အငှားဝယ်စနစ်ဝန်ဆောင်မှု (Hire Purchase)

(Hire Purchase )ဝန်ဆောင်မှုလုပ်ငန်းသည် လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများစသည်တို့ကို ဝယ်ယူအသုံးပြုလိုသူထံသို့ ပစ္စည်းလက်ရောက်အပ်နှံ အသုံးပြုခွင့်ပေးထားပြီးပစ္စည်းတန်ဘိုးကျသင့်ငွေကို သတ်မှတ်သည့် ငှားရမ်းခ ကျသင့်ငွေနှင့်တကွ အရစ်ကျပေးဆပ်စေပြီး ပြေကျေသည့်အခါ ပစ္စည်းနှင့်တကွပိုင်ဆိုင်ခွင့်ကိုပါ လွှဲပြောင်းပေးအပ်သည့် စနစ်ဖြစ်ပါသည်။

ငှားရမ်းကာလ

  • ကျပ်သိန်း (၅၀၀) အထိ သက်တမ်း(၁)နှစ်
  • ကျပ်သိန်း (၅၀၀)အထက် သက်တမ်း (၂)နှစ်မှ (၅)နှစ်အထိ

လက်ငင်းပေးချေရမည့်ပမာဏ

  • ဝယ်ယူမည့် ပစ္စည်း/ကုန်စည်တန်ဖိုးကို အခြေခံ၍ Down Payment (အနည်းဆုံး) (၃၀ %) ကိုဘဏ်သို့ ပေးသွင်းရပါမည်။

အတိုးနှုန်းနှင့် ဝန်ဆောင်ခနှုန်းထား

ငှားရမ်းခ (Rental Fees) တစ်နှစ်လျှင် (၁၄%)
Documentation Fees (၁.၀၀%)
ကော်မရှင်ခ (၁%)
Penalty Fee (၁၄ %)

(Authorized Dealer ) လျှောက်ထားရာတွင် လိုအပ်သည့်စာရွက်စာတမ်းများ

အငှားဝယ်စနစ် (Hire Purchase) ဝန်ဆောင်မှုလုပ်ငန်းတွင် Authorized Dealer လျှောက်ထားသူသည် Company အဖွဲ့အစည်းဖြစ်ပါက

  • သက်တမ်းရှိ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်နှင့်ထုတ်ကုန်/သွင်းကုန်လိုင်စင်
  • ဒါရိုက်တာအဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်
  • အရှုံးအမြတ်စာရင်းနှင့်လက်ကျန်ရှင်းတမ်း
  • အမြတ်ခွန်ပြေစာများ
  • မှတ်ပုံတင်၊အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူနှင့်ပတ်စပို့ဓါတ်ပုံ (၁)ပုံစီ
  • ရောင်းချလိုသည့်ပစ္စည်း/ကုန်စည်အမျိုးအမည် ၊ ဈေးနှုန်း ၊ အရေအတွက်နှင့် လစဉ် ရောင်းချလိုသည့် ကုန် စည်တန်ဖိုးကိုဖော်ပြရန်
  • ပစ္စည်း/ကုန်စည်၏ဓါတ်ပုံနှင့်အဆောက်အဦးဓါတ်ပုံများ
  • ပစ္စည်း/ကုန်စည်ကိုဝယ်ယူတင်သွင်းခဲ့သည့်အထောက်အထားများ

ရောင်းချမည့်ပစ္စည်း/ကုန်စည်သည် မော်တော်ယာဉ်များ၊ စက်ယန္တရားများနှင့် လုပ်ငန်းသုံး စက်ပစ္စည်း များဖြစ်ပါက

  • စီးပွား/ကူးသန်းဝန်ကြီးဌာန၊ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏စီးပွားရေးအကျိုးဆောင်လက်မှတ်
  • မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ မော်တော်ယာဉ် အရောင်းစင်တာ ဖွင့်လှစ် ရောင်းချခွင့် လက်မှတ်
  • ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏မော်တော်ယာဉ်အရောင်းဌာနမှတ်ပုံတင်လက်မှတ်
  • မော်တော်ယာဉ်အမျိုးအစား Chassis အမှတ်၊ Model အမှတ်များပါရှိသောဓါတ်ပုံ Catalogue နှင့်ရောင်းချ မည့်မော်တော်ယာဉ်အမျိုးအစား၊ ဈေးနှုန်း၊ အရေအတွက်နှင့်လစဉ်ရောင်းချလိုသည့် ပမာဏတန်ဖိုးကို အတည် ပြုတင်ပြရပါမည်။
  • အရောင်းစင်တာဓါတ်ပုံနှင့်ဂိုဒေါင်ဓါတ်ပုံများ
  • ဘဏ်တွင်စာရင်းရှင်အပ်ငွေစာရင်းနှင့်ငွေစုစာရင်း (Current A/C & Savings A/C) များဖွင့်လှစ်ရန်
  • ကုန်စည်ရောင်းချသူမှကုန်စည်ဝယ်ယူသူများအတွက်အာမခံသူ (Guarantor) အဖြစ် လက်မှတ် ရေးထိုးရန်

Authorized Dealer လျှောက်ထားသူသည် လူပုဂ္ဂိုလ်ဖြစ်ပါက

  • သက်တမ်းရှိ လုပ်ငန်းလိုင်စင်
  • အရှုံးအမြတ်စာရင်းနှင့်လက်ကျန်ရှင်းတမ်း
  • အမြတ်ခွန်ပြေစာများ
  • မှတ်ပုံတင်၊အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူနှင့်ပတ်စပို့ဓါတ်ပုံ (၁)ပုံစီ
  • ရောင်းချလိုသည့်ပစ္စည်း/ကုန်စည်အမျိုးအမည် ၊ ဈေးနှုန်း ၊ အရေအတွက်နှင့် လစဉ် ရောင်းချလိုသည့် ကုန် စည်တန်ဖိုးကိုဖော်ပြရန်
  • ပစ္စည်း/ကုန်စည်၏ဓါတ်ပုံနှင့်အဆောက်အဦးဓါတ်ပုံများ
  • ပစ္စည်း/ကုန်စည်ကိုဝယ်ယူတင်သွင်းခဲ့သည့်အထောက်အထားများ

ဘဏ်သို့အာမခံတင်သွင်းခြင်း (Security Deposits)

အငှားဝယ်စနစ်ဖြင့် ရောင်းချမည့် ကုန်စည်အမျိုးအစားအလိုက် (Authorized Dealer )မှ ခွင့်ပြု (HP  Limit) ပေါ်တွင် ကုန်စည်များကို ရောင်းချသည့်နေ့တွင် (Security Deposits)အနေဖြင့် ရောင်းချသည့်ကုန်စည် တန်ဘိုး၏(၁၀%) ကို ဘဏ်သို့အာမခံတင်သွင်းရပါမည်။

Buyer မှ HP လျှောက်ထားရာတွင် လိုအပ်ချက်များ

  • လုပ်ငန်းလိုင်စင်မိတ္တူ
  • အရှုံးအမြတ်စာရင်းနှင့်လက်ကျန်ရှင်းတမ်း
  • အမြတ်ခွန်ပြေစာ
  • လုပ်ငန်းဓာတ်ပုံအထောက်အထားများ
  • မှတ်ပုံတင်၊အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူနှင့်ပတ်စပို့ဓါတ်ပုံ
  • နေထိုင်ကြောင်းရပ်ကွက်/ကျေးရွာ၏ထောက်ခံချက်
  • (HP) လျှောက်ထားသူအတွက်အမှန်တကယ်ပေးလျော်နိုင်မည့်အာမခံသူ (Guarantor) (၂) ဦး
  • အချို့ကုန်စည်များအတွက် (Buyer ၏ Deposit A/C ) အားဘဏ်သို့အာမခံအဖြစ်တင်သွင်းခြင်း

 ကုမ္ပဏီအမည်ဖြင့် HP လျှောက်ထားရာတွင် လိုအပ်ချက်များ

  • သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် ထုတ်ကုန် /သွင်းကုန်လိုင်စင်
  • ဒါရိုက်တာအဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်
  • အရှုံးအမြတ်စာရင်းနှင့်လက်ကျန်ရှင်းတမ်း
  • အမြတ်ခွန်ပြေစာ
  • လုပ်ငန်းဓာတ်ပုံအထောက်အထားများ
  • (HP) လျှောက်ထားသူအတွက်အမှန်တကယ်ပေးလျော်နိုင်မည့်အာမခံသူ (Guarantor) (၂) ဦး
  • အချို့ကုန်စည်များအတွက် (Buyer ၏ Deposit A/C ) အားဘဏ်သို့အာမခံအဖြစ်တင်သွင်းခြင်း