ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏ရောဂါဓါတ်ခွဲစစ် ဆေးမှု အဖြေထုတ်ပြန်ချက်များအရ Covid-19 ကူးစက်ရောဂါပိုး Positive တွေ့ရှိရသောလူဦးရေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ရုံးချုပ်ဘဏ်ခွဲ၊ဌာနများနှင့် ဘဏ်ခွဲအသီးသီးတို့ရှိ အရာထမ်း၊ဝန်ထမ်းများ အန္တရာယ်ကင်းစွာ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ရုံးချုပ်နှင့် ဘဏ်ခွဲအသီးသီးနှင့် အသုံးပြုလျက်ရှိသော ဘဏ်ပိုင် မော်တော်ယာဉ်များအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းအား နေ့စဉ်မပျက်မကွက် (မပျက်မကွက်) ဆောင်ရွက်ခဲ့ပါသည်။
မြန်မာအရှေ့တိုင်းဘဏ် (MOB) သည် မိမိဘဏ်ဝန်ထမ်းများနှင့် Customers များအား ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာအရှေ့တိုင်းဘဏ် (MOB) ဝန်ထမ်းများကို Customers များအား ဝန်ဆောင်မှုပေးရာတွင် ရောဂါကူးစက်မှုမှ ကင်းဝေးပြီး ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျှက်ရှိပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ • Prevention is better than cure...