CERTIFIED CHEQUE

ဘဏ်အာမခံချက်လက်မှတ် ( Certified Cheque ) ဆိုသည်မှာ လူပုဂ္ဂိုလ် အချင်းချင်းသော်လည်ကောင်း ၊ စီးပွားရေး လုပ်ငန်းကိစ္စရပ်များအတွက် ငွေပေးချေရန်အတွက်သော်လည်ကောင်း ၊ ဌာနဆိုင်ရာအချို့သို့ငွေပေးသွင်း ရန်အတွက်သော် လည်းကောင်း ငွေသားများသယ်ဆောင်ပေးချေခြင်းအစား ၊ certified cheque ဖြင့် ပေးချေ ခြင်းဖြင့် ငွေသားသယ်ဆောင်ရ ခြင်း ၊ စာရင်းတွင် ငွေလက်ကျန် လုံလောက်ကြောင်းဘဏ်မှ အာမခံထားပေးခြင်းတို့ကြောင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်စိတ်ချစွာဖြင့် လျှင်မြန်စွာ ငွေပေးချေမှု ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

  • ဘဏ်အာမခံချက်လက်မှတ် (Certified Cheque) ရယူလိုသူသည် ဘဏ်တွင် စာရင်းရှင်စာရင်း ဖွင့်လှစ်ထား ရပါမည်။
  • Certified ပြုလုပ်လိုသည့် ချက်လက်မှတ်အား ဘဏ်သို့တင်ပြပြီး ၊ မိမိ၏ အပ်ငွေစာရင်းမှ Certified ပြုလုပ်ပေးရမည့် ချက်လက်မှတ်ပါ ငွေပမာဏနှင့် ဘဏ်ကော်မရှင်ကိုနုတ်ယူရန် လျှောက်ထားရမည်။
  • Certified Cheque သက်တမ်းကာလပြုလုပ်သည့်နေ့မှစတင်၍ (၃၀) ရက် သက်တမ်းရှိပါသည်။
  • သက်တမ်းကုန်ဆုံးပါက ထပ်မံ၍ (၃၀) ရက် သက်တမ်းတိုးဆောင်ရွက်ခွင့် တစ်ကြိမ် ပြုလုပ်နိုင်ပါသည်။
  • Certified Cheque ပယ်ဖျက်လိုပါက လျှောက်ထားသူ စာရင်းပိုင်ရှင်ကိုယ်တိုင် ပယ်ဖျက်ခွင့်ကို လျှောက်ထား နိုင်သည်။

ဝန်ဆောင်ခနှုန်း

  • ကျပ် ၁၀၀/- လျှင် ၅/– ပြားနှုန်း
  • အနည်းဆုံး ကျပ် – ၁၀၀၀/-
  • အများဆုံး ကျပ် – ၅၀၀၀/-
  • သက်တမ်းတိုးမြှင့်ပေးခြင်းအတွက် ဝန်ဆောင်ခ ပေးရန်မလိုပါ။