
နိုင်ငံသားစိစစ်ရေးကတ်အတုဆိုတာဘာလဲ?
နိုင်ငံသားစိစစ်ရေးကတ်အတုဆိုတာ တရားမဝင်သော လုပ်ဆောင်ချက်တစ်ခုကို ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် တုပထားသည့် စာရွက်စာတမ်းတစ်ခု ဖြစ်ပါတယ်…
နိုင်ငံသားစိစစ်ရေးကတ်အတုအား ဒုစရိုက်သမားများက မည်သို့အသုံးချနေကြသလဲ?
ဒုစရိုက်သမားများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်အတုအားအသုံးချပြီး…
– ငွေစာရင်း (Account) များ၊ Digital Banking များ (ဥပမာ- E-wallet များ) ဖွင့်လှစ်၍ ပြစ်မှုကျူးလွန်ရာမှ ရရှိသည့် ငွေကြေးများ လွှဲပြောင်းခြင်း၊
-တယ်လီဖုန်း SIM Card မှတ်ပုံတင်ရာတွင် အသုံးပြု၍ မိမိ၏ ကိုယ်ရေး အချက်အလက်များ ဖုံးကွယ်ခြင်း၊
-နိုင်ငံသားစိစစ်ရေးကတ်အတုများဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်း (Account) များကို အသုံးပြု၍ လျှို့ဝှက်ငွေကြေး (Crypto Currency) များဝယ်ယူခြင်းများ အစရှိသည့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်လျှက်ရှိပါတယ်…
နိုင်ငံသားစိစစ်ရေးကတ်ကို တလွဲအသုံးချခြင်းမှ ဘယ်လိုကာကွယ်ကြမလဲ?
နိုင်ငံသားစိစစ်ရေးကတ်ကို တလွဲအသုံးချခြင်းမှ ကာကွယ်ရန်အတွက်…
မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား တရားဝင်လုပ်ငန်းကိစ္စရပ်များမှတစ်ပါး အခြားသူတစ်ဦးတစ်ယောက်ထံ မပေးပါနှင့်၊
မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား မလိုအပ်ပဲ မိတ္တူကူး၍ မသက်ဆိုင်သူထံ ပေးအပ်ခြင်း မပြုပါနှင့်၊
နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက်အလက်များကို အွန်လိုင်းပေါ်တွင် မျှဝေခြင်း များမပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်…
မိဘပြည်သူ Customer များအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် အွန်လိုင်း လိမ်လည်မှု အန္တရာယ်များအား သတိပြု သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (MFIU) မှ ထုတ်ပြန်ထားသည့်
ဆောင်ပုဒ်များအား ဖော်ပြပေးလိုက်ရပါတယ်…
“မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ကို မျှဝေခြင်းသည် မိမိကိုယ်ကို အန္တရာယ်ပေးခြင်း နှင့်တူသည်”
“မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ခြင်းသည် မိမိ၏ တာဝန်ဖြစ်သည်”
“နိုင်ငံသားစိစစ်ရေးကတ်အတုများသည် သင့်အား အမှုအခင်းပြဿနာများထဲသို့ ဆွဲခေါ်နိုင် သည်၊ သတိထားပါ”
“စစ်မှန်သောနိုင်ငံသားစိစစ်ရေးကတ်ဖြင့်သာ နိုင်ငံသားအဖြစ် ဂုဏ်ယူပါ”
“နိုင်ငံသားစိစစ်ရေးကတ်အတုများကို သုံးစွဲသူများသည် ရာဇဝတ်မှုတွင် ပါဝင်နေပါသည်”
“နိုင်ငံသားစိစစ်ရေးကတ်အတုများကို သုံးစွဲခြင်းသည် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေနိုင် သည်”
နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် အွန်လိုင်းလိမ်လည်မှု အန္တရာယ်များမှ ကင်းဝေးစေရန် အသိပေး လက်ကမ်းစာစောင်များကိုလည်း အောက်ပါ Link မှတဆင့် ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်ရှင်…