လက်ရောက်အပေါင်ဖြင့် ချေးငွေထုတ်ချေးခြင်း

Pledge ဝန်ဆောင်မှုလုပ်ငန်းသည် တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များပိုင်ဆိုင်သော ရွှေ့ပြောင်းနိုင်သော ကုန်ပစ္စည်းများ၊ စက်ပစ္စည်းများအား ဘဏ်ပိုင်ဂိုဒေါင်(သို့မဟုတ်) ငွေချေးသူပိုင်ဂိုဒေါင် (သို့မဟုတ်) အငှားဂိုဒေါင်တွင်ထားရှိပြီး  ပိုင်ဆိုင်မှုများကို ဘဏ်သို့လက်ရောက်အပ်နှံပြီးမှ လက်ရောက်အပေါင် (Pledge) စနစ်ဖြင့် ချေးငွေထုတ်ချေးနိုင်ပါသည်။

အတိုးနှုန်းနှင့် ဝန်ဆောင်ခနှုန်းထား

အတိုးနှုန်း တစ်နှစ်လျှင် (၁၄.၀၀%)
ဝန်ဆောင်ခ (၁.၀၀%)
Penalty Fee (၁၄.၀၀%)
နောက်ကျကြေး (၅၀၀၀) ကျပ်

ချေးငွေလျှောက်ထားသူမှ ဘဏ်သို့တင်ပြရမည့် အထောက်အထားများ

ချေးငွေလျှောက်ထားသူသည် လူပုဂ္ဂိုလ်ဖြစ်ပါက

  • ဘဏ်တွင် စာရင်းရှင်အပ်ငွေစာရင်း (Current A/C) ဖွင့်ထားရမည်
  • မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မိတ္တူနှင့် Passport ဓါတ်ပုံ(၁)ပုံ
  • လုပ်ငန်းလိုင်စင်မိတ္တူ
  • အရှုံးအမြတ်စာရင်းနှင့် လက်ကျန်ရှင်းတမ်း (အနီးစပ်ဆုံးဘဏ္ဍာရေးနှစ် (၂)နှစ်စာ)
  • အမြတ်ခွန်ပြေစာ
  • လုပ်ငန်းဓါတ်ပုံအထောက်အထား
  • ဘဏ်သို့အပေါင်ပြုမည့် ကုန်ပစ္စည်းများ/စက်ပစ္စည်းများ ဝယ်ယူခဲ့သော အ‌ထောက်အထား အရောင်းအဝယ်စာချုပ်များ (Sales Deed) ၊ဘောင်ချာများ (Vouchers) ၊ ကုန်ရောင်းပြေစာ/ကုန်ပို့လွှာများ (Invoices) ၊ ငွေပေးအမိန့်လက်မှတ် (Bill of Exchange) နှင့် သင်္ဘောတန်ဆာလက်မှတ် (Bill of Lading) မူရင်း/မိတ္တူများ
  • အပေါင်ပြုမည့်ကုန်ပစ္စည်းများ/စက်ပစ္စည်းများထားရှိမည့် ဂိုဒေါင်တည်နေရာနှင့် ဂိုဒေါင်အဆောက်အဦးဓါတ်ပုံအထောက်အထားများ (မျက်နှာစာ၊ ရှေ့၊ နောက် ၊‌ ဘေး၊ အတွင်းပုံများ)
  • အပေါင်ပြုမည့်ပစ္စည်းစာရင်း (ပစ္စည်းအမျိုးအမည်၊ အရေအတွက်၊ ဈေးနှုန်းနှင့် တန်ဘိုးကို ဝယ်ရင်းဈေးနှုန်းနှင့် ဈေးကွက်ဈေးနှုန်းဖော်ပြရန်)
  • ဂိုဒေါင်သော့အား ဘဏ်မှ သိမ်းဆည်ထားရန်

ချေးငွေလျှောက်ထားသူသည် ကုမ္ပဏီအဖွဲ့အစည်းဖြစ်ပါက

  • သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင် လက်မှတ် နောက်ဆက်တွဲ Extract နှင့် ထုတ်ကုန် /သွင်းကုန်လိုင်စင်
  • ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်
  • လုပ်ငန်းလိုင်စင်မိတ္တူ
  • အရှုံးအမြတ်စာရင်းနှင့် လက်ကျန်ရှင်းတမ်း
  • အမြတ်ခွန်ပြေစာ
  • ကုမ္ပဏီ Profile
  • ကုမ္ပဏီ၏နိုင်ငံခြားငွေစာရင်း ငွေသွင်း/ငွေထုတ်(၁)နှစ်စာအတွက် Bank Statement
  • သွင်းကုန်/ထုတ်ကုန်အထောက်အထား
  • လုပ်ငန်းဓာတ်ပုံ (လုပ်ငန်းလည်ပတ်နေပုံ ၊ ကုန်ကြမ်း / ကုန်ချောဓါတ်ပုံများ ၊ လုပ်ငန်းအဆောက်အဦး ဓာတ်ပုံ နှင့် ရုံးခန်းဓါတ်ပုံများ)
  • ဘဏ်သို့အပေါင်ပြုမည့် ကုန်ပစ္စည်းများ/စက်ပစ္စည်းများ ဝယ်ယူခဲ့သော အ‌ထောက်အထား အရောင်းအဝယ်စာချုပ်များ (Sales Deed) ၊ဘောင်ချာများ (Vouchers) ၊ ကုန်ရောင်းပြေစာ/ကုန်ပို့လွှာများ (Invoices) ၊ ငွေပေးအမိန့်လက်မှတ် (Bill of Exchange) နှင့် သင်္ဘောတန်ဆာလက်မှတ် (Bill of Lading) မူရင်း/မိတ္တူများ
  • အပေါင်ပြုမည့်ကုန်ပစ္စည်းများ/စက်ပစ္စည်းများထားရှိမည့် ဂိုဒေါင်တည်နေရာနှင့် ဂိုဒေါင်အဆောက်အဦး
    ဓါတ်ပုံအထောက်အထားများ (မျက်နှာစာ၊ ရှေ့၊ နောက် ၊‌ ဘေး၊ အတွင်းပုံများ)
  • အပေါင်ပြုမည့်ပစ္စည်းစာရင်း (ပစ္စည်းအမျိုးအမည်၊ အရေအတွက်၊ ဈေးနှုန်းနှင့် တန်ဘိုးကို ဝယ်ရင်းဈေးနှုန်းနှင့် ဈေးကွက်ဈေးနှုန်းဖော်ပြရန်)
  • ဂိုဒေါင်သော့အား ဘဏ်မှသိမ်းဆည်းရန်