၃၃ နှစ်တိုင်… အမြဲအတူ
“စုလေ ထူးလေ” ကံစမ်းမဲအစီအစဉ်
ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များသည် MOB Bank ၃၃ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ပြုလုပ် ကျင်းပသော ၃၃ နှစ်တိုင်အမြဲအတူ “စုလေ ထူးလေ” ကံစမ်းမဲအစီအစဉ် အတွက် သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းသတ်မှတ်ချက်များ ဖြစ်ပါသည်။
ဤစည်းကမ်းသတ်မှတ်ချက်များသည် Campaign တွင် ပါဝင်ကံစမ်းလိုသော Customer များအနေဖြင့် လိုက်နာရမည့် သတ်မှတ်ချက်များဖြစ်ပြီး Campaign တွင် ပါဝင်ခြင်းသည် အောက်ဖော်ပြပါ စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များကို ဖတ်ရှုနားလည်ပြီး သဘောတူညီခြင်းပင်ဖြစ်ပါသည်။
(က) အဓိပ္ပာယ်ဖွင့်ဆိုချက်များ
၁။ “(၆) လ Fixed Deposit” ဆိုသည်မှာ MOB Bank တွင် သတ်မှတ်ထားသော သက်တမ်း (၆) လ ဖြင့် ဖွင့်လှစ်အပ်နှံထားသော Fixed Deposit (စာရင်းသေအပ်ငွေ) ကိုရည်ညွှန်းပါသည်။
၂။ “Customer” ဆိုသည်မှာ MOB Bank ၏ ဝန်ဆောင်မှုတစ်မျိုးမျိုးကို အသုံးပြုနေသော သုံးစွဲသူများကို ရည်ညွှန်းပါသည်။
၃။ “ဘဏ်” သို့မဟုတ် “MOB Bank” ဆိုသည်မှာ Myanmar Oriental Bank Limited ကို ရည်ညွှန်းပါသည်။
၄။ “စုလေ ထူးလေ” ကံစမ်းမဲအစီအစဉ် ဆိုသည်မှာ MOB Bank ၏ ၃၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားသော Fixed Deposit အစီအစဉ်တွင် ပါဝင်သူများအား သတ်မှတ်ထားသော ဆုလက်ဆောင်များ ကံစမ်းမဲဖောက်ပေးအပ်မည့် အစီအစဉ်ကို ရည်ညွှန်းပါသည်။
၅။ “သတ်မှတ်ထားသော ကာလ” သို့မဟုတ် “Campaign Period” ဆိုသည်မှာ Customer များ “စုလေ ထူးလေ” ကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်မည့် သတ်မှတ်ထားသော ကာလဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ ညနေ (၃:၀၀) နာရီအထိ ဖြစ်ပါသည်။
၆။ “ကံစမ်းမဲလက်မှတ်” ဆိုသည်မှာ သတ်မှတ်ချက်များနှင့် ကိုက်ညီသော Customer များအား MOB Bank မှ ပေးအပ်မည့် Digital Lucky Draw ခံစားခွင့်လက်မှတ်ကို ရည်ညွှန်းပါသည်။
(ခ) Campaign အစီအစဉ်များ
၁။ “စုလေ ထူးလေ” ကံစမ်းမဲအစီအစဉ် တွင် Campaign ကာလအတွင်း MOB Bank ၌ (၆) လ သက်တမ်းရှိ Fixed Deposit အသစ် ဖွင့်လှစ်အပ်နှံသူများ ပါဝင်ကံစမ်းနိုင်ပါသည်။
၂။ Fixed Deposit အပ်နှံငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၁၁% (11% p.a) ရရှိမည်ဖြစ်ပါသည်။
၃။ Fixed Deposit သက်တမ်းပြည့်သည့်နေ့တွင် သက်ဆိုင်ရာအတိုးငွေကို ထည့်သွင်းပေးမည်ဖြစ်ပါသည်။
၄။ ကံစမ်းမဲလက်မှတ် ရရှိနိုင်ရန်အတွက် အနည်းဆုံးအပ်နှံရမည့်ပမာဏမှာ ကျပ်သိန်း (၅၀) ဖြစ်ပါသည်။
(ဂ) ဆုလက်ဆောင်များ
“စုလေ ထူးလေ” ကံစမ်းမဲအစီအစဉ်တွင် အောက်ပါဆုလက်ဆောင်များကို ကံစမ်းမဲဖောက် ပေးအပ်သွားမည် ဖြစ်ပါသည်။
- ပထမဆု – EV B10 (၁) စီး
- ဒုတိယဆု – iPhone 18 (၂) လုံး
- တတိယဆု – ရွှေပြား (၅) ဆု
(ဃ) “စုလေ ထူးလေ” ကံစမ်းမဲအစီအစဉ်အတွက် သတ်မှတ်ချက်များ
၁။ Campaign ကာလအတွင်း (၆) လ သက်တမ်းရှိ Fixed Deposit အသစ် ဖွင့်လှစ်အပ်နှံသူများသည် “စုလေ ထူးလေ” ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခွင့်ရရှိမည်ဖြစ်ပါသည်။
၂။ MOB Bank တွင် အနည်းဆုံး ကျပ်သိန်း (၅၀) ဖြင့် (၆) လ Fixed Deposit ဖွင့်လှစ်အပ်နှံပါက Digital Lucky Draw ခံစားခွင့် (၁) စောင် ရရှိမည်ဖြစ်ပါသည်။ ကျပ်သိန်း (၅၀၀) အပ်နှံပါက ကံစမ်းမဲလက်မှတ် (၁၀) စောင် ရရှိမည်ဖြစ်ပါသည်။
၃။ Fixed Deposit အပ်နှံသည့်အချိန်တွင် Customer အား Fixed Deposit Certificate ထုတ်ပေးမည်ဖြစ်ပြီး ရရှိမည့် ကံစမ်းမဲအရေအတွက်ကို Mobile SMS ဖြင့် အသိပေးပေးမည်ဖြစ်ပါသည်။
၄။ Customer များသည် မိမိတို့ရရှိထားသော ကံစမ်းမဲလက်မှတ်အရေအတွက်နှင့် လက်မှတ်နံပါတ်များကို MOB Mobile Banking App မှတဆင့် ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်ပါသည်။
၅။ ကံစမ်းမဲဖောက်ခြင်းအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
၆။ ကံထူးရှင်များ၏စာရင်းကို MOB Bank ၏ Official Website နှင့် Official Social Media Pages ဖြစ်သည့် Facebook၊ TikTok နှင့် Viber တို့မှတဆင့် တရားဝင်ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။
၇။ ကံထူးရှင်များအား MOB Bank မှ တိုက်ရိုက်ဆက်သွယ်၍ ဆုရရှိကြောင်း အကြောင်းကြားပေးမည် ဖြစ်ပါသည်။
၈။ Campaign ကာလ မကုန်ဆုံးမီ သို့မဟုတ် သတ်မှတ်ထားသော Fixed Deposit သက်တမ်း ၆ လ မပြည့်မီ ငွေပြန်လည်ထုတ်ယူခွင့်ပြုမည်မဟုတ်ပါ။
၉။ ရရှိထားသော ဆုလက်ဆောင်များကို အခြားသူတစ်ဦးထံသို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် ငွေသားဖြင့် လဲလှယ်ရယူခြင်း ပြုလုပ်၍ မရပါ။
(င) အထွေထွေစည်းကမ်းချက်များ
၁။ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းချက်များနှင့် ကိုက်ညီသော Customer များကိုသာ Campaign တွင် ပါဝင်ခွင့်ပြုမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီသူများအား ကံစမ်းမဲလက်မှတ်များ ပေးအပ်သွားမည် ဖြစ်ပါသည်။
၂။ Customer များအနေဖြင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို MOB Bank နှင့် MOB Bank မှ တာဝန်ပေးအပ်ထားသော သက်ဆိုင်ရာအဖွဲ့အစည်းများမှ လိုအပ်သည့်အတိုင်း အသုံးပြုနိုင်ရန် သဘောတူညီ ရမည်ဖြစ်ပါသည်။
၃။ ဆုလက်ဆောင်များ ရယူနိုင်ရန်အတွက် Customer များသည် အသက် (၁၈) နှစ်နှင့်အထက် ဖြစ်ရမည်ဖြစ်ပါ သည်။
၄။ MOB Bank သည် မမျှော်မှန်းနိုင်သော အခြေအနေများ သို့မဟုတ် အခြားလိုအပ်ချက်များကြောင့် လိုအပ်ပါက ကြိုတင်အသိပေးအကြောင်းကြား၍ Campaign ၏ စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် Campaign အစီအစဉ်ကို ရပ်ဆိုင်းခြင်း ပြုလုပ်ပိုင်ခွင့် ရှိပါသည်။
၅။ MOB Bank ဝန်ထမ်းများသည် ယခု Campaign တွင် ပါဝင်ခံစားခွင့် မရှိပါ။
၆။ ဤ Campaign၊ ကံစမ်းမဲအစီအစဉ်နှင့် ဆုလက်ဆောင်များနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက MOB Bank ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပြီး အပြီးသတ်ဆုံးဖြတ်ချက်အဖြစ် သတ်မှတ်မည်ဖြစ်ပါသည်။
