SUPPLY CHAIN FINANCING

အဓိပ္ပါယ်ဖွင့်ဆိုချက်

(၁)ကုန်သွယ်မှုဝန်ဆောင်မှုလုပ်ငန်းသည် လုပ်ငန်းရှင်များ (Corporate )နှင့် ပစ္စည်း/ကုန်စည်ပေးသွင်းသူ (Suppliers) (သို့မဟုတ်) ဝယ်ယူသူ (Buyer )တို့၏ ငွေပေးချေမှုများအတွက် ဘဏ်မှကြားခံပြီး ကာလတိုချေးငွေဝန်ဆောင်မှုပေးခြင်းဖြစ်ပါသည်။
ကုန်သွယ်မှုဝန်ဆောင်မှုလုပ်ငန်းအတွက် မူလတာဝန်ရှိသူမှာ လုပ်ငန်းရှင် (Corporate) နှင့် ပစ္စည်း/ကုန်စည် ပေးသွင်းသူ (Suppliers) (သို့မဟုတ်) ဝယ်ယူသူ (Buyer)တို့ဖြစ်ပြီး အဆိုပါချေးငွေများအတွက် ဘဏ်သို့လုံလောက်သော အာမခံအပေါင်ပစ္စည်း(သို့) အာမခံချက်များ (Guarantee) ကို တင်သွင်းထားရှိရပါမည်။

(၂) လုပ်ငန်းရှင်(သို့) ကုန်ပစ္စည်းပေးသွင်းသူများ ရွေးချယ်သတ်မှတ်ခြင်း

(က) လုပ်ငန်းရှင် (Corpotate) (သို့) ပစ္စည်း/ကုန်စည်ပစ္စည်းပေးသွင်းသူ (Supplier) များသည်ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်မှုကာလ အနည်းဆုံး (၃)နှစ်နှင့်အထက်ရှိသော လုပ်ငန်းအဖွဲ့အစည်းဖြစ်ရပါမည်။

(ခ)  ခွင့်ပြုချေးငွေပမာဏ (သို့) အပ်နှံငွေပမာဏကျပ် (၁၀၀)သန်းနှင့်အထက်ရှိသူဖြစ်ရပါမည်။

(ဂ)  လုပ်ငန်းဝန်ဆောင်မှုအလိုက်သက်ဆိုင်ရာနယ်ပယ်တွင်အမည်ကောင်းရှိပြီးအောင်မြင်သောတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ရပါမည်။

(ဃ) လုပ်ငန်းရှင်(Corpotate )(သို့)ပစ္စည်း/ကုန်စည်ပစ္စည်းပေးသွင်းသူ(Supplier) များသည်၎င်းတို့နှင့် ဆက်သွယ်ဆောင်ရွက်သည့်ပစ္စည်း/ကုန်စည်ဝယ်ယူသူအရေအတွက် (၁၀)ဦးနှင့်အထက်ရှိသူဖြစ်ရပါမည်။

(င)  လုပ်ငန်းရှင်(Corpotate )(သို့)ပစ္စည်း/ကုန်စည်ပစ္စည်းပေးသွင်းသူ(Supplier) ၏ဘဏ္ဍရေးလုပ်ငန်း အောင်မြင်မှုအကျိုးအမြတ်ရရှိသည့်အနေအထားရှိရပါမည်။

ချေးငွေကာလ

  • ၁ လမှ ၁၂ လ

အတိုးနှုန်းနှင့် ဝန်ဆောင်ခနှုန်းထား

အတိုးနှုန်း တစ်နှစ်လျှင် (၁၄%)
Documentation Fees (၁.၀၀%)
Penalty Fee 14%
နောက်ကျကြေး  (၅၀၀၀) ကျပ်

လိုအပ်သော စာရွက်စာတမ်းများ

လုပ်ငန်းရှင် (Corporate) (သို့) ပစ္စည်း/ကုန်စည်ပစ္စည်းပေးသွင်းသူ(Supplier) သည် ကုမ္ပဏီ ၊ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းဖြစ်ပါက

  • လုပ်ငန်းရှင်(သို့)ပစ္စည်း/ကုန်စည်ပစ္စည်းပေးသွင်းသူ၏လျှောက်လွှာ
  • သက်တမ်းရှိလုပ်ငန်းလိုင်စင်မိတ္တူ
  • သက်တမ်းရှိ Company မှတ်ပုံတင်လက်မှတ်နှင့်သွင်းကုန်/ထုတ်ကုန်လိုင်စင်
  • ဒါရိုက်တာအဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်
  • အရှုံးအမြတ်စာရင်းနှင့်လက်ကျန်ရှင်းတမ်း (အနီးဆုံးဘဏ္ဍရေးနှစ်အပါအဝင် (၃)နှစ်စာ)
  • အမြတ်ခွန်ပြေစာ (၃)နှစ်စာ)
  • မှတ်ပုံတင်နှင့်အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ၊ဓါတ်ပုံ (၁)ပုံ
  • ရောင်းချလိုသည့်ပစ္စည်း/ကုန်စည်အမျိုးအမည်၊ ဈေးနှုန်း၊ အရေအတွက်နှင့် လစဉ်ရောင်းချလိုသည့် ကုန်စည် တန်ဖိုး ကိုဖော်ပြရန်
  • ပစ္စည်း/ကုန်စည်၏ ဓါတ်ပုံနှင့်အဆောက်အဦဓါတ်ပုံများ
  • ပစ္စည်း/ကုန်စည်ကို ဝယ်ယူတင်သွင်းခဲ့သည့် အထောက်အထားများ
  • ရောင်းချမည့်ပစ္စည်း / ကုန်စည်သည် မော်တော်ယာဉ်များနှင့် စက်ယန္တရားများဖြစ်ပါက
  • စီးပွား / ကူးသန်းဝန်ကြီးဌာန ၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ စီးပွားရေး အကျိုးဆောင် လက်မှတ်။
  • မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ မော်တော်ယာဉ် အရောင်း စင်တာ ဖွင့်လှစ်ရောင်းချခွင့်လက်မှတ်။
  • ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ မော်တော်ယာဉ်အရောင်းဌာန မှတ်ပုံတင် လက်မှတ်
  • မော်တော်ယာဉ်အမျိုးအစား Chassis အမှတ်၊ Model အမှတ်များပါရှိသောဓါတ်ပုံ Catalogue နှင့်ရောင်း ချမည့် မော်တော်ယာဉ်အမျိုးအစား၊ဈေးနှုန်း၊ အရေအတွက်နှင့် လစဉ်ရောင်းချ လိုသည့် ပမာဏတန်ဖိုး ကိုအတည်ပြုတင်ပြရပါမည်။
  • စက်ရုံ / အလုပ်ရုံ အရောင်းစင်တာဓါတ်ပုံနှင့်ဂိုဒေါင်ဓါတ်ပုံများ
  • Company Corporate Profile
  • ဘဏ်တွင်စာရင်းရှင်အပ်ငွေစာရင်း (Current A/C) ဖွင့်လှစ်ရန်
  • လုပ်ငန်းရှင် (သို့) ကုန်စည်ပေးသွင်းသူများမှ ကုန်စည်ဝယ်ယူသူများအတွက်အာမခံသူ (Guarantor) အဖြစ် လက်မှတ်ရေးထိုးရန်ဖြစ်ပါသည်။

လုပ်ငန်းရှင် (Corporate) (သို့) ပစ္စည်း/ကုန်စည်ပစ္စည်းပေးသွင်းသူ(Supplier) သည် လူပုဂ္ဂိုလ်ဖြစ်ပါက

  • လုပ်ငန်းရှင်(သို့)ပစ္စည်း/ကုန်စည်ပစ္စည်းပေးသွင်းသူ၏လျှောက်လွှာ
  • သက်တမ်းရှိလုပ်ငန်းလိုင်စင်မိတ္တူ
  • အရှုံးအမြတ်စာရင်းနှင့်လက်ကျန်ရှင်းတမ်း (အနီးဆုံးဘဏ္ဍရေးနှစ်အပါအဝင် (၃)နှစ်စာ)
  • အမြတ်ခွန်ပြေစာ (၃)နှစ်စာ
  • မှတ်ပုံတင်နှင့်အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ၊ဓါတ်ပုံ (၁)ပုံ
  • ရောင်းချလိုသည့်ပစ္စည်း/ကုန်စည်အမျိုးအမည်၊ ဈေးနှုန်း၊ အရေအတွက်နှင့် လစဉ်ရောင်းချလိုသည့် ကုန်စည် တန်ဖိုး ကိုဖော်ပြရန်
  • ပစ္စည်း/ကုန်စည်၏ ဓါတ်ပုံနှင့်အဆောက်အဦဓါတ်ပုံများ
  • ပစ္စည်း/ကုန်စည်ကို ဝယ်ယူတင်သွင်းခဲ့သည့် အထောက်အထားများ
  • ရောင်းချမည့်ပစ္စည်း / ကုန်စည်သည် မော်တော်ယာဉ်များနှင့် စက်ယန္တရားများဖြစ်ပါက
  • စီးပွား / ကူးသန်းဝန်ကြီးဌာန ၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ စီးပွားရေး အကျိုးဆောင် လက်မှတ်။
  • မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ မော်တော်ယာဉ် အရောင်း စင်တာ ဖွင့်လှစ်ရောင်းချခွင့်လက်မှတ်။
  • ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ မော်တော်ယာဉ်အရောင်းဌာန မှတ်ပုံတင် လက်မှတ်
  • မော်တော်ယာဉ်အမျိုးအစား Chassis အမှတ်၊ Model အမှတ်များပါရှိသောဓါတ်ပုံ Catalogue နှင့်ရောင်း ချမည့် မော်တော်ယာဉ်အမျိုးအစား၊ဈေးနှုန်း၊ အရေအတွက်နှင့် လစဉ်ရောင်းချ လိုသည့် ပမာဏတန်ဖိုး ကိုအတည်ပြုတင်ပြရပါမည်။
  • စက်ရုံ / အလုပ်ရုံ အရောင်းစင်တာဓါတ်ပုံနှင့်ဂိုဒေါင်ဓါတ်ပုံများ
  • Business Profile
  • ဘဏ်တွင်စာရင်းရှင်အပ်ငွေစာရင်း (Current A/C) ဖွင့်လှစ်ရန်
  • လုပ်ငန်းရှင် (သို့) ကုန်စည်ပေးသွင်းသူများမှ ကုန်စည်ဝယ်ယူသူများအတွက်အာမခံသူ (Guarantor) အဖြစ် လက်မှတ်ရေးထိုးရန်ဖြစ်ပါသည်။