PAYMENT ORDER

ဌာန / အဖွဲ့အစည်း / ပုဂ္ဂိုလ်များသို့ ငွေပေးချေရန်အတွက် ဘဏ်မှငွေပေးအမိန့်လက်မှတ် Payment Order ကို ရောင်းချပေးပါသည်။ ငွေပေးအမိန့်လက်မှတ်သည် ဝယ်ယူသူမှ ငွေပေးသွင်းပြီးမှသာ ထုတ်ပေးခြင်းဖြစ်သည့် အတွက် ယင်းငွေ ပေးအမိန့်အား တင်ပြတောင်းခံပါက ဘဏ်မှငွေထုတ်ပေးရန် လုံးဝတာဝန်ယူရသည့် ယုံကြည်စိတ် ချရဆုံးသော အာမခံချက်ပင်ဖြစ်သည်။

ငွေပေးအမိန့်လက်မှတ် ဝယ်ယူခွင့်လျှောက်လွှာတွင် ပေးချေရမည့် ဌာန / အဖွဲ့အစည်း / ပုဂ္ဂိုလ်အားရေးသား ဖော်ပြရမည်။ ပေးချေရမည့် ငွေပမာဏနှင့်ဘဏ်ဝန်ဆောင်ခကို ဖော်ပြလျှက် ဝယ်ယူသူမှ အမည် / မှတ်ပုံတင်အမှတ် / နေရပ်လိပ်စာ ဖော်ပြလျှက် လက်မှတ်ရေးထိုးရမည်။

ဝန်ဆောင်ခနှုန်း

  • ကျပ် ၁၀၀/- လျှင် ၁၀ ပြားနှုန်းဖြင့် တွက်ချက်၍ကောက်ခံပါမည်။
  • မှတ်ချက်: အနည်းဆုံး ကျပ် ၁၀၀/- နှင့် အများဆုံး ကျပ် (၃၀,၀၀၀/-) ထက်မပိုသည့် ပမာဏကို ကောက်ခံသွား မည်ဖြစ်ပါသည်။