မြန်မာအရှေ့တိုင်းဘဏ်

မြန်မာအရှေ့တိုင်းဘဏ်သည် မြန်မာဘဏ္ဍာရေးဆိုင်ရာဥပဒေသများနှင့်အညီပထမဆုံးဖွင့်လှစ်ခဲ့သည့် ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး ၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှစ၍ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို စတင်ခဲ့ပါသည်။ စတင်တည်ထောင်သည့် ပုဂ္ဂိုလ်များမှာ နိုင်ငံပိုင်ဘဏ်များမှ အနားယူထားသည့် ဘဏ်လုပ်ငန်းကျွမ်းကျင်ပညာရှင်များ ၊ ၎င်းတို့၏ ရှယ်ယာအများဆုံးပိုင်ဆိုင်သည့် မိသားစုဝင်များ ၊ ရင်းနှီးသည့် မိတ်ဆွေသူငယ်ချင်းများနှင့် ဆွေမျိုးသင်္ဂဟများဖြစ်ပါသည်။

၂၅ နှစ်တာအတွင်း မြန်မာအရှေ့တိုင်းဘဏ်သည် နိုင်ငံတွင်း၌ ၎င်း၏ စိတ်ချယုံကြည်ရပြီးမြန်ဆန်ကောင်းမွန်သည့် ဝန်ဆောင်မှုများနှင့် ဘဏ်လုပ်ငန်းစဉ်များကို အသုံးချပြီး ပြည်တွင်းဘဏ်လုပ်ငန်းတည်ငြိမ်ကောင်းမွန်စေရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ခဲ့ပါသည်။ မြန်မာအရှေ့တိုင်းဘဏ်သည် နိုင်ငံခြားငွေကြေးများဖြစ်သည့် USD၊ EUR၊ SGD များကို စာရင်းရှင်အပ်ငွေများအဖြစ်လက်ခံပြီး မြန်မာကျပ်ငွေအား စာရင်းရှင်အပ်ငွေ၊ ခေါ်ယူအပ်ငွေစာရင်း၊ ငွေစုဘဏ်စာရင်း၊ စာရင်းသေအပ်ငွေစာရင်း အစရှိသဖြင့် ဘဏ်အပ်ငွေများအား နိုင်ငံအနှံ့အပြားတွင်ရှိသော ဘဏ်ခွဲပေါင်း ၄၇ ဘဏ်တွင်ဝန်ဆောင် မှုပေးလျှက်ရှိပါသည်။ ၎င်းအပြင် အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် ငွေကြေးဆိုင်ရာအထောက်အကူလုပ်ငန်းစဉ်ဖြစ်သည့် စီးပွားရေးဆိုင်ရာချေးငွေများ၊ ယုံကြည်အပ်နှံငွေနှင့် ငွေလွှဲဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။

မြန်မာအရှေ့တိုင်းဘဏ်သည် နိုင်ငံခြားငွေကြေးများနှင့် ပြည်ပဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပထမဦးဆုံးရွေးချယ်ခွင့်ပြုသည့် ဘဏ်များထဲတွင်တစ်ခုအပါအဝင်ဖြစ်ပါသည်။ နိုင်ငံအတွင်း၌ ငွေလဲလှယ်ကောင်တာ များဖွင့်ခွင့်ပြုသည့် ကနဦး ဘဏ် ၆ ခုထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ယခုအချိန်တွင် မြန်မာအရှေ့တိုင်းဘဏ်သည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာ၊ မကွေး၊ ပြည်နှင့် မူဆယ်မြို့များတွင် ငွေလဲလှုယ်ကောင်တာပေါင်း ၂၀ အားဖွင့်လှစ်ထားပြီးဖြစ်ပါသည်။

Myanmar Payment Union ၏ ဦးဆောင်အဖွဲ့ဝင်အဖြစ် နိုင်ငံတွင်း၌ အီလက်ထရောနစ်သုံး ငွေပေးချေသည့်စနစ်များ ပိုမိုတိုးတက် ကောင်းမွန်လာစေရန်အတွက် ATM နှင့် POS debit and credit card ဝန်ဆောင်မှုများအား စတင်မိတ်ဆက်ခဲ့ပါ သည်။ နိုင်ငံတကာဘဏ်များနှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် ငွေလွှဲချိတ်ဆက်အသုံးပြုနိုင်သည့် ဘဏ်ပါတနာပေါင်း ၆၂ ဘဏ်အား ချိတ်ဆက်နိုင်ခဲ့ပါသည်။ မြန်မာအရှေ့တိုင်းဘဏ်သည် Western Union ဖြင့်လည်း လုပ်ငန်းပါတနာအဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး Western Union ၏ချိတ်ဆက်နိုင်ငံပေါင်း ၁၁၁ နိုင်ငံသို့ ငွေလွှဲနိုင်ပြီး ယင်းနိုင်ငံများမှလည်းငွေလက်ခံ ယူနိုင်ပြီဖြစ်ပါသည်။

အဓိကလုပ်ကိုင်သည့် ဘဏ်လုပ်ငန်းစဉ်အပြင် မြန်မာအရှေ့တိုင်းဘဏ်သည် Oriental Leasing Company Limited (OLCL) ကိုလုပ်ငန်းခွဲတစ်ခုအဖြစ် ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ငွေကြေးဆိုင်ရာနှင့်ပတ်သက်သည့် လုပ်ငန်းများအား ချဲ့ထွင်နိုင်ခဲ့ပါ သည်။ ၎င်း OLCL ကုမ္ပဏီ၏ ၉၉% အားမြန်မာအရှေ့တိုင်းဘဏ်မှ ပိုင်ဆိုင်ပါသည်။

အနာဂတ်တွင် ဘဏ်လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် International Finance Corporation (IFC) နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေး ထိုးခဲ့ပြီး ၎င်း၏ Global Trade Finance Program (GTFP) သို့ပူးပေါင်းပါဝင်ခဲ့ပါသည်။ ထိုသို့ပြုလုပ် ခြင်းကြောင့် မြန်မာအရှေ့တိုင်းဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာ ၅ သန်းနှင့်ညီမျှသော ကုန်သွယ်မှုဘဏ္ဍရေးတစ်ခုကိုဖွင့်လှစ် နိုင်ပြီး ဘဏ်အနေဖြင့် IFC ၏ GTFP ဘဏ်ကွန်ယက်ကိုအသုံးပြုပြီး များစွာသော နိုင်ငံတကာဘဏ်များနှင့် ချိတ်ဆက်ဝန်ဆောင် မှုပေးနိုင်ပြီဖြစ်ပါသည်။ ၎င်းအပြင် IFC နှင့်ချုပ်ဆိုထားသော Framework Agreement အရ IFC အနေဖြင့် ဘဏ်၏ အုပ်ချုပ်မှု ပိုင်းဆိုင်ရာနှင့် ကုန်သွယ်ငွေကြေးဆိုင်ရာကိစ္စရပ်များ ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်ရန်အတွက် ပံ့ပိုးကူညီမည်ဖြစ်ပါသည်။

အဓိကဘဏ်လုပ်ငန်းဝန်ဆောင်မှုများ

အပ်ငွေများအား စာရင်းရှင်အပ်ငွေ၊ စာရင်းသေအပ်ငွေ၊ ငွေစုဘဏ်အပ်ငွေစာရင်းနှင့် ခေါ်ယူအပ်ငွေစာရင်းများဖြင့်လက်ခံခြင်း
မြန်မာအရှေ့တိုင်းဘဏ်သည် ငွေစုဘဏ်အပ်ငွေစာရင်းများအတွက် အတိုးနှုန်း ၈.၀ဝ% သတ်မှတ်ထားပြီး စာရင်းသေအပ်ငွေစာရင်း အတွက် ရက် (၃၀) အတွက် ၈.၇၅%၊ ရက် (၉၀) အတွက် ၉.၀ဝ% ၊ ရက် (၁၈၀) အတွက် ၉.၂၅% ၊ ရက် (၂၇၀) အတွက် ၉.၅၀% နှင့် ရက်ပေါင်း (၃၆၅) အတွက်၉.၉.၇၅% သတ်မှတ်ထားပါသည်။ ခေါ်ယူအပ်ငွေစာရင်းအတွက် နေ့စဉ်လက်ကျန်ငွေပေါ်မူတည်ပြီး ၂.၀၀% မှ ၅.၀၀% ကြားဝန်ဆောင်မှုပေးပါသည်။ စာရင်းရှင်အပ်ငွေများအတွက် အတိုးနှုန်းမရှိပါ။

တက္ကသိုလ်ပညာသင်စရိတ်စုငွေပုံစံ (University Education Savings Scheme – UESS)

တက္ကသိုလ်ပညာသင်စရိတ်စုငွေပုံစံအား နိုင်ငံအတွင်းရှိပြည်သူများမှ ငွေစုမှုပုံစံနှင့်ပတ် သက်ပြီးပိုမိုကောင်းမွန်သည့်ငွေစုသည့်ပုံစံ ရရှိစေရန်အတွက် ၂၀၀၂ ခုနှစ်မေလ ၂ ရက်နေ့တွင် စတင်မိတ်ဆက်ဝန်ဆောင်မှုပေးခဲ့ပါသည်။ ရည်ရွယ်ချက်မှာ အသက် ၁၂ နှစ် အောက်ကလေးများအတွက် တက္ကသိုလ်အဆင့်ပညာရေးများရရှိနိုင်ရန်အတွက် ကြိုတင်စီ စဉ်ဆောင်ရွက်ထားသည့် ထောက်ပံ့မှုတစ်ခုဖြစ်ပါသည်။အုပ်ထိန်းသူ (သို့)စောင့်ရှောက် သူအနေဖြင့်ဤစုငွေပုံစံဖြင့် ကလေးရှေ့ပညာရေးအတွက် အထောက်အကူ ရရှိစေရန် ဘဏ်စုငွေစာရင်းတစ်ခုအား ဖွင့်လှစ်ရန်လိုအပ်ပြီး ပုံမှန် တစ်လလျှင် ၅၀၀၀ ကျပ် (အနိမ့်ဆုံး စုငွေ ၅၀၀၀ ကျပ် မှ အမြင့်ဆုံး စုငွေ ၁၀၀၀၀၀ ကျပ်ထိ) ငွေစုနိုင်ပါသည်။ ဤစုငွေပုံစံကို အသုံးပြုခြင်းဖြင့် နှစ်စဉ်ဘဏ်လက်ကျန်ငွေအတွက် ပုံမှန်ရရှိသည့် အတိုးနှုန်းအပြင် ၃% ထပ်မံ ရ ရှိမည်ဖြစ်ပါသည်။ ထိုစုငွေပုံစံမှ နှစ်စဉ်ကျောင်းအပ်ငွေများထုတ်ယူနိုင်ပြီး ကျောင်းဝင်ခွင့်၊ ကျောင်းအပ်နှံခြင်းနှင့်ပတ်သက်ပြီး အထောက်အထားများပြရန်လိုပါသည်။

စီးပွားရေးလုပ်ငန်းရှင်များအတွက် လုပ်ငန်းချေးငွေဝန်ဆောင်မှုပေးခြင်း

လတ်တလောတွင် မြန်မာအရှေ့တိုင်းဘဏ်အနေဖြင့် လုပ်ငန်းချေးငွေနှင့်ပတ်သက်ပြီး တစ်နှစ်ထက်မပိုသည့် ချေးငွေများကို ဝန် ဆောင်မှုပေးလျှက်ရှိပါသည်။ ချေးငွေသည် ငွေချေးယူသူ၏ လုပ်ငန်းမတည်ငွေအတွက် အဓိကချေးပေးခြင်းဖြစ်ပါသည်။ ထိုချေး ငွေအပေါ် အတိုးနှုန်းအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့်အတိုင်း ၉.၀၀% ကောက်ခံလျှက်ရှိပြီး ဝန်ဆောင်မှု အတွက် ၁% ကောက်ခံလျှက်ရှိပါသည်။

ယုံကြည်အပ်နှံငွေ၊ တယ်လီဖုန်းနှင့်လျှပ်စစ်မီတာခများပေးချေသည့်ဝန်ဆောင်မှု

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ယုံကြည်အပ်နှံငွေလက်ခံမှုဝန်ဆောင်မှုကို စတင်ခဲ့ပြီး စတင်ခဲ့သည့်အချိန်မှစ၍ ထင်ရှားစွာတိုးတက်အောင်မြင်ခဲ့ပါသည်။ ယင်းဝန်ဆောင်မှုသည် ဘဏ်အတွက် အဓိက ဝင်ငွေရရှိစေသည့် ဝန်ဆောင်မှုဖြစ်ပြီး OLCL အတွက် သိသာလုံလောက်သော ထောက်ပံ့ငွေများပေးလျှက်ရှိပါသည်။ ဘေလ်ဝန်ဆောင် မှုကိုမူ ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှစတင်ခဲ့ပါသည်။ လျှပ်စစ်မီတာခနှင့် ဖုန်းဘေလ် များဖြည့်ပေးသည့်ဝန်ဆောင်မှုအတွက် ဝန်ဆောင် မှုတစ်ကြိမ်တိုင်းအတွက် ကျပ်၃၀၀ ကောက်ခံဆောင်ရွက်ပေးလျှက်ရှိပါသည်။ အဆိုပါဘေလ်များအတွက် ဘဏ်မှ customer များကိုယ်စား ၎င်းတို့၏ ဘဏ်အကောင့်များမှတဆင့်ပေးချေပေးလျှက်ရှိပါသည်။

ပြည်တွင်းငွေလွှဲဝန်ဆောင်မှု

မြန်မာအရှေ့တိုင်းဘဏ်သည် ၎င်း၏ ဘဏ်ခွဲပေါင်း ၄၅ ဘဏ်နှင့် ပြည်တွင်းပါတနာဘဏ် ၁၂ ဘဏ် (Co-operative Bank, Ayeyarwady Bank, Myawaddy Bank, Global Treasure Bank, Myanmar Citizen Bank, Rural Development Bank, Innwa Bank, Myanmar Microfinance Bank, Shwe Bank and Small & Medium Industries Development Bank, Myanmar Tourism Bank, Mineral Development Bank) တို့ကိုအသုံးပြုပြီး ပြည်တွင်းငွေလွှဲဝန်ဆောင်မှုကို လုပ်ဆောင်လျှက်ရှိပါသည်။မြန်မာအရှေ့တိုင်းဘဏ် သည် Customer Credit Transfer (CCT) ဝန်ဆောင်မှု အားပြည်တွင်းဘဏ်များနှင့် CBM NET ကိုအသုံးပြုပြီး ဝန်ဆောင်မှုပေး လျှက်ရှိပါသည်။

ပြည်ပငွေလွှဲဝန်ဆောင်မှု

အပြည်ပြည်ဆိုင်ရာငွေလွှဲဝန်ဆောင်မှုကုမ္ပဏီဖြစ်သော Western Union နှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံတွင်ပထမဦးဆုံးသော ပြည်တွင်းသို့ငွေလွှဲနှင့် ပြည်ပသို့ငွေလွှဲဝန်ဆောင်မှုကို လုပ်ကိုင်ခဲ့ပါသည်။

ATM၊ POS Debit and Credit Card ဝန်ဆောင်မှုများ

Myanmar Payment Union ၏ ဦးဆောင်အဖွဲ့ဝင်တစ်ဦးအနေဖြင့် မြန်မာအရှေ့တိုင်းဘဏ်သည် debit and credit ကတ်များကို ၎င်း၏ customers များအားထုတ်ပေးလျှက်ရှိပြီး POS terminals များကိုလည်း ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ ဟိုတယ် နှင့်လေကြောင်းလိုင်းများတွင်တပ်ဆင်ပေးလျှက်ရှိပါသည်။ MOB အနေဖြင့် နေရာအနှံ့အပြားတွင် ATM စက်များအား တပ်ဆင် ပေးလျှက်ရှိပါသည်။ MOB သည် Union Payment International (UPI) ထံမှ Member Service and Trademark License အားလည်းရရှိခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းဝန်ဆောင်မှု

MOB သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းဝန်ဆောင် မှုကို လုပ်ကိုင်ရန်အတွက် Authorized Dealer License ခွင့်ပြုမိန့်အား ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် ရရှိခဲ့သည့် အနည်းငယ်သောဘဏ်ထဲတွင် ပါဝင်ခဲ့ပါသည်။ MOB သည် SWIFT communication system ကိုတပ်ဆင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဘဏ်များနှင့်ချိတ်ဆက်သည့် ကွန်ယက်တစ်ခုစတင်ခဲ့ပါသည်။ MOB အနေဖြင့် အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းမျာနှင့် နိုင်ငံတကာအသိအမှတ်ပြုဘဏ်လုပ်ငန်း အဖွဲ့အ စည်းများ၏ ထောက်ပံ့ပေးခြင်းကိုလည်းရရှိခဲ့ပြီး MOB အနေဖြင့် ၎င်း၏ နိုင်ငံခြားဘဏ် လုပ်ငန်းဝန်ဆောင်မှုများကိုချဲ့ထွင်နိုင်ခဲ့ပြီး ပြည်ပသို့ ငွေလွှဲများ၊ ကုန်သွယ်ထောက်ပံ့မှု များနှင့်ပိုင်ဆိုင်မှုလက်ခံခြင်းစသည့်ဝန်ဆောင်မှုများကိုလုပ်ကိုင်နိုင် ခဲ့ပါသည်။