JICA SME နှစ်ဆင့်ချေးငွေ ဝန်ဆောင်မှုလုပ်ငန်း

မြန်မာအရှေ့တိုင်းဘဏ်လီမိတက်သည် ပြည်တွင်း တိုင်းရင်းသားများ၏ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ကုန်ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်စေရန်၊တိုင်းပြည် စီးပွားရေး ကြီးပွား ဖွံ့ဖြိုး တိုးတက်စေရန်၊ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်းဖြင့် စက်မှုနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပါသည်။

ပြည်တွင်းအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် JICA SME နှစ်ဆင့်ချေးငွေ စီမံကိန်းတွင် MOB ဘဏ်အနေဖြင့် ငွေရေးကြေးရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်သည့် အဖွဲ့အစည်းအဖြစ် တည်ဆဲချေးငွေ မူဝါဒ များနှင့်အညီ စိစစ်ပြီး အရည်အသွေးပြည့်မီသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ချေးငွေများ ထုတ်ချေး ခွင့်ပြုလျက်ရှိပါသည်။

ဘဏ်ချေးငွေ အမျိုးအစား (Type of Loan)

  • ပုံမှန်ချေးငွေ (အာမခံပစ္စည်းရယူပြီး ထုတ်ချေးခြင်း)
  • အပေါင်ပစ္စည်း အခြေအနေဖြေလျော့ခြင်းအတွက်ချေးငွေ (အာမခံအပေါင်ပစ္စည်း ၁၀၀% ရယူခြင်းမရှိ ဘဲ ထုတ်ချေးခြင်း (သို့မဟုတ်) Credit Guarantee Insurance (CGI) ဖြင့် ထုတ်ချေးခြင်း
  • ဂျပန်ကုမ္ပဏီများနှင့်စီးပွားရေး လုပ်ဆောင်သော လုပ်ငန်းများအတွက် ချေးငွေ

ချေးငွေသက်တမ်း

အသေးစားနှင့်အလတ်စားချေးငွေသက်တမ်းသည် ချေးငွေ လျှောက်ထားသူ၏ လုပ်ငန်းအမျိုးအစား၊ချေးငွေ အမျိုးအစား၊ လုပ်ငန်းအခြေအနေများပေါ်တွင် အခြေခံ၍ ဘဏ်မှ အနည်းဆုံး သက်တမ်း ၁ နှစ်ကျော်မှ အများဆုံးသက်တမ်း (၅) နှစ်အထိ စိစစ်ထုတ်ချေးခွင့်ပြုမည်ဖြစ်ပါသည်။

အတိုးနှုန်းနှင့်ဝန်ဆောင်ခနှုန်းထား

ချေးငွေ အမျိုးအစား အတိုးနှုန်း
JICA SME Two Step Loan (Secure) ၅.၅၀%
JICA SME Two Step Loan (Unsecure) ၅.၅၀% မှ ၁၀ %

ချေးငွေလျှောက်ထားခွင့် ရှိသူများ

အသေးစားနှင့် အလတ်စား ချေးငွေဝန်ဆောင်မှု လျောက်ထားသူသည် အသက် (၁၈) နှစ်ပြည့်ပြီး တည်ဆဲဥပဒေ နှင့် အညီ SME လုပ်ငန်းများကို လုပ်ကိုင်နေသည့် လူပုဂ္ဂိုလ် များနှင့် ကုမ္ပဏီ အဖွဲ့အစည်းများဖြစ်ရပါမည်။ ယင်းတို့သည် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ မှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိထားသူ များဖြစ်ရပါမည်။ ထို့အပြင် SME Member Card ရှိသူများကို ဘဏ်မှ ဦးစားပေး စိစစ်ရွေးချယ် ဝန်ဆောင်မှုပေးသွားမည်။

JICA SME နှစ်ဆင့်ချေးငွေလျှောက်ထားသူများသည် မတည်ငွေရင်း၊ ရင်းနှီးမြှုပ်နှံမှုကို အကျိုးဖြစ်ထွန်းစေသည့် ကနဦး လုပ်ငန်းလည်ပတ်ရင်းနှီးငွေ အပြင် အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှု နှင့် စွမ်းဆောင်ရည် တိုးမြင့်စေရန် စက်ပစ္စည်း၊စက်ကိရိယာများ၊ ကုန်လှောင်ရုံများနှင့် စက်ရုံ အဆောက်အဦ စသည့်ငွေလုံးငွေရင်း ၊ကုန်ပစ္စည်း များဝယ်ယူမည့် မတည်ငွေနှင့် ရင်းနှီးမြှုပ်နှံ မှုများအတွက် ဘဏ်မှ ဦးစားပေး စိစစ်ရွေးချယ်ပြီး ဝန်ဆောင်မှုပေးသွားမည်။

ချေးငွေလျှောက်ထားခွင့် မရှိသူများ

  • လယ်သမားများ SME Member Card ကိုင်ဆောင်ထားသော်လည်း
  • အိမ်၊ ခြံ၊ မြေနှင့် သက်ဆိုင်သော လုပ်ငန်းများ
  • ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်းများ
  • သတ္တုရောင်းဝယ်ရေး လုပ်ငန်းများ
  • အရက်ဆိုင်နှင့်ပျော်ပွဲစားရုံလုပ်ငန်းများ
  • ဖြေဖျော်မှုလုပ်ငန်းများ
  • တင်ဆက်မှုလုပ်ငန်းများ
  • လက်နက်၊ခဲယမ်းမီးကျောက်ရောင်းဝယ်ရေးလုပ်ငန်းများ
  • လူမှုရေးရာတည်ငြိမ်မှုကိုထိခိုက်စေသော လုပ်ငန်းများ

အသေးစားနှင့် အလတ်စားချေးငွေ ထုတ်ချေးခြင်း မပြုရန်ချမှတ်ထားသော မူဝါဒများ

  • နိုင်ငံတော်မူဝါဒ များ၊ဥပဒေ များနှင့် ဆန့်ကျင်သည့် လုပ်ငန်းလုပ်ကိုင်သူများ
  • အမြတ်ကြီးစားရန်ရည်ရွယ်၍ ကုန်လှောင်စေ◌ျးကစားသူများ
  • အတိုးနှုန်းကြီးစွာဖြင့် ငွေချေးစားသူများ
  • စီးပွားရေးတွက်ချေမကိုက်သော လုပ်ငန်းရှင်များ
  • အကျင့်စာရိတ္တမကောင်းသူများ

မြန်မာအရှေ့တိုင်းဘဏ်လီမိတက် အနေဖြင့် JICA SME နှစ်ဆင့်ချေးငွေ အတွက် အောက်ဖော်ပြပါ လုပ်ငန်းအမျိုးအစား များနှင့် ကိုက်ညီသူများကို ဦးစားပေးစိစစ်၍ ချေးငွေဝန်ဆောင်မှု ဆောင်ရွက်ပေးသွားပါမည်။

  • ထုတ်လုပ်မှုလုပ်ငန်း
  • လုပ်အားအခြေပြုလုပ်ငန်း (သို့မဟုတ်) လက်ခစားလုပ်ငန်းများကို အဓိကလုပ်ကိုင်နေသော လုပ်ငန်း
  • လက်ကားရောင်းဝယ်ရေးလုပ်ငန်း
  • လက်လီရောင်းဝယ်ရေးလုပ်ငန်း
  • ဝန်ဆောင်မှုပေးသော လုပ်ငန်း
  • အခြားလုပ်ငန်း

အာမခံအပေါင်ပစ္စည်းများ

  • မြေနှင့်အဆောက်အဦး၊ စက်ရုံ၊ အလုပ်ရုံများ
  • ကုန်ပစ္စည်းများ
  • ရွှေနှင့်ရွှေထည်ပစ္စည်းများ
  • မော်တော်ယာဥ် ၊ စက်ပစ္စည်းနှင့် စက်ယန္တရားများ
  • ဘဏ်အပ်ငွေစာရင်း လက်ကျန်များ
  • နိုင်ငံတော်မှရရန်ရှိ ကြွေးမြီစာရင်းများ

JICA SME နှစ်ဆင့်ချေးငွေ လျှောက်ထားသူလိုအပ်ချက်များ

ချေးငွေ လျှောက်ထားသူသည် လူပုဂ္ဂိုလ်ဖြစ်ပါက

  • လုပ်ငန်းလိုင်စင် မိတ္တူ(၂)စုံ
  • အရှုံးအမြတ်စာရင်း နှင့် လက်ကျန်ရှင်းတမ်း (အနီးဆုံး ဘဏ္ဍာရေးနှစ် အပါအဝင် (၂)နှစ်စာ နှစ်စုံ)
  • အမြတ်ခွန်ပြေစာမိတ္တူ ( အနီးဆုံး ဘဏ္ဍာရေးနှစ် အပါအဝင် (၂)နှစ်စာ နှစ်စုံ)
  • လုပ်ငန်းဓာတ်ပုံ ( လုပ်ငန်းလည်ပတ်နေပုံ၊ ကုန်ကြမ်း /ကုန်ချော ဓါတ်ပုံ များ၊ လုပ်ငန်းအဆောက်အဦးဓါတ်ပုံ နှင့်ရုံးခန်းဓါတ်ပုံများ)
  • မြေပိုင်မြေ၊ ဘိုးဘပိုင်မြေ၊ မြေငှားဂရန် ပိုင်ဆိုင်မှုနှင့် သက်ဆိုင်သော မှတ်ပုံတင် စာချုပ်များနှင့် ဆက်စပ်စာချုပ်များ မိတ္တူ (၂)စုံ
  • တစ်နှစ်အတွင်းထုတ်ယူထားသော ဘဏ်ငွေချေးရန်မြေပုံ နှင့် မြေရာဇဝင် (ပုံစံ-၁၀၅/၁၀၆ ) မိတ္တူ(၂)စုံ
  • မြေငှားဂရန် ဖြင့်အပေါင်ပြုပါက နောက်ဆုံးဆောင်ထားသော မြေခွန်ပြေစာ
  • အာမခံအဆောက်အဦ ဓာတ်ပုံများ (ရှေ့၊နောက်၊ဘေး၊ ဝဲ၊ ယာ၊ အတွင်းပုံ ၊ အထပ်လိုက်ပုံများ )
  • အဆောက်အဦသစ်ဆောက်လုပ်ပြီးပါက လူနေထိုင်ခွင့်ပြုမိန့် ၊ (BCC မိတ္တူ(၂)စုံ)
  • အသေးစားနှင့် အလတ်စားအသင်းဝင်ကတ် (SME Member Card)

ချေးငွေ လျှောက်ထားသူသည် ကုမ္ပဏီ အဖွဲ့အစည်း (သို့မဟုတ်) ကုမ္ပဏီ လုပ်ငန်းဖြစ်ပါက

  • သက်တမ်းရှိ ကုမ္ပဏီ မှတ်ပုံတင် လက်မှတ်နှင့် ထုတ်ကုန် ၊သွင်းကုန်လိုင်စင်
  • ဒါရိုက်တာအဖွဲ့၏ အစည်းအ‌ဝေး ဆုံးဖြတ်ချက်
  • သင်းဖွဲ့စည်းမျဥ◌်း နှင့်သင်းဖွဲ့မှတ်တမ်း
  • အရှုံးအမြတ်စာရင်းနှင့် လက်ကျန်ရှင်းတမ်း
  • အမြတ်ခွန်ပြေစာများ
  • ကုမ္ပဏီ၏ Profile (ရှိပါက)
  • ကုမ္ပဏီ၏ နိုင်ငံခြားငွေစာရင်း နှင့် မြန်မာကျပ်ငွေစာရင်း ငွေသွင်း/ထုတ် (၁) နှစ် အတွက် ဘဏ်ရှင်းတမ်း(Bank Statement)
  • သွင်းကုန်/ထုတ်ကုန် အထောက်အထား များကို ပူးတွဲတင်ပြရမည်။
  • အသေးစားနှင့်အလတ်စားအသင်းဝင်ကတ် (SME Member Card)