မြန်မာအရှေ့တိုင်းဘဏ်(MOB) တွင် ဖွင့်လှစ်ထားသော အပ်ငွေစားရင်း(ဟောင်း)များမှ Online Booking စနစ်ဖြင့် ငွေသားထုတ်ယူနိုင်သည့် ပမာဏ တိုးမြှင့်ပေးနေပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
မြန်မာအရှေ့တိုင်းဘဏ်လီမိတက်(MOB) အနေဖြင့် ဝန်ဆောင်မှုများပိုမိုကောင်းမွန်စေရန်အတွက်နည်းပညာဆိုင်ရာအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်မည်ဖြစ်ပါသဖြင့် ATM, POS နှင့် E-commerce ဝန်ဆောင်မှုများအား (၂၈.၅.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀ဝ) နာရီမှ မွန်းလွဲ (၂:၀ဝ) နာရီအထိ ခေတ္တယာယီအသုံးပြုနိုင်မည်မဟုတ်ပါကြောင်း MOB Customer များအားလေးစားစွာကြိုတင်အသိပေးအပ်ပါသည်။ အဆင်မပြေမှုများအတွက်အနူးအညွှတ်တောင်းပန်အပ်ပါသည်။
ယခုအခါ Covid-19 Omicron မျိုးစိတ်သည် ကူးစက်နှုန်းမြန်ဆန်ပြီး ဖြစ်ပွားမှုနှုန်းမှာလည်း MOHS စစ်ဆေး တွေ့ရှိချက်အရ တစ်နေ့ထက်တစ်နေ့ များပြားလာသည့်အတွက် Covid-19 Omicron ကူးစက်ပျံ့ပွါးမှုမှ စနစ်တကျကြိုတင် ကာကွယ်သင့်ပါသည်။
မြန်မာအရှေ့တိုင်းဘဏ်(MOB) မှ အတိုးနှုန်း ၈% ခံစားခွင့်ရရှိမည့် ငွေသားသီးသန့်ဖြင့် အပ်နှံစုဆောင်း သော ငွေစုဘဏ်အပ်ငွေစာရင်းများကို MOB ဘဏ်ခွဲအားလုံးတွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ဖွင့်လှစ်နိုင်ပြီဖြစ်ပါသည်။ ယခင်ဖွင့်လှစ်ထားရှိသော Special Savings Deposit Account နှင့် Savings Deposit Account များကိုလည်း ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ အောက်ဖော်ပြပါအတိုင်း...
မြန်မာအရှေ့တိုင်းဘဏ်(MOB) မှ အတိုးနှုန်း ၇% ခံစားခွင့်ရရှိမည့် ငွေသားသီးသန့်ဖြင့် အပ်နှံစုဆောင်း သော ခေါ်ယူအပ်ငွေစာရင်းများကို MOB ဘဏ်ခွဲအားလုံးတွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့မှစ၍ ဖွင့်လှစ် နိုင်ပြီဖြစ်ပါသည်။ ယခင်ဖွင့်လှစ်ထားရှိသော Special Call Deposit Account နှင့် Call Deposit Account များကိုလည်း အောက် ဖော်ပြပါ အတိုးနှုန်းများအတိုင်း...
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့ မှစ၍ Fixed Deposit (စာရင်းသေအပ်ငွေစာရင်း) အတိုးနှုန်းများကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်ပါကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါသည်။ စာရင်းသေအပ်ငွေစာရင်း (စာရင်းဟောင်း) – ကျပ်သိန်း(၁,၀၀၀) အောက် (၃၀)ရက် အတိုးနှုန်း – ၆.၅၀% (၉၀)ရက် အတိုးနှုန်း – ၇.၀၀% (၁၈၀)ရက် အတိုးနှုန်း – ၇.၅၀%...
မြန်မာအရှေ့တိုင်းဘဏ်(MOB)၏ (၁၈.၁၁.၂၀၂၁) နေ့တွင် ကျရောက်မည့် (၂၈) ကြိမ်မြောက် နှစ်ပတ်လည် အခါသမယတွင် မိတ်ဟောင်း မိတ်သစ် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူ စာရင်းပိုင်ရှင်များအားလုံး၊ မိတ်ဖက် ပြည်တွင်းပြည်ပ အဖွဲ့စည်းများအားလုံးကို အထူးကျေးဇူးတင်လျက် ရောဂါအန္တရာယ်များကင်းဝေးပြီး ပိုမိုကောင်းမွန်သောအနာဂါတ်များဆီသို့ လျှောက်လှမ်းနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ကုန်ပစ္စည်းများရောင်းခြင်း၊ ဝယ်ခြင်း၊လွှဲပြောင်းခြင်းအတွက် ငွေပေးချေမှု၊ ဝန်ဆောင်မှုအတွက် ငွေပေးချေမှုနှင့် အခြားငွေပေးချေမှုများပြုလုပ်ရာတွင် POS များတွင် MOB MPU Card များဖြင့်ပေးချေခြင်းဖြင့်သော်လည်းကောင်း၊ Payment Order ငွေပေးအမိန့်လွှာများဖြင့်သော်လည်းကောင်း၊ Certified Cheque များဖြင့်သော်လည်းကောင်း၊ Account Transfer (MOB စာရင်းအချင်းချင်း)သော်လည်းကောင်း၊ CBM Net: CCT (Customer Credit Transfer) (MOB...
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏ရောဂါဓါတ်ခွဲစစ် ဆေးမှု အဖြေထုတ်ပြန်ချက်များအရ Covid-19 ကူးစက်ရောဂါပိုး Positive တွေ့ရှိရသောလူဦးရေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ရုံးချုပ်ဘဏ်ခွဲ၊ဌာနများနှင့် ဘဏ်ခွဲအသီးသီးတို့ရှိ အရာထမ်း၊ဝန်ထမ်းများ အန္တရာယ်ကင်းစွာ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ရုံးချုပ်နှင့် ဘဏ်ခွဲအသီးသီးနှင့် အသုံးပြုလျက်ရှိသော ဘဏ်ပိုင် မော်တော်ယာဉ်များအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းအား နေ့စဉ်မပျက်မကွက် (မပျက်မကွက်) ဆောင်ရွက်ခဲ့ပါသည်။
မြန်မာအရှေ့တိုင်းဘဏ် (MOB) သည် မိမိဘဏ်ဝန်ထမ်းများနှင့် Customers များအား ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာအရှေ့တိုင်းဘဏ် (MOB) ဝန်ထမ်းများကို Customers များအား ဝန်ဆောင်မှုပေးရာတွင် ရောဂါကူးစက်မှုမှ ကင်းဝေးပြီး ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျှက်ရှိပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ • Prevention is better than cure...