
မြန်မာအရှေ့တိုင်းဘဏ်(MOB) မှ အတိုးနှုန်း ၈% ခံစားခွင့်ရရှိမည့် ငွေသားသီးသန့်ဖြင့် အပ်နှံစုဆောင်း သော ငွေစုဘဏ်အပ်ငွေစာရင်းများကို MOB ဘဏ်ခွဲအားလုံးတွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ဖွင့်လှစ်နိုင်ပြီဖြစ်ပါသည်။
ယခင်ဖွင့်လှစ်ထားရှိသော Special Saving Deposit Account နှင့် Saving Deposit Account များကိုလည်း ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ အောက်ဖော်ပြပါအတိုင်း အတိုးနှုန်းများ တိုးမြှင့်ပြင်ဆင် သတ်မှတ် ထားပါသည်။
Saving Deposit Account (Cash Account) ငွေသားသီးသန့်အပ်ငွေစာရင်း – အတိုးနှုန်း ၈%
(၁.၂.၂၀၂၂)နေ့မှစတင်ဖွင့်လှစ်သော ငွေသားသီးသန့် ကျပ် ၁၀,၀၀၀/-နှင့်အထက် အပ်ငွေများ
Special Saving Deposit Account (အထူးငွေစုဘဏ်အပ်ငွေစာရင်း)
ကျပ် ၁၀,၀၀၀/- မှ ၁၀,၀၀၀,၀၀၀ ထိ – အတိုးနှုန်း ၆.၂၅%
ကျပ် ၁၀,၀၀၀,၀၀၁ မှ ၁၀၀,၀၀၀,၀၀၀ ထိ – အတိုးနှုန်း ၆.၅%
ကျပ် ၁၀၀,၀၀၀,၀၀၁ နှင့်အထက် – အတိုးနှုန်း ၇%
Saving Deposit Account (ငွေစုဘဏ်အပ်ငွေစာရင်း)
ကျပ် ၁၀,၀၀၀/- မှ ၁၀,၀၀၀,၀၀၀ ထိ – အတိုးနှုန်း ၆.၂၅%
ကျပ် ၁၀,၀၀၀,၀၀၁ မှ ၁၀၀,၀၀၀,၀၀၀ ထိ – အတိုးနှုန်း ၆.၅%
ကျပ် ၁၀၀,၀၀၀,၀၀၁ နှင့်အထက် – အတိုးနှုန်း ၇%
ပြင်ဆင်သတ်မှတ်လိုက်သည့် ခေါ်ယူအပ်ငွေစာရင်း အတိုးနှုန်းမျာကို (၁.၂.၂၀၂၂ ) မှစ၍ ရရှိခံစားနိုင်ပါသည်။