စုဘူးငွေစုစာရင်း

စုဘူးငွေစုစာရင်း ဆိုသည်မှာ အရွယ်မရောက်သေးသော မွေးကင်းစမှစ၍ အသက် (၁၈) နှစ် အောက် သား၊ သမီး၊ တူ၊ တူမများ ငွေစုဆောင်းသည့် အလေ့အထဖြစ်စေရန်၊ ကလေးငယ်များ၏ လိုအင်ဆန္ဒများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် နှင့် နောင်ရေးစိတ်အေးချမ်းသာယာမှုရရှိစေရန် ‌ရွေးချယ်ထားသောစုဘူး အမျိုးအစားအလိုက် သတ်မှတ်ထားသော ကာလတစ်ခုအတွင်း လစဥ်ပုံမှန် ငွေစုဆောင်းသည့် အစီအစဉ်ဖြစ်ပါ သည်။

Product Features

  • စာရင်းဖွင့်လှစ်ရန်အတွက် ကလေးငယ်သည် အသက် (၁၈) နှစ်အောက်ဖြစ်ရမည်ဖြစ်ပြီး မိဘ(သို့မဟုတ်)အုပ်ထိန်းသူနှင့် တွဲဖက်ဖွင့် လှစ်ရပါမည်။
  • ကနဦးအပ်နှံငွေမှာအနည်းဆုံးကျပ် ၁၀,၀၀၀/- ဖြစ်ပြီး အနည်းဆုံးသက်တမ်းကာလမှာ (၃)နှစ်ဖြစ်သည်။ လစဉ်စုငွေပမာဏနှင့်သက်တမ်း ကာလအား မိမိနှစ်သက်ရာ အဆိုပြုနိုင်ပါသည်။
    ရွေးချယ်နိုင်သည့် စုဘူးငွေစုစာရင်း (၄) မျိုးရှိပါသည် –
Su Boo (small)
လစဥ်စုငွေ – ကျပ် ၁၀,၀၀၀/- သက်တမ်း – (၃) နှစ်
SuBoo (medium)
လစဥ်စုငွေ – ကျပ် ၃၀,၀၀၀/- သက်တမ်း – (၅) နှစ်
Su Boo (large)
လစဥ်စုငွေ – လစဥ်စုငွေ – ကျပ် ၅၀,၀၀၀/- သက်တမ်း – (၁၀) နှစ်
Su Boo (customize)
လစဉ်စုငွေ ပမာဏနှင့် သက်တမ်းအား အဆိုပြုနိုင်ပါသည်။
အတိုးနှုန်းမှာ –
  • တစ်နှစ်လျှင် ၆.၂၅ % ဖြင့် (ငွေကျပ် – ၁၀,ဝ၀ဝ/- မှ ၁၀,ဝ၀ဝ,ဝ၀ဝ/- အတွင်း)
  • တစ်နှစ်လျှင် ၆.၅၀ % ဖြင့် (ငွေကျပ် – ၁၀,ဝ၀ဝ,ဝ၀၁/- မှ ၁၀ဝ,ဝ၀ဝ,ဝ၀ဝ/- အတွင်း)
  • တစ်နှစ်လျှင် ၇.ဝ၀ % ဖြင့် (ငွေကျပ် – ၁၀ဝ,ဝ၀ဝ,ဝ၀၁/- မှ အထက်)
  • Bonus Interest မှာ ၃.ဝ၀% ဖြစ်ပြီး၊ အဆိုပြုကာလ သက်တမ်းပြည့်မှသာ ခံစားခွင့်ရှိပါသည်။
  • အတိုးနှုန်းများကို (၃)လတစ်ကြိမ်ပေးမည်ဖြစ်ပြီး အတိုးကို လစဉ်လဆန်း (၅)ရက်မှ လကုန်အတွင်း အနည်းဆုံးလက်ကျန်ငွေပေါ်တွင် တွက်ပေးပါသည်။
  • မိဘ (သို့မဟုတ်) အုပ်ထိန်းသူသည် အဆိုပြုသော လစဉ်စုငွေပမာဏအား သတ်မှတ်ကာလ ပြီးဆုံးသည်အထိ ပေးသွင်းရန် တာဝန်ယူနိုင် သူဖြစ်ရပါမည်။
  • စုဘူးငွေစုစာရင်း စတင်ဖွင့်လှစ်သည့်လတွင် ပုံမှန်ငွေစုစာရင်းများ ဖွင့်လှစ်သည့် စည်းမျဉ်းစည်းကမ်းအတိုင်း အတိုးခံစားခွင့် ရရှိပါမည်။
  • ရွေးချယ်ထားသော စုဘူးအမျိုးအစားလိုက် စုငွေပမာဏအား လစဉ်ပေးသွင်းရမည်။ (သို့မဟုတ်) ကြိုတင်ပေးသွင်းနိုင်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

  • မိဘ (သို့မဟုတ်) အုပ်ထိန်းသူ၏ မှတ်ပုံတင် မူရင်း၊ မိတ္တူ။
  • အရွယ်မရောက်သေးသူ ကလေး၏ မွေးစာရင်း (သို့မဟုတ်) (၁၀)နှစ်ပြည့် မှတ်ပုံတင် မိတ္တူ။
  • မိဘ (သို့မဟုတ်) အုပ်ထိန်းသူ နှင့် အရွယ်မရောက်သေးသူကလေး တို့၏ အိမ်ထောင်စုစာရင်း မိတ္တူ၊ လိုင်စင်ဓာတ်ပုံ။

Terms & Conditions

ငွေသွင်းငွေထုတ်ပြုလုပ်ခြင်း –
  • စုဘူးငွေစုစာရင်း အတွက် အပ်ငွေများအား ငွေသားဖြင့်သော်လည်းကောင်း၊ စာရင်းပြောင်းနည်းဖြင့် သော်လည်းကောင်း ဖွင့်လှစ်ပေး သွင်းနိုင်ပါသည်။
စာရင်းပိတ်ခြင်း –
  • စုဘူးငွေစုစာရင်းကိုပိတ်လိုပါက စုဘူးငွေစုစာရင်းစာအုပ်ကို မိမိစာရင်းဖွင့်လှစ်ထားသော ဘဏ်ခွဲတွင်ပြန်လည်ပေးအပ်ပြီး အလွယ်တကူစာရင်းပိတ်နိုင်ပါသည်။ သက်တမ်းကာလပြည့်ပါက စုငွေ၊ အတိုးနှင့် Bonus Interest တို့အား စာရင်းပိတ်၍ တပေါင်းတည်း ထုတ်ပေး မည်ဖြစ်ပါသည်။
  • အရွယ်မရောက်သေးသူကလေးပါ ခေါ်ဆောင်လာရမည်ဖြစ်ပြီး၊ မိဘ (သို့မဟုတ်) အုပ်ထိန်းသူမှ လက်မှတ်ရေးထိုး စာရင်းပိတ်ရမည် ဖြစ်ပါသည်။