ငွေစုဘဏ်အပ်ငွေစာရင်း

လစဉ်ငွေစုခြင်းဖြင့် အတိုးရယူနိုင်ပါသည်။

Product Features

  • တစ်ဦးချင်းဖြစ်စေ၊နှစ်ဦးနှင့်အထက် တွဲဖက်၍ဖြစ်စေ၊ လူမှုရေး ဘာသာရေး နှင့် စီးပွားရေး အဖွဲ့အစည်းများ စသည်ဖြင့် စာရင်းဖွင့်လှစ်နိုင်ပါသည်။
  • လက်ကျန်ငွေကိုအနည်းဆုံး ငွေကျပ် – ၁,၀၀၀/- ထားရှိရမည် ဖြစ်ပါသည်။

အတိုးနှုန်းမှာ –

  • တစ်နှစ်လျှင် ၉.၀၀ %  ဖြင့်  (ငွေကျပ် – ၁၀,၀၀၀/- နှင့် အထက်)
  • အတိုးနှုန်းများကို(၃)လတစ်ကြိမ်ပေးမည်ဖြစ်ပြီး အတိုးကို လစဉ်လဆန်း (၅)ရက်မှ လကုန်အတွင်း အနည်းဆုံးလက်ကျန်ငွေပေါ်တွင်တွက်ပေးပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

ပုဂ္ဂိုလ်တစ်ဦးချင်းအမည်ဖြင့် စာရင်းဖွင့်လှစ်ခြင်း (Individual Account)

  • သတ်မှတ်ထားသောလျှောက်လွှာတွင် ဖြည့်စွက်၍ လက်မှတ်ရေးထိုးရမည်။
  • မှတ်ပုံတင်မိတ္တူ(သို့) နိုင်ငံခြားသားဖြစ်ပါက ပတ်စပိုစ်မိတ္တူ
  • ထောက်ခံသူ(၂) ဦး

ပုဂ္ဂိုလ်တစ်ဦးနှင့်အထက် အမည်များဖြင့် တွဲဖက်စာရင်းဖွင့်လှစ်ခြင်း

  • နှစ်ဦး(သို့) နှစ်ဦးထက်ပိုသော ပုဂ္ဂိုလ်များတွဲဖက်စာရင်းဖွင့်လှစ်နိုင်ပါသည်။
  • သတ်မှတ်ထားသောလျှောက်လွှာတွင် ဖြည့်စွက်၍ လက်မှတ်ရေးထိုးရမည်။
  • မှတ်ပုံတင်မိတ္တူ(သို့) နိုင်ငံခြားသားဖြစ်ပါက ပတ်စပိုစ်မိတ္တူ
  • ထောက်ခံသူ(၂) ဦး
  • ပူးတွဲစာရင်းများတွင်အပ်ငွေထုတ်မည့်သူကို တိတိကျကျ ရေးသားပေးရမည်။

(တစ်ဦး (သို့) တစ်ဦး (E Or S) ၊ (၃) ဦးအနက် (၂)ဦး ၊ (၂) ဦးစလုံး စသည်ဖြင့် တိတိကျကျ ဖော်ပြပေးရမည်။

Terms & Conditions

ငွေသွင်းငွေထုတ်ပြုလုပ်ခြင်း။

  • ငွေစုဘဏ်စာရင်းစာအုပ်သည်ငွေအသွင်း ၊ အထုတ် နှင့် လက်ကျန်ငွေတို့ကို အတည်ပြုထားသည် ဖြစ်ပါ၍ ငွေစု ဘဏ်စာရင်းစာအုပ်မပါဘဲ ငွေသွင်း ၊ ငွေထုတ်ခွင့်မရှိပါ။ မိမိ၏ စာရင်းထားရှိသော မြန်မာအရှေ့တိုင်း ဘဏ်လီမိတက်ဘဏ်ခွဲများ၌ ငွေကိုကိုယ်တိုင်ထုတ်ယူနိုင်သည့်အပြင် သတ်မှတ်ထားသည့် နည်းလမ်းများဖြင့် ကိုယ်စားလှယ်ဖြင့် ငွေထုတ်ယူနိုင်ပါသည်။

စာရင်းပိတ်ခြင်း။

  • ငွေစုဘဏ်စာရင်းကိုပိတ်လိုပါက ငွေစုဘဏ်စာရင်းစာအုပ်ကို မိမိစာရင်းဖွင့်လှစ်ထားသော ဘဏ်ခွဲတွင်ပြန် လည်ပေးအပ်ပြီး အလွယ်တကူစာရင်းပိတ်နိုင်ပါသည်။ ကျသင့်သောအတိုးနှင့်တကွစာရင်းလက်ကျန်ငွေများကို ဘဏ်မှ ထုတ်ပေးမည်ဖြစ်ပါသည
Two columns
Vertical
Horizontal
Interest Rate Calculator

Savings Account

Amount
Interest Rate
Select value
  • Select value
  • 6.25%
  • 6.50%
  • 7.00%
  • 8.00%
Period
Select value
  • Select value
  • 1 month
  • 2 months
  • 3 months
  • 4 months
  • 5 months
  • 6 months
  • 7 months
  • 8 months
  • 9 months
  • 10 months
  • 11 months
  • 12 months
Total Summary
Name Total
Amount 0
Interest Rate 0
Period 0
Total Interest Ks 0.00
Total Amount Ks 0.00