ဘဏ်ဥက္ကဋ္ဌ၏အမှာစကား

မင်္ဂလာပါရှင်

မြန်မာအရှေ့တိုင်းဘဏ်ရဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အစီရင်ခံစာမှ နှုတ်ခွန်းဆက်သ လိုက်ပါတယ်။ မြန်မာအရှေ့တိုင်းဘဏ်သည် ယခုဆိုလျှင် (၂၈)နှစ်ပြည့်ခဲ့ပါပြီ။ ဒီဘဏ္ဍာနှစ်အစမှာ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ Covid-19 ကပ်ရောဂါဖြစ်ပွားပြီး ပထမလှိုင်း၊ ဒုတိယလှိုင်း ခက်ခဲတဲ့အချိန်ကာလတွေမှာ MOB ဘဏ်သည် သာမန်အခြေအနေနဲ့ ရပ်တည်ခဲ့ရပါတယ်။

Covid-19 တတိယလှိုင်းမှာ ကျွန်မတို့ဘဏ်ရဲ့အားကိုးအားထားရတဲ့ Share Holder နဲ့ ဘဏ်ဝန်ထမ်းအချို့ ယင်းတို့၏ မိသားစုဝင်များဆုံးရှုံးခဲ့ရမှုအပေါ် အလွန်ပင်ထိခိုက် ဝမ်းနည်းမိပါ‌ကြောင်း တင်ပြလိုပါတယ်။ ဒီကပ်ရောဂါတွေ ကူးစက်ရောဂါများအပြင်၊လက်ရှိ နိုင်ငံရေးနှင့် စီးပွားရေးအကျပ် အတည်းများသည် ဘဏ်လုပ်ငန်းအပေါ် စိန်ခေါ်မှုများရှိသော်လဲ ဘဏ်လုပ်ငန်းဖြစ်သည့်အတွက် ပြည်သူ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည်ဖြစ်ပြီး တဖက်မှာလည်း ဝန်ဆောင်မှုပေးနေတဲ့ ကျွန်မတို့၏ အလုပ်သမားများကို ကူးစက်ရောဂါမှ ကာကွယ်စောင့် ရှောက်နေစဉ် စီးပွားရေးဆက်လက်တည်တံ့နိုင်စေဖို့အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။

ရောဂါများပြင်းထန်စွာ ဖြစ်ပွားချိန် ဒုတိယလှိုင်း တတိယလှိုင်းအချိန်ကာလများတွင် ဗဟိုဘဏ် လမ်းညွှန်မှုဖြင့် ဘဏ်ဝန်ထမ်းများကို အလှည့်ကျစနစ် (Work Rotation System )ဖြင့် ရုံးတက်စေခြင်း၊ ရုံးလုပ်ငန်းချိန် ကန့်သတ်ခြင်းမရှိဘဲ သင့်တင့်သောလုပ်ငန်းချိန် (Flexi- Working Hour)တို့ဖြင့် ရုံးတက်စေခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဝန်ထမ်းတိုင်းအား ကိုယ်ပိုင်အစီအစဉ်ဖြင့် လည်ကောင်း၊ ဘဏ်အစီအစဉ်ဖြင့်လည်ကောင်း ကာကွယ်ဆေး ထိုးနှံပြီး နောက်တွင် ပုံမှန်အတိုင်း Operation ပြန်လည်လည်ပတ်လျက် ရှိနေပါတယ်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှစလို့ ဘဏ်များအားလုံးနီးတူ အပ်ငွေထုတ်ယူမှု ပမာဏမြှင့်တက်လာခြင်း ဖြစ်ပေါ်ခဲ့ပြီး ငွေသားအပ်နှံခြင်းများ သိသိသာသာကျဆင်းလျက် ရှိလာတာကိုလဲ သိရှိကြမှာဘဲဖြစ်ပါတယ်။ ဘဏ် Operation ဝန်ဆောင်မှုအနေဖြင့် ငွေသားအပ်ငွေများကို လက်ခံထားပြီး ပြန်လည်ထုတ်ယူလိုပါက အကန့်အသတ်မရှိ ထုတ်ယူနိုင်သော Special Call ဟူသည့် ဝန်ဆောင်မှုအား ဗဟိုဘဏ်၏လမ်းညွှန်မှုဖြင့် အခြားဘဏ်များနည်းတူ ၂၀၂၁ခုနှစ် ဧပြီလမှာစတင်ခဲ့ပါတယ်။ ထိုဝန်ဆောင်မှုမှအပ မူလအပ်နှံထားသော ငွေစုစာရင်း အပ်ငွေစာရင်းများမှ ငွေသား ထုတ်ယူမှုကိုတော့ ဘဏ်ရဲ့ဝင်‌ငွေ အပ်ငွေအခြေအနေပေါ်မူတည်ပြီး ကန့်သတ်ခဲ့ပါတယ်။

Customer များ၏ ငွေသားထုတ်ယူခြင်း ကိစ္စရပ်များကို Online Token စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှုတွေအပြင် ပြည်ပငွေ လွှဲခြင်းများ နိုင်ငံခြားငွေလဲလှယ်ခြင်းတွေ ကိုလည်း ဗဟိုဘဏ်စည်းမျဉ်း စည်းကမ်းအတိုင်း ဝန်ဆောင်မှုပေးရာမှတဆင့် ဘဏ်ဝင်ငွေရရှိအောင် ဆောင်ရွက် လျက်ရှိပါတယ်။ လက်တလော ဘဏ်လည်ပတ်မှု အနေဖြင့် ၄၇ဘဏ်ဖြင့်သာ လုပ်ငန်း လည်ပတ်လျက် ရှိပါတယ်။ ATM ဝန်ဆောင်မှုများအနေဖြင့် ဘဏ်ခွဲတိုင်းတွင်ရှိသော ATM များတွင်သာ ဝန်ဆောင်မှုပေးနေပြီး Public Area များမှာတော့ ATM ဝန်ဆောင်မှုကို ခေတ္တရပ်နားထားပါတယ်။

ဒီငွေကြေးနှစ်မှာ ကျွန်တော်တို့ရဲ့ အဓိက အောင်မြင်မှုတွေထဲက တစ်ခုကတော့ Dai-ichi Life အာမခံမြန်မာနဲ့ မဟာဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စတင်ခြင်းပါပဲ။ လတ်တလောမှာ ဗဟိုဘဏ်နှင့် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (FRD) တို့မှ Corporate Agent အဖြစ် လုပ်ကိုင်ခွင့် လိုင်စင်ရရှိပြီးဖြစ်ပြီး MOB နဲ့ Dai-ichi Life Insurance Myanmar ရဲ့ပူးပေါင်းမှုကနေပြီး MOB Bank အတွက်အကျိုးကျေးဇူးတွေ အနေဖြင့်အနာဂတ် ကို ကာကွယ် စောင့်ရှောက်ရန်၊ ကူညီရန် ဘဏ္ဍာရေး ဆိုင်ရာ အထောက်အပံ့ကောင်းများ ပေးနိုင်လိမ့်မည် ဖြစ်သည်။ ဒိုင်-အီချီမှတစ်ဆင့် ဘဏ်အနေဖြင့် ဖောက်သည်များနှင့် အဓိပ္ပာယ်ပြည့်ဝသောဆက်ဆံရေးများ တည်ဆောက်ကာ အရည်အသွေးပြည့်ဝကေင်းမွန်သော အာမခံအရောင်းယဉ်ကျေးမှုတစ်ခုကို အစပြုနိုင်ခဲ့ပြီဘဲဖြစ်ပါတယ်။

နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲလာမှုများကတော့ ဘဏ်Customerများရဲ့ အချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းထားနိုင်ဖို့အတွက် နည်းပညာထိန်းချုပ်မှု အခန်းကဏ္ဍမှာ အရေးကြီးလှတဲ့ ISO ရရှိအောင် Target ထားဆောင်ရွက်လျက်ရှိပါတယ် တဖက်မှာလဲ Core Banking System ကို ပိုမိုအားကောင်းအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ် ထို့အပြင်ဗဟိုဘဏ်၏ ညွှန်ကြားမှုဖြင့် ငွေကြေးခဝါချသည့် ကိစ္စရပ်များကို လွယ်လင့်တကူ ဆောင်ရွက်နိုင်ရန်အတွက် KYC Software ကိုစတင်အသုံးပြုနေပါတယ် ယခင်နှစ်များတွင် Target ထားဆောင်ရွက်ခဲ့သော Digital Banking Platform အတွက် ယခုလထဲမှာဘဲ Mobile Banking Pilot Run စတင်နိုင်ရန် အဆင်သင့်ဖြစ်နေပြီး နောင်မကြာတော့တဲ့အချိန်မှာ အသုံးပြုနိုင်တော့မှဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် အခက်အခဲအကြပ်တည်းများကြားကနေ ယနေ့အချိန်ထိ ရပ်တည်နိုင်အောင်ပံ့ပိုးကူညီ ပေးပါသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဘယ်လိုအနေအထား ဘယ်လိုအခက်ခဲဖြစ်ဖြစ် အကောင်းဆုံး ဖြတ်ကျော်နိုင်အောင် အလေးထားအကြံပေး ဦးဆောင်ပေးကြတဲ့ ဘဏ်ဒါရိုက်တာများ၊ MOB ဘဏ်ရဲ့ လေးစား အားထားရသော Shareရှင်များ၊ လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းများ၊ ဘဏ်ရဲ့ ရာထူးအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင် နေကြသောဝန်ထမ်းများ၊ ဘဏ်အပေါ်ယုံကြည်သက်ဝင်၍သစ္စာရှိသော ဘဏ်Customerများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

လာမယ့်နှစ်မှာ ပျော်ရွှင်မှုတွေနဲ့ ကျန်းမာနိုင်ပါစေလို့ဆုတောင်းပေးပါတယ်။