
  • ချေးငွေလျှောက်ထားသူ၏ မှတ်ပုံတင်များနှင့် အိမ်ထောင်စု
  • လူဦးရေစာရင်း၊ ရပ်ကွက်ထောက်ခံစာ၊ Passport ဓါတ်ပုံ မူရင်း/မိတ္တူ(၂)စုံ
  • အာမခံသူများ၏ မှတ်ပုံတင်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း
  • ရပ်ကွက်ထောက်ခံစာ၊ Passport ဓါတ်ပုံ မူရင်း/မိတ္တူ(၂)စုံ
  • အာမခံသူများ၏ ချေးငွေအားသိရှိတာဝန်ယူကြောင်းသဘောတူညီချက်
  • ဝင်ငွေရအ‌ထောက်အထား မူရင်း (၂)ရွက်
  • သက်ဆိုင်ရာသင်တန်းကျောင်း၊ ကောလိပ်နှင့် တက္ကသိုလ်များ၏
  • အတည်ပြုထောက်ခံချက် မူရင်း (၁)ရွက်
  • စာရင်းရှင်အပ်ငွေစာရင်းဖွင့်လှစ်ရန်