အထွေထွေသုံးဘေလ်ဝန်ဆောင်မှု
ဘဏ်စာရင်းကို အသုံးပြုပြီး သင်၏ ဖုန်းဘေလ်များနှင့် အခြား ဘေလ်များအား ပေးချေလိုက်ပါ။
Product Features
- ဖုန်းဘေလ်ဝန်ဆောင်မှု: ADSL, Fax, Email, Yadanarpon Teleport, GSM, CDMA,IP Data, Auto Phone
- ဖုန်းဘေလ်ပေးဆောင်မှု တစ်ခုအတွက်ဝန်ဆောင်ခ – ၅၀၀ ကျပ် နှင့် မီတာဘေလ်ပေးဆောင်မှုတစ်ခုအတွက် ဝန်ဆောင်ခ –၁၀၀ ကျပ်
- စာရင်းထဲတွင် ဘေလ်ပေးဆောင်ရန်အတွက်ငွေပမာဏလုံလောက်မှုမရှိပါက ဘဏ်မှ စာရင်းပိုင်ရှင် ထံသို့ (၂) ကြိမ်တိုင်ဆက်သွယ်မည်ဖြစ်ပါသည်။
- ပေးချေရန်ငွေမလုံလောက်သည့်အခါများတွင် ဘဏ်မှ စာရင်းပိုင်ရှင်၏ကိုယ်စား (၁) ကြိမ်သာကြိုတင် ပေးသွင်းပေးထားမည်ဖြစ်ပါသည်။ ( မီတာ)
- လက်ကျန်ငွေပမာဏမလုံလောက်မှုအတွက် MOB မှ ပေးချေပေးရသည့် အကြိမ်တိုင်းအတွက် တစ်ကြိမ်လျှင် နေ့စဉ် ၂ % နှင့် ၅၀၀ ကျပ် အား ကောက်ခံယူပါမည်။
- ဘဏ်မှလစဉ် ဘေလ်ပေးချေမှုရှင်းတမ်းထုတ်ပေးမည်ဖြစ်ပါသည်။
- ဘေလ်ပေးချေမှုအား ရပ်ဆိုင်းလိုပါက (၁) လကြိုတင်အကြောင်းကြားရမည်။
- MPT အတွက်ကြိုတင်ပေးသွင်းငွေ – တစ်ကြိမ်လျှင် ၅၀၀ ကျပ်
လိုအပ်သောစာရွက်စာတမ်းများ
- စာရင်းရှင်အပ်ငွေစာရင်း
- ဖုန်းစာအုပ် မူရင်း (သို့မဟုတ်) မိတ္တူ (Auto, ADSL, Fax, Email)
- ဖုန်းစာအုပ် မိတ္တူ (GSM)
- နောက်ဆုံးပေးသွင်းခဲ့သည့် လျှပ်စစ်မီတာဘေလ်