MOB Card လက်ခံဆောင်ရွက်သောဝန်ဆောင်မှု

POS Terminals

  • Card ဖြင့် ငွေပေးချေမှုများကို လွယ်ကူစွာလက်ခံဆောင်ရွက်နိုင်ရန်အတွက် Merchant (Supermarket, Hotel etc.,) များသို့ MOB မှ Card Type မျိုးစုံ (Visa, Mastercard, Unionpay, JCB & MPU) လက်ခံအသုံးပြုနိုင်သော Electronic Device (POS) များအား တပ်ဆင်ဝန်ဆောင်မှု ပေးလျှက်ရှိပါသည်။
  • POS တပ်ဆင်ထားရှိလိုသည့် ဟိုတယ်များနှင့် စားသောက်ဆိုင်များ ၊ လက်ဝတ်ရတနာဆိုင်များ ၊ လက်လီ အရောင်းဆိုင်များ ၊ ခရီးသွားလာရေး နှင့် ဖျော်ဖြေရေးလုပ်ငန်း အစရှိသည့် လုပ်ငန်းအမျိုးအစား များသည် POS ဝန်ဆောင်မှု အသုံးပြုနိုင်ရန် လျှောက်ထားနိုင်ပါသည်။

POS Terminal လျှောက်ထားခြင်း

  • POS တပ်ဆင်ရန် လျှောက်ထားမည့်သူသည် MOB ၌ ဘဏ်စာရင်းတစ်ခုအား ဖွင့်လှစ်ပေးရမည်။ (Savings / Current / Company Account)
  • MOB နှင့် Merchant သဘောတူညီချက်စာချုပ်ချုပ်ဆိုရမည်။
  • လိုအပ်သောစာရွက်စာတမ်းများအား MOB Card & e-Payment Department သို့ ပေးအပ်ရမည်။
  • POS ထားရှိလိုသည့် လုပ်ငန်းနေရာ ( Shop, Supermarket & Hotel etc.,) ၏ ဓာတ်ပုံ (၂) ပုံ ပေးအပ်ရမည်။ (ဖွင့်လှစ်မည့်နေရာ၏ ဆိုင်းဘုတ် ၊ ပစ္စည်းများခင်းကျင်းထားသော အတွင်းခန်းပုံစံ)

အကျိုးခံစားခွင့်များ

  • အလွယ်တကူငွေပေးချေမှုကို လက်ခံနိုင်သည့် နည်းလမ်းဖြစ်ခြင်း
  • လုပ်ငန်းလုပ်ဆောင်မှုဆိုင်ရာ risk များလျှော့ချနိုင်ခြင်း
  • ပြုလုပ်သည့်ရောင်းချမှုတိုင်းအတွက် မှတ်တမ်းကျန်ရှိခြင်း
  • ငွေသားအသုံးပြုရန်မလိုသည့် ငွေပေးချေမှုပြုလုပ်နိုင်ခြင်း
  • လွယ်ကူအဆင်ပြေမှုရှိခြင်း